ကျမ်းသစ္စာဆိုရမည့် စာသားပြုပြင်ပြီးမှသာ NLD လွှတ်တော်တက်မည်ဟုဆို

 ကြားဖြတ်ရွေးကောက်ပွဲတွင် ရာခိုင်နှုန်းအများစု အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာဆိုရမည့် စာသား ပြုပြင်ပြီးမှသာ လွှတ်တော် တက်ရောက်နိုင်ဖွယ် ရှိကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က ပြောကြားသည်။”ခုချိန်ထိတော့ သွားဖို့ မရှိသေးဘူး။ တာဝန်ရှိတဲ့သူတွေနဲ့တော့ အချိန်နဲ့အမျှ ညှိနေတယ်။ မပြင်ပေးလို့တော့ မရဘူး ထင်တယ်” ဟု ၄င်းက ဆက်လက် ပြောကြားသည်။

နေပြည်တော်၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် မတက်ရောက်ရန် ရာခိုင်နှုန်း ပိုများကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧပြီလ ၂ဝရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းတွင် ပြောကြားခဲ့သည်။

“ကျွန်မတို့က လွှတ်တော်ကို Boycott လုပ်တာ မဟုတ်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ သုံးနာရီအချိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

NLD ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုရမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာ ဆိုချက် ပုံစံတွင် ဖော်ပြပါရှိသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်” ဆိုသည့် စကားရပ်အစား “လေးစားလိုက်နာပါမည်” ဟု ပြင်ဆင်ရန် အဆိုပါပါတီက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

NLD ပါတီ ပြင်ဆင်စေလိုသည့် အချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ ဖြစ်နေသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှု ရှိမှသာ ပြင်ဆင်နိုင်ဖွယ် ရှိပြီး အဆိုပါ အချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြီး ကတည်းက တစ်ပါတည်း ပြင်ဆင်ပေးရမည့် အချက်ဖြစ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

The Voice Weekly

ကျမ်းသစ္စာဆိုရမည့် စာသားပြုပြင်ပြီးမှသာ NLD လွှတ်တော်တက်မည်ဟုဆို ကျမ်းသစ္စာဆိုရမည့် စာသားပြုပြင်ပြီးမှသာ NLD လွှတ်တော်တက်မည်ဟုဆို Reviewed by သစ်ထူးလွင် on 17:30 Rating: 5

20 comments:

Anonymous said...

ကျွန်တော်တို့လူငယ်တွေအတွက်တော့ နိုင်ငံရေး အားပြိုင်မှု တို့၊ နိုင်ငံရေး အားစမ်းမှုတို့၊ ပိုပြီးလေ့လာဖြစ်တာပေါ့ဗျာ။ ရောင်စုံ သောင်းကျန်းသူ ဆိုတဲ့ အသုံးအနှုန်းတွေကော ရောင်စုံနိုင်ငံရေး ဆိုတဲ့ဝေါဟာ၇တွေကော ပိုပြီးနားလည်ရတာပေါ့။ ၂၃ ရက်နေ့ညနေပိုင်းသတင်း ကိုရင်ခုံရင်းစောင့်ကြည့်ရတာပေါ့။
နှစ်ဖက်စလုံးကို ကျေးဇူးတင်ပါတယ်။

Unknown said...

ဇယား ၄ က စာသားတွေတင်မဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံတစ်ခုလုံး ပြင်ရမှာ။ ဇယား ၄ က စာသားကို မပြင်လို့ NLD က လွှတ်တော်မတတ်ဘူး ဆိုရင် သူတို့မှန်ပါတယ်။ ဒီအသေးအဖွဲလေးကိုတောင် မပြင်ပေးနိုင်ရင် ဒီထက် ကြီးတာတွေဆိုရင်တော့ စဉ်းစားသာ ကြည့်ကြပါ။

a said...

မှန်ကန်တဲ့ဆုံးဖြတ်ချက်အတွက်NLD ကိုအထူးကျေးဇူးတင်ပါတယ်။

Naing Lin Zaw said...

အင်း ဒီတစ်ခေါက်တော့ ကြံခိုင်ရေးပါတီရဲ့ ပြည်သူ့အပေါ်နဲ့ တိုင်းပြည်တိုးတတ်စေးချင်တဲ့ စိတ်ထားရှိမရှိဆိုတာကို ကြည့်ရတော့မယ်ထင်တယ် တကယ်လို့ဒီဥပဒေကပြင်ဆင်သင့်တယ် ထင်ရင် ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ အပြောင်းအလဲလိုချင်တယ် ဆိုရင်တော့ ကိုယ်စာလှယ်တွေအနေနဲ့ ထောက်ခံသင့်တယ် လို့ထင်ပါတယ်... စောင့်ကြည့်နေပါတယ် ပြည်သူတစ်ယောက်အနေနဲ့ ဘာတွေဖြစ်လာမလဲ ဆိုတာကို

နိုင်နိုင်စနေ။ said...

ကျွန်တော်အမြင်ကတော့
NLDလွတ်တော်ထဲကိုတကယ်ရောက်ခိုင်းစေချင်တယ်
အတွင်းစည်းရောက်မှလည်းကိုတိုက်ချင်တဲ့တိုက်ကွက်တွေကို
တကွက်ချင်းပုံဖေါ်လို့ရတယ်။
လွတ်တော်မတက်ပဲအပြင်ကနေပြီးတိုက်နေရင်တော့
ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလိုမျိုးဖြစ်နေတော့မယ်
ကြိုးဝိုင်းထဲဝင်ပြီးတိုက်ရင်
ပြည်သူတွေရဲ့အားပေးသံကိုလက်ခုတ်လက်ဝါးတီးပြီးသောသောညံအောင်
ကြားရမယ်။ပြည်သူတွေရဲ့အားပေးသံနဲ့ပါတီတိုက်ကွက်မှန်ခဲ့ရင်
ဒိုင်လုပ်တဲ့သူကလည်းဘန်းလို့မရတော့ဘူး
အပြင်မှာလေလေးနဲ့ကလေးလိုတိုက်နေသရွေ့ကတော့
တဘက်ကတော့လာထားကေလို့ပဲ့ပြောနေမှာပဲ့
သူတို့ဘက်ကတော့
ပြောထားသလိုပဲ့နောက်မဆုတ်ဘူးတဲ့
ဘယ်သူပါသည်ဖြစ်စေမပါသည်ဖြစ်စေဆက်လုပ်မှာပဲ့
ကျွန်တော်တို့နိုင်ငံရေးပါးဝတတ်ဖို့လိုလာပြီ
နိုင်ငံတော်ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးတုန်းက
ကျွန်တော်တို့မကြေနပ်လို့ အစည်းအဝေးခန်းကနေ
အပြင်ထွက်လာခဲ့တယ်။
ကဲ
သူတို့ဘာလုပ်လည်းဆက်လုပ်တာပဲ့။
မဟုတ်လား။
ကျွန်တော်တို့ဘာဖြစ်သွားလည်း
တကယ်ရွေးကောက်ပွဲလုပ်တော့သူတို့ဘက်ကနေရာများစွာရသွားတာပဲ့
အဖတ်တင်တယ်။
တကယ်လို့များ
အဲဒီတုန်းအချိန်လေးကတည်းကမထွက်လာပဲ
ဆက်ပြီးတင်းခံထားမယ်ဆိုရင်
အခုဆိုလွတ်တော်ထဲမှာအမတ်နေရာဟာ
နင်လားငါလားဖြစ်နေတော့မှာ
အခုတော့...ဘာပဲ့လုပ်လုပ်မဲခွဲဆုံးဖြတ်မလား
သူတို့ကိုမဲပေးဖို့အတွက်အိပ်ငိုက်နေတဲ့အစိမ်းတွေက
နှစ်ဆယ့်ငါးရာနှုံးရှိတယ်။
ကျွန်တော်တို့ဘက်ကပါးပါးလေးပဲ့။
ဘာဖြစ်ဖြစ်လွတ်တော်ကိုတက်သင့်တယ်။
တချိန်လေးတုန်းက အကြောင်းလေးတချက်ကြောင့်
NLD ပါတီနောက်ကျကျန်ခဲ့ရတယ်
ကျွန်တော်တို့ဖြတ်လမ်းကလိုက်မှမှီတော့မယ်
လှေကြီးထိုးရိုးရိုးနည်းတွေလုပ်မနေပါနဲ့တော့
.....
နပိုလီယံကသူ့စစ်သားတွေကိုပြောသလိုပဲ့
မနက်ဖန်ငါတို့တိုက်မဲ့တိုက်ပွဲမှာအာဇာနည်ရလျှင်ရ
မရရင်တော့အာဇာနည်ကုန်းသွားရမယ်ကဲ
တိုက်ရဲလားရဲဘော်တို့...လို့မေးသလို..

ကဲမနက်ဖန်..
လွတ်တော်ထဲမှာငါတို့လိုချင်တဲ့ဥပဒေတွေကိုပြင်ဆင်ခွင့်ရအောင်
ငါတို့လွတ်တော်တက်ကိုတက်မှရမယ်
မတက်ရင်တော့ပြည်သူတွေလိုချင်တဲ့လမ်းကြောင်းကိုငါတို့ဘယ်
တော့မှလုပ်မပေးနိုင်တော့ဘူးလို့....
အားတင်းပြီး

မနက်ဖန်လွတ်တော်ထဲကိုသွားလိုက်ကြပါဗျာ။
အနူးအညွတ်တောင်းဆိုပါတယ်။

nandamoemoe said...

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ မရွတ်ဆိုနိုင်တဲ့အတွက် လွှတ်တော်ထဲ မဝင်ဘူးဆိုရင် ကာကွယ်စောင့်ရှောက်ပါမည်လို့ ရွတ်ပြီးသားဖြစ်နေတဲ့ NDF ပါတီကပြောင်းလာတဲ့ ဒေါက်တာ မြတ်ဥာဏစိုး အပါအဝင် အခြားသုံးဦးကို NLD ပါတီမှ ထုတ်ပယ်ပြစ်သင့်ပါတယ်။ ပါတီမူနဲ့ကိုက်သွားအောင်လို့။ ဒီလောက်မှ ပါတီမူကို အဓိကထားတဲ့ ပါတီ ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ပြီးသား သူတွေကိုပါ ထုတ်ပြစ်ပါ။ တောမရောက်တောင်မရောက် စကားတွေ ရှောက်မပြောပါနဲ့။ ကိုယ်မူနဲ့ကိုယ် ကိုက်အောင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ "သတိမထားမိလို့ပါ၊ ကျွန်တော် ပေါ့ရော့ခဲ့ပါတယ်" ဆိုတာတွေ ထပ်ပြီး မကြားချင်တော့ပါ။ ပါတီမူနဲ့ မကိုက်တဲ့သူတွေကို ထုတ်ပြစ်ခြင်းအားဖြင့် မိမိမူဝါဒကို ခိုင်မာအောင် ပြသပေးဖို့ တောင်းဆိုပါတယ်။ တစ်မိသားစုလုံး မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေကို လေးစားပါ။ အပြောနဲ့ အလုပ်ညီအောင် ကြိုးစားဖို့ NDF က ပြောင်းလာတဲ့ အမတ်သုံးဦးကို ပြတ်ပြတ်သားသား ထုတ်ပယ်ပေးပါ။ မေမေစုနှင့်တစ်ကွ NLD လူကြီးမင်းများ ခင်ဗျား။

Anonymous said...

Nld. ပါတီကိုကျန်တဲ့နိုင်ငံရေးပါတီတွေအတုယူကြပါ. ပြည်သူ့ပါတီNLD. ကိုလေးစားပါတယ်ဗျာ

phomesatpaing said...

၂၀၀၈ ဖွဲ့စည်းပုံက ဘယ်သူတွေကိုကာကွယ်ပြီးရေးဆွဲထားတာလဲ၊
အဲဒီဖွဲ့စည်းပုံကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ်လို့ကျမ်းကျိမ်ဘို့ဆိုတာ
အရေးကြီးပါတယ်၊အထဲမှာ ၇၅ ရာခိုင်နှုန်းကျော်မှပြင်လို့ရမှာနော်၊လွှတ်တော်
ထဲမှာနိုင်ငံ့ အရေးအပြိုင်အဆိုင်ငြင်းခုံဘို့ရှိလာရင်ဖွဲ့စည်းပုံ က ခွင့်ပြု/
မပြု လို့ပြောကြမှာဖြစ်ပါတယ် NLD၊ရွေးကောက်ပွဲဝင်ခြင်းသည်ရွေးကောက်ပွဲဥပဒေတွင်ယခုပြသနာပြင်ပေးသ
ဖြင့်ဝင်ရောက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်၊လွှတ်တော်တွင်အဆိုတင်ပြီးပြင်
ဆင်ပေးမည်ဟုယုံကြည်ပါသည်၊NLD သည်နိုင်ငံအကျိုးဆောင်ရွက်နိုင်မည့်
အင်အားဖြစ်ပါသည်၊တိုင်းပြည်အကျိုးအတွက်လက်တွဲရန်လိုအပ်ပါသည်။

Tiger said...

အဖွဲ့ ချူပ်ရဲ့ ခြေလှမ်းတိုင်းဟာ ပြည်သူတွေ အတွက် တိုင်းပြည်အတွက်ဖြစ်တယ်ဆိုတာ အပြည့်အဝ ယုံကြည်ပါတယ်။

sean said...

မှန်တယ်လို့လည်း မထောက်ခံပါ.. မှားတယ်လို့လည်း မဝေဘန်ပါ..
၂ဦး၂ဘက်အလျှော့အတင်း လုပ်မှသာ ၂ဘက်စလုံးအကျိုးရှိလို့ ပြည်သူတွေပါ အကျိုးခံစားခွင့်ရမှာပါ..
မြန်မာပြည်သူ ပြည်သားတွေ မျိုးမျိုး အနှိပ်စက်ခံရ မှု ပြည်တွင်းမှာ မကြုံစဖူး အလုပ်ရှား ပါးမှုကြောင့် ယိုးဒယား မလေး စင်္ကာပူထွက် ပြီး အလုပ်ရှာစရာမလိုတော့ဘဲ ကိုယ့်နိုင်ငံတွင်း မှာဘဲ ပျော်ရွှင်စွာ အလုပ်လုပ် နိုင်ပါစေ...

BBG said...

အဆိုပါ အချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြီး ကတည်းက တစ်ပါတည်း ပြင်ဆင်ပေးရမည့် အချက်ဖြစ်ကြောင်း I agree with Mother Su

ကိုယ်တော်ချော said...

နည်းနည်း ကလေးများ ဆန်နေသလားလို့ အထဲရောက်မှ ပြင်လို့ကော မရဘူးလား မသိလို့နော်စိတ်မဆိုးကြနဲ့အုံး

bobo said...

အမေစုကို လွှတ်တော်ထဲကို အမြန်ရောက်စေချင်တယ်...
ပြီးမှ ဆက်လုပ်သင့်တယ်လို့ ယူဆတယ်၊၊၊၊၊၊၊၊။

bobo said...

အမေစု လွှတ်တော်ထဲ ရောက်အောင်လုပ်ပြီးမှ ဆက်လက်တင်ပြပေးပါနော်.....

bobo said...

အမေစုရေ သားတို့လည်း အမေရဲ့ လုပ်ဆောင်ကြိုးပမ်းမှုတွေကို မျှော်လင့်နေပါတယ်
တိုင်းပြည်ရဲ့သမီးကောင်းတစ်ပါးအဖြစ် ရပ်တည်နိုင်ပါစေ

ဗိုက်ပူနံကား said...

ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ကို လက်ခံလို့ ရွေးကောက်ပွဲဝင်ခဲ့တာ မဟုတ်ဘူးလား? ရွေးကောက်ပွဲကရော အခြေခံဥပဒေအရ လုပ်တာမဟုတ် ဖူးလား? ကျနော့်အမြင်ကတော့ ပြသနာရှာတာလို့မြင်တယ်...လွှတ်တော်ထဲရောက်မှ ပြင်ရမယ်ကိစကို ရှေ့တန်းတင်လွန်းပီး နိုင်ငံရေးစတန့်ထွင်နေကြတာလားဗျာ...၀ိုင်းပီးအားပေး ကြတဲ့ ပြည်သူတွေရဲ့ မျက်နှာကိုလည်း ကြည့်ကြပါဦး..

goldentiger.mhs said...

တိုင်းပြည်အတွက်လို့ပဲစဉ်းစားထားပြီးလုပ်တာဆိုရင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမျက်စိမှိတ်ပြီးယုံကြည်ပေးထားမှာပါ
တစ်ချို့အရာတွေကျတော့ပြည်သူတွေလည်းနားလည်သင့်တယ်လို့ထင်ပါတယ်
ဒါကိုဘာကြောင့်ပြင်ပေးခိုင်းတယ်ဆိုတာကိုသာမန်ပြည်သူတွေနားလည်ပြီးသြော်ဒါကြောင့်ကိုးလို့သဘောကျသွားတာမျိုးဖြစ်စေချင်တာပါ
It ခေတ်ပဲလေ ပြောပြချင်ရင်မြန်ပါတယ်

မိုးတိမ် said...

ဒီပါတီဒီဥပဒေ ဟိုပါတီဟိုဥပဒေ ဖွတ်စည်းပုံ အချေခံဥပဒေကနေ ဖာစည်းပုံ အချေခံဥပဒေကို ဘယ်တော့ပြောင်းမလဲမသိဘူး ဖွတ်တွေကဘာမှမလုပ်ပေးပဲရှိတာအကုန်နီးပါးစားသွားပြီ လာပါပြီ ပြည်သူ့အချစ်တော်ပါတီ ယူတာတော့ယူနေပြီ ဘယ်အချိန်မှဘာပြန်ပေးမလဲမပြောတတ်ဘူး ကျုပ်တို့နိုင်ငံတော့တိုးတက်ဦးမယ် ဟဟဟ အာရှကျားပဲဖြစ်မလာမလား အာရှနွားပဲဖြစ်လာမလားစောင့်ကြည့်ရသေးတာပေါ့

naylinn waii said...

ကိုယ့်ကိုယ်ကိုယ်မယုံဘဲ ဓာတ်ပြားဟောင်းပဲ ပြန်ဖွင့်နေရင် နောက်ထပ်အနှစ်နှစ်ဆယ်နောက်ကျရဦးမှာ ပြည်သူတွေပါ

Anonymous said...

အထဲရောက်ရင်မလွယ်ဘူးလေ။ကိုယ့်အပြောနဲ့ကိုယ်
ကြိုးကွင်းစွပ်ပြီးမှလွတ်တော်ထဲဝင်ခိုင်းထားတဲ့
စစ်အစိုးရရဲ့ပရီယာယ်တွေကိုအမေစုကသဘောပေါက်လွန်းလို့
ခုလိုကြိုးကွင်းကိုရှောင်ပြီးဝင်မလို့တောင်းဆိုနေတာပေါ့။
အခုတောင်ပြည်သူမေ၇ွးတဲ့စစ်ဘက်ကလူတွေ
လွတ်တော်ထဲထပ်ဖြည့်လိုက်ပြန်ပြီ။
ဘယ်မလဲN.L.D..ကိုဦးမမော့နိုင်အောင်
တိုက်ကွက်ဆင်ထားပြီလေ။
ဒါကိုအမေစုကတဆင့်ချင်းပဲဖြေနေရတာ
ဘယ်လောက်ခက်ခဲမလဲ။
နိုင်ငံရေးဘွဲ့ကိုယူထားလို့နိုင်ငံေ၇း
ကိုနားလည်တက်ကျွမ်းလွန်းလို့
ဘယ်သူမှလိုက်မမှီတာပေါ့။
တကယ်တည်းတပ်ထဲကလူတွေတပ်
ဥပဒေပဲသိတဲ့တဖက်ကန်းတွေ
အမေစုလိုအပ်လို့တောင်းဆိုနေတာပြည်သူအနည်းငယ်တွေ
ခေါင်းကြီးကြီးနဲ့စဉ်းစားတွေးတောပါ။

Powered by Blogger.