ကျောက်ပန်းတောင်း NLD အောင်ပွဲ

ဂုဏ်ပြုမှတ်တမ်းလွှာ
ဧပြီလ ၁၀ ရက်နေ့ ၂၀၁၂
 
ကျောက်ပန်းတောင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဧပြီလ၁၀ ရက်နေ့ မှာ
ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြသော
မြို့နယ်သူ၊ မြို့နယ်သားများကို ဂုဏ်ပြုသောအားဖြင့် ဆွမ်းကပ်လှူကာ
အောင်ပွဲ ပြုလုပ်ခဲ့ပါတယ်။ 


ထို့နောက် ရပ်ကျေးအလိုက် ဂုဏ်ပြုလွှာများပေးအပ်ပြီးလျှင် အမှတ်တရ
 သစ်ပင်စိုက်ကာ တက်ရောက်ကြသော မိဘပြည်သူ ၁၅၀၀ ခန့် ကို 
ထမင်းကြွေးဧည့်ခံခဲ့ပါတယ်။ 

ထိုအောင်ပွဲကိုမြို့၏ အရှေ့တောင် တစ်မိုင်ခန့်အကွာတွင်ရှိသော ရွှေနဒီ
ပရဟိတကျောင်းတွင်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။


 အောင်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွေးကောက်ခံ
လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော
်မြင့်မောင်က “ဒီကနေ့ကျင်းပတဲ့
အခမ်းအနားဟာ၊ ဘယ်သူ့ကိုမှ ထိခိုက်စေအောင်လဲ
ကျွန်တော်တို့လုပ်တာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း တမင်ရည်ရွယ်ပြီးတော့
ကျွန်တော်တို့အောင်မြင်တဲ့ အထိမ်းအမှတ်ပွဲ လုပ်တာမဟုတ်ပါဘူး။
ကျွန်တော်တို့ ဧပြီလ(၁)ရက်နေ့ အောင်ပွဲရအောင် တစ်လခွဲ၊ နှစ်လလောက်အထိ
ကြိုးပမ်းခဲ့တဲ့ ရပ်မိ၊ရပ်ဖတွေကော၊ ရပ်ကျေးအောင်နိုင်ရေးအဖွဲ့တွေေ
ကာ
ဂုဏ်ပြုချင်တဲ့ အတွက် ကျင်းပရခြင်းဖြစ်ပါတယ်။” လို့
ထည့်သွင်းပြောကြားသွားပါတယ်။


Myanmar News Now


ကျောက်ပန်းတောင်း အောင်ပွဲ ဓါတ်ပုံများ

 
ကျောက်ပန်းတောင်း NLD အောင်ပွဲ ကျောက်ပန်းတောင်း NLD အောင်ပွဲ Reviewed by သစ်ထူးလွင် on 15:23 Rating: 5

2 comments:

မောင်မောင် said...

တို.ကျောက်ပန်းတောင်းသားတွေက...မိုက်တယ်ကွာ...နောက်လည်းဒီထက်စည်းလုံးကြပါစေဗျာ...ပြီးခဲ့တဲ့ရက်က လုပ်ရပ်ကိုလည်း ကျေးဇူးတင်ပါတယ်..ဒါမျိုးတော့ ကျနော်တို.တစ်မြို.ပဲ ကျန်တော့တာပါ..အဝေးက မောင်မောင်(အိမ်လွမ်းသူ)

Anonymous said...

ကျေးဇူးတင်ပါတယ် ကိုကျောက်ပန်းတောင်း...
ကိုအောင်ပန်းတို့ဆီကိုလည်း လာလည်ပါအုံး...
ကိုကလောကိုလည်းလာလည်ပါအုံး...
ကိုဟဲဟိုးကိုလည်းလာလည်ပါအုံး...
စည်းလုံးတာကိုက ကျေနပ်နေမိပါတယ်...
ကျောက်ပန်းတောင်းတင်မကဘူး အားလုံးအားလုံးပေါ့ဗျာ...
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါတယ်လို့......

Powered by Blogger.