ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထုဆက်ဆံရေး အပိုင်းတွင် ပြုပြုင်ပြောင်းလဲမှု အများအပြားပြုလုပ်ရန် လိုအပ်ကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုးဝင်းက ပြောဆိုလိုက်သည်။
“လူထုနဲ့ ဆက်ဆံရာမှာတော့ လိုသေးတာအမှန်ပဲ။ ဒီပုံနဲ့ ရေရှည်သွားလို့ မဖြစ်နိုင်ဘူး၊ ကျင့်ဝတ်နားလည်ဖို့၊ ယဉ်ကျေးဖော်ရွေဖို့၊ တဦးနဲ့တဦးလေးစားဖို့ကို သင်တန်းပေးရမယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူနှင့် ဆက်ဆံရေး၊ မီဒီယာများနှင့် ဆက်ဆံရေးကို အလေးထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လူထုလေးစားကြည်ညိုမှု၊ ပြည်တွင်း ပြည်ပမီဒီယာများ၏ ပံပိုးကူညီမှုကြောင့် ဖြစ်သည်ကို နားလည်ရန်လိုအပ်ကြောင်း ဦးစိုးဝင်းက ဆက်လက် ပြောသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအတွင်း ပါတီဝင်တချို့နှင့် ပြည်တွင်းမီဒီယာများ အကြား ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပွားခဲ့ရာ Facebook လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။
ယခု ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည်ဟု မမျှော်လင့်သင့်ကြောင်း၊ အနိုင်ရရေးအတွက်ဆိုလျှင် ပါတီအတွင်း စိတ်ဓာတ်ရေးရာပိုင်းမှ အစပြုကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးစိုးဝင်းက ဆိုသည်။
“အခုလို ထောက်ခံမှုကိုကြည့်၊ ဘ၀င်မြင့် အောက်ခြေလွတ်နေရင်တော့ နိုင်မှာမဟုတ်ဘူး။ စိတ်ဓာတ်ပြုပြင်ရမယ်၊ ပါတီတွင်းပြုပြင်ရမယ်။ ပြုပြင်စရာတွေ အများကြီးပဲရှိတယ်” ၎င်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီအနိုင်ရခဲ့ခြင်းမှာ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ စည်းရုံးရေးကာလ မတရားပြုလုပ်မှုများကြောင့် ပြည်သူများ၏ စာနာမှုကို ရရှိ၍လည်း ဖြစ်ကြောင်း ဆက်လက်သုံးသပ်သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲ အကြိုကာလတွင် NLD ပါတီအနေဖြင့် မန္တလေးမြို့ အားကစားကွင်းတွင် ပြုလုပ်ခွင့်မပြုခြင်း၊ စစ်ကိုင်းမြို့၌လည်း သဲသောင်ပြင်တွင်သာ ပြုလုပ်ရခြင်း၊ မော်လမြိုင်မြို့တွင်လည်း တောင်းဆိုသည့်နေရာတွင် ပြုလုပ်ခွင့်မရဘဲ မြို့ပြင် ကျေးရွာတွင် ပြုလုပ်ရခြင်း၊ မြိတ်ကျွန်းစုသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာတွင် ရှပ်ပြေးယာဉ် မငှားနိုင်စေရန် တားမြစ်ခြင်းများကို အာဏာပိုင်များက ပြုလုပ်ခဲ့သည်။
ဦးစိုးဝင်းသည် ၁၉၈၉ ခုနှစ် NLD ပါတီ တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူတဦးဖြစ်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ပဲခူးမြို့မဲဆန္ဒနယ် အမှတ် (၂) မှ အရွေးချယ်ခံခဲ့ရသူဖြစ်ပြီး စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ နောက်ပိုင်း NLD ပါတီ ပြန်လည် ထူထောင်ရာတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။
ရန်ပိုင် (ဧရာဝတီ)
NLD ပြုပြင်မှုများ လုပ်ဆောင်ရန်လို
Reviewed by သစ်ထူးလွင်
on
00:17
Rating:
21 comments:
အမှန် ကန်ဆုံးသုံးသပ်မှုဘဲ.. အောက်ခြေလွတ်ရင်သွားမှာဘဲ နည်းမျိုးစုံ အနု အကြမ်း စီးစိန်နဲ့ စမ်းလာလိမ့်မယ်.. ဖေါက်ပြန်သွားတဲ့သူတွေလည်းကြုံရမြှာ်
ထောက်ခံပါသည်၊
အခြေအနေကိုအမြဲဆင်ခြင်သုံးသပ်ပြီးလိုအပ်တာကြိုပင်နေမှ အောင်မြင်မှုဆက်တိုက်ရနေမှာဖြစ်ပါတယ်
ဦးစိုးဝင်းေ၇..
ခင်များကိုတော့NLD ထဲမှာပထမဆုံးကျွှန်တော်လေးစားသွားပြီဗျာ။
အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်းသိမြင်ပြောဆိုပြုပြင်တတ်ပြီးကိုယ့်
အဖွဲ.အစည်း၇ဲ.လိုအပ်ချက်၊ချို.ယွင်းချက်၊အားနည်းချက်တွေကိုပွင်.ပွင်.လင်းလင်း၊၇ဲ၇ဲတင်းတင်းပြောဆိုရဲတဲ့ခင်များဟာတစ်ကယ့်ဒီမိုကရေစီသူရဲ
ကောင်းတစ်ဦးပါပဲ။
ဦးစိုးဝင်းလိုလူမျိုးတွေNLDမှာ ၈၀% ရှိရင်ကျွှန်တော်တို.နိုင်ငံသားတွေ
အာရှမှာဖင်ခေါင်းကျယ်နေတဲ့ ထိုင်း၊စင်္ကာပူ၊မလေးရှား၊ဖိလစ်ပိုင်တို.ကို
ုတစ်နေ.တစ်ခါခေါ်ပြီးပါးရိုက်လို.တောင်ရတယ်။
NLD မှကိုယ်စားလှယ်များအပြောနဲ.အလုပ်ညီကြပါစေ။
မှန်ပါတယ် အများကြီးထိနးသိမ်းဖို့လို့ပါတယ်. ဘာလို့လဲဆိုတော့ မြန်မာလူ
မျိုးတွေဖြစ်နေလို့ပါဘဲ။
"NLD ပြုပြင်မှုများ လုပ်ဆောင်ရန်လို" ...
“လူထုနဲ့ ဆက်ဆံရာမှာတော့ လိုသေးတာအမှန်ပဲ။ ဒီပုံနဲ့ ရေရှည်သွားလို့ မဖြစ်နိုင်ဘူး၊ ကျင့်ဝတ်နားလည်ဖို့၊ ယဉ်ကျေးဖော်ရွေဖို့၊ တဦးနဲ့တဦးလေးစားဖို့ကို သင်တန်းပေးရမယ်” ...
မှန်ပါတယ်ခင်ဗျား...ပါတီဝင်များရဲ့ အရည်အသွေးကို တာဝန်ရှိသူ Senior Member များမှအစဉ်တစိုက် စောင့်ကြည့်လေ့လာ သုံးသပ်ပြီး
လိုအပ်ချက်များကို အချိန်မီပြုပြင်သွားကြသင့်ပါတယ်...
နောင်အနာဂါတ် နိုင်ငံရေးအခင်းအကျင်းမှာ ပြည်သူများဟာလည်း နိုင်ငံရေး
အသိအမြင်နိုးကြားလာကြတဲ့အလျောက် ရွေးကောက်ပွဲများတွင် လူပုဂ္ဂိုလ်စွဲ၊
ပါတီစွဲများလျော့ပါးလာကြပြီး ကိုယ်စားလှယ်များ ပါတီဝင်များရဲ့ အရည်အသွေး ကိုကြည့်ပြီးရွေးချယ်မှု များပြုလုပ်လာနိုင်ကြပါတယ်...
သို့ပါ၍ NLD ပါတီဝင်များ၏ Personality ၊ Qualification ၊ Confidence ၊ စသည်တို့ကို အချိန်နှင့်တပြေးညီ Upgrade လုပ်ပေးကြရမှာ ဇြစ်သလို၊
အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်ပါတီဝင်များကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်သွားနိုင်ရေးဟာလည်း အရေးကြီးလှပါတယ်...
ခိုင်မာသော NLD ထောက်ခံသူ ပြည်သူများနှင့်လည်း အချိန်ပြည့်ထိတွေ့လျက် အရေးကြီးသတင်းအချက်အလက်များ နှင့် အကြံဥာဏ်များ ရယူလျက်ညှိနှိုင်းသုံးသပ် ပူးပေါင်းဆောင်ရွက်သွား
ဖို့လည်း လိုအပ်ပါတယ်... အဓိကယှဉ်ဖက်ပါတီဖြစ်တဲ့ USDP မှလည်းပါတီ ပြုပြင်ပြောင်းလဲ မှုများဆောင်ရွက် လာနိုင်စရာရှိသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲကို လျော့မတွက်ထားသင့်ပါဘူး...
ကျနော် တို့ပြည်သူများကတော့ NLD ဆိုတာ အရည်အချင်းပြည့်ဝသော ရိုးသားပြီးစာရိတ္တကောင်းမွန်သော တိုင်းပြည်ကိုချစ်သော ပြည်သူများအတွက်ဆိုလျင်စွန့်လွှတ်စွန့်စားဝံ့သော
အာဇာနည်သူရဲကောင်းတို့၏ ပါတီတစ်ခုအဖြစ် အကြွင်းမဲ့ယုံကြည် ထောက်ခံထားပြီးသားပါ...
နောင်အနာဂါတ် အတွက် မျက်စိတဆုံးမကြည့်ပဲ အရှည်ကိုတွက်ဆမျော်မြင်နိုင်စွမ်းရှိသော၊ သဘောထားကြီး၍ သည်းခံခွင့်လွှတ်နိုင်စွမ်းကြီးမားသော၊ အမျက်ဒေါသကို
ချုပ်တည်းနိုင်စွမ်းကြီးမားသော၊ မိတ်ဆွေရန်သူမခွဲခြား စာနာနားလည် ထောက်ထားညှာတာ နိုင်စွမ်းရှိသော၊ မထောင်လွှားမမောက်မာပဲ သိမ်မွေ့ယဉ်ကျေးသော ကိုယ်စားလှယ်များ၊ ပါတီဝင်များ
ထွက်ပေါ်လာသည်ကို ကြည့်ရင်း ဂုဏ်ယူလိုလှပါသည်...
အရေးကြီးတဲ့ အချက်များကို ထောက်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်...
လက်ခံပြီး လိုက်နာလိုက်ရင် အဆင်ပြေသွားပြီ...
အောက်ခြေလွတ် ဘ၀င်မြင့်နေရင် ကျဆုံးလိမ့်မယ်...
ဒေါ်အောင်ဆန်းစုကြည် ပြောသလို ဒါဟာ ပြည်သူလူထု အောင်ပွဲပါ...
၁။ ခါးသီးတဲ့ စနစ်ဟောင်းကို မခံစားနိုင်တော့လို့...
၂။ ဆင်းရဲနုံချာတဲ့ ဘ၀တွေကနေ ရုန်းထွက်နိုင်မယ့် မျှော်လင့်ချက်ထားမိလို့...
၃။ တရားဥပဒေ စိုးမိုးရေးကို အလေးထားမယ် ထင်လို့...
4။ ငြိမ့်ချမ်းရေးကို ရှေးရှုမယ် ထင်လို့...
၅။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးတော့မယ် ထင်လို့...
၆။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသွေးပါတဲ့ သူ့သမီးကို ချစ်ကြလို့...
၇။ NLD သာလျှင် ပြည်သူလူထုကို ကယ်တင်လိမ့်မယ်ထင်လို့...
မြန်မာပြည်သူ တစ်ရပ်လုံးက အပြတ်အသက် ထောက်ခံလိုက်တာပါ...
ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း အစစ်အမှန်ကိုတော့ လကုန်မှာ ပြန်လည်ကျင်းပပေးမယ့် လွှတ်တော် အစည်းအဝေးမှာ စောင့်ကြည့်ခြင်း ခံရပါတော့မယ်...
ကိုယ်စားလှယ် များကို ကြိုတင်တောင်းပန် ထားချင်တာက အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဥပက္ခါ မပြုဖို့ပါ...
တိုင်းပြည် အခုလို အခြေအနေ ရောက်လာပြီးမှ...သံသရာ တစ်ပတ် ပြန်လည်မှာ စိုးရိမ်လို့ပါ...
ဗုဒ္ဓဘုရားရှင်ဟာ ဒေ၀ဒတ်ကို မေတ္တာတော်နဲ့ အောင်နိုင်ခဲ့တာ သာဓကပါ..
ခု ရွေးချယ်တင်မြှောက်ခံ ရတဲ့သူတွေ ဟာ အမေစု တို့ ကိုယ် တိုင် သေသေချာချာ လုပ်နိုင်မယ့်သူတွေ ကို ရွေးချယ်ခဲ့တာဖြစ် လို့ စိတ်ချရပါတယ်....လိုအပ်သည့် အချက်များကို လည်း ပြင်ဆင်နိုင် မယ်လို့ ယုံကြည်ပါတယ်.....ဆန္ဒတွေ သိပ်အလောတကြီး မဖြစ်စေချင်ပါဘူး..ဆန္ဒတွေ သိပ်လောရင် အမှားတွေ ဖြစ်တတ်ပါတယ်.......ပြောရရင် တဖက်က ပါတီ တွေ အတွက် ထောက်ကွက် တွေ ဖြစ်သွားမှာပေါ့.......
အပေါ်ကအန်တီဆု၇ယ် စကားပြော၇င် ပါး၇ိုက်တာ ထဲ့မပြောပါနဲ့ မြန်မာပြည်က ပါး၇ိုက်ခဈေးပေါလွန်းလို့ လူတွေကြားမှာ ထစ်ကနဲ၇ှိပါးထချနေကြလို့ ဂျပန်ကင်ပေတိုင်တစ်ခေတ်ဆန်းလာမှာကြောက်လို့ပါ။ ။
ကောင်းသော ကိုယ့်ကိုယ်ကို ပြန်ပြီးသုံးသပ်ဆင်ခြင်မှုပါ။ လက်ရှိအစိုးရထံမှာ မတွေ့ရတဲ့ အချက်ပါ။
ပြိုင်ပွဲမဝင်ခင်အပြင်မှာ ကြိုတင်ပြင်ဆင်ထားရမဲ့ အချက်တွေထဲက အရေးကြီးတဲ့ အချက်တချက်ပါ။
ယခုရွေကောက်ပွဲမှာ NLD နိုင်တယ်ဆိုတာ လက်ရှိအစိုးရအရာရှိများရဲ့ မောက်မာမှု၊ အလွဲသုံးစားမှု၊ မထီမျက်မြင်မှု၊ အပေါ်ဖါးအောက်ဖိမဆင်ခြင်တတ်မှု၊ ပညာအသိဥာဏ်နည်းပါးမှု၊ တိုင်းပြည်အရေးထက် ကိုယ်နှင့်မိသားစုအရေးကို ဦးစားပေးမှု၊ အတွေးအခေါ်ညံ့ဖျင်းမှု၊ အသိတရားခေါင်းပါးမှု၊ လာဘ်အကြီးအကျယ်စားမှု၊ မာနထောင်လွှားမှု၊ စတဲ့ကိုယ်ကျင့်တရားခေါင်းပါးမှုတွေကြောင့် ပြည်သူ့ ချဉ်ဖတ်ဖြစ်နေတာက NLD အပြတ်အသတ်နိုင်ဖို့ကိုဖြစ်စေတာလို့ လွတ်လပ်စွာ ဆင်ခြင်မိပါတယ်။ NLD ထဲမှာ အဲဒီလို စရိုက်ကြမ်းတွေ ခေတ်ဆိုးကြီးရဲ့ အမွေကြောင့် တချို့တလေရှိနေပါတယ်။ အဲဒီစပါးလုံးနဲ့ စက်ချေးတွေကို စောစောစီးစီး သန့်စင်ဖို့ အရေးကြီးပါတယ်။
Thanks U soe win , then we believe You and other whole of our winner Delegate of NLD Members will understand what U soe win means and the Comments of (Ngar Myanmar) & ( De Lu ) and so on . We need highly status and very good Image Intensifier Of NLD .All the Best u soe win , thank you then.
ဟုတ်ပါတယ်။ Bravo ပြောသလို လက်ရှိအစိုးရထံမှာ မတွေ့ရတဲ့ အချက်ပါ။ ကိုယ့်အဖွဲ့အစည်းရဲ့ လိုအပ်ချက်၊ ချို့ယွင်းချက်၊ အားနည်းချက်တွေကိုပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်းပြောဆိုရဲတဲ့ သူရှားပါတယ်။ အပြောချည်းဘဲလည်းမဟုတ်ဘဲ အလုပ်နဲ့လည်း သက်သေပြနိုင်ကြပါစေ...
ပါတီဝင်တွေကိုသင်တန်းတွေပေးသင့်တယ်၊ပါတီဝင်တွေရဲ့အရည်အချင်းတွေတိုးတက်ဘို့လည်းလိုတယ်၊အချို့ပါတီဝငိတွေဆက်ဆံရေးတော်တော်ညံတယ်၊ရုံးေ၇ာက်၇င်မခေါ်ခြငိသလိုမပြာခြင်သလိုနဲ့၊အစိုးရ၀န်ထမ်းပုံစံပါတီဝင်တွေပုံစံပြောင်းပေးမှရမယ်။
comment ပေးသူရော ဦးစိုးဝင်းရော အားလုံးကောင်းပါတယ်။ ဒီလိုလေး အမြဲတမ်းသတိရှိရှိနဲ့ ကြိုးစားလုပ်ကိုင်စေချင်ပါတယ်။
အထူးသဖြင့် အောက်ခြေပိုင်းမှာ လူထုနဲ့ အဆင်ပြေအောင် ဆက်ဆံတတ်တဲ့ ယုံကြည်ချက်ခိုင်မာတဲ့ ပညာတတ်လူငယ်ကလေးတွေကို နေရာပေးသင့်ပါတယ်။
တစ်ချိန်တုန်းက အနစ်နာခံခဲ့ကြတဲ့ ဖိနှိပ်မှုတွေကို ကြံ့ ကြံ့ ခံ ရင်ဆိုင်ခဲ့ကြတဲ့ သူတွေလဲ ရှိပါတယ်။ သူတို့တွေရဲ့ စွန့်လွှတ် အနစ်နာခံခဲ့တာတွေကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ အများစုက ပညာမတတ်ဘဲ ဖြစ်နေတာတို့၊ ခုနောက်ပိုင်းမှာ လူထုနဲ့ ဆက်ဆံတဲ့နေရာမှာ မပြေမပြစ် ဖြစ်တာတို့ ဒါတွေကိုတော့ ပြင်သင့်ပါတယ်။
တချို့ဆိုရင်“ အရင်တုန်းကတော့ အဖမ်းခံရမှာကြောက်လို့ အနားတောင် မကပ်ဘူး။ အခုမှ NLD ခေတ်ကောင်းလာလို့ လာချဉ်းကပ်တာ” စတဲ့ စကားမျိုးတွေနဲ့ လူထုအပေါ် ပြောဆိုဆက်ဆံတာမျိုးကိုလဲ ကြားရဖူးပါတယ်။ ဒါမျိုးကိုတော့ ရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ လူထုနဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့ ရပ်ကျေးအဆင့်မှာ တာဝန်ပေးထားသူတွေကို မကြာခဏခေါ်ယူတွေ့ဆုံပြီး သင်တန်းတွေ ပေးသင့်တယ် ထင်ပါတယ်။
နောက်လုပ်ရမှာတွေက အများကြီးပါ။ NLD အင်အားကောင်းဖို့ စွမ်းရည်ထက်မြက်တဲ့ အဖွဲ့ ၀င်တွေ နေရာတိုင်းမှာ ရှိနေဖို့ အထူးအရေးကြီးတယ်လို့ ပြောချင်ပါတယ်။
အောက်ခြေက NLD ပါတီဝင်အသေးအမွှားလေးတွေကို စိစစ်ပြီးမှ လက်ခံသင့်ပါတယ်။ တစ်ချို့ပါတီဝင်တွေက ရပ်ကွက်ထဲမှာ NLD တံဆိပ်တွေနဲ့ မူးရူးနေတာတွေက ကြည့်လို့မကောင်းသလို ပါတီကိုလည်း လူအထင်သေးစရာ ဖြစ်နေပါတယ်.
NLD အနေနဲ့ အနှစ် ၂၀ ကျော် သက်တမ်းရှိတဲ့ ပါတီပီပီ ပြည်သူတွေအတွက် အစစ စံပြ ရပ်တည်ပြနိုင်သင့်ပါတယ်။ အခုဆိုရင် ၄နှစ်စာ လွှတ်တော် အတွေ့အကြုံလည်း ရတော့မှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ရဲ့ အဓိက ပြိုင်ဘက်က ကြံ့ဖွတ် မဟုတ်တော့ပါဘူး။ ကြံ့ဖွတ်ကို ဘယ်သူမှ စိတ်ထဲမရှိပါဘူး။ ၂၀၁၅ မှာအဓိကပြိုင်ဘက်ဖြစ်လာ မှာကတော့ ၈၈မျိုးဆက်ကျောင်း သားတွေရဲ့ မဖွဲ့ရသေးတဲ့ နိုင်ငံရေးပါတီပဲဖြစ်ပါတယ်။ အခု NLD တစ်ခဲနက်မဲပေးရွေးချယ်ခဲ့ကြတာဟာ အမေစုကို ချစ်လို့ အမေစုမျက်နှာကြောင့်က အဓိကပါ။ သာမန်ပြည်သူတွေက ကိုယ်စားလှယ် လောင်းတွေရဲ့ အရည်အချင်းကို ဘာမှ ဂဃနဏသိပ်မသိကြပါ။ ပြောရမယ် ဆိုရင် NLD မှာ လူသိထင်ရှားက အမေစုတစ်ယောက်တည်း လိုဖြစ်နေပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင်အစ်ကိုကြီး များအဖွဲ့ကတော့ အဖွဲ့လိုက် ညီပါတယ်။ အရည်အချင်းက လည်း ခေသူမဟုတ်တွေချည်းပါပဲ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့သူတွေချည်းမို့ ပြည်သူတွေရဲ့ ရင်ထဲမှာ သူတို့အတွက်နေရာတွေကအများကြီးပါပဲ။ အကျဉ်းထောင် အသီးသီးကနေ ပြန်လွတ်လာကတည်းက သူတို့အဖွဲ့ တက်ညီလက်ညီနဲ့ အရာရာကို တစ်လှမ်းခြင်း တစစ လုပ်ဆောင်နေတာတွေကို ကြည့်ရတာ ခုထိ အပြစ်ပြောစရာမတွေ့သေးပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးစရာလူမရှိခဲ့ကြပါ။ အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ တစ်ခုတည်းသောရွေးစရာဖြစ်တဲ့ ပြည်သူ့ပါတီ NLD ကို ယုံကြည် အားကိုးစွာ ၀ိုင်းပြီးရွေးချယ်ပေးလိုက်ပါတယ်။ NLD အောင်နိုင်မှုဟာ အံ့သြစရာတော့ မဟုတ်ပါ။ ၂၀၁၅ မှာတော့ ၈၈မျိုးဆက် ပြည်သူ့ အချစ်တော်များအဖွဲ့နဲ့ NLD ယှဉ်ရမှာဖြစ်ပါတယ်။ နှစ်ဖွဲ့လုံး ကတော့ ပြည်သူ့ကောင်း ကျိုး နိုင်ငံ့အကျိုးရှေးရှုကြမယ့်သူ တွေချည်းမို့ မြန်မာ ပြည်သူ/သားတွေအတွက်ကတော့ အကောင်းတွေချည်းပါပဲ။ ၂၀၁၅ ကျရင် ဦးရွှေမန်းတို့ ဦးသိန်းစိန်တို့ပြန်အရွေးခံရင် ကြံ့ဖွတ် ၃% လောက် နေရာပြန်ရရင် ကံကောင်းလို့ မှန်းထားပါတယ်။ တပ်မတော်သား ၂၅%ကို မဖယ်နိုင်သေး သည့်တိုင် အများစုက ကိုယ်တွေဘက်က ရပ်တည်မယ့် သူတွေဖြစ်လာတော့မှာမို့ တွေးရင်း ပျော်နေမိပါသည်။ မြန်မာနိုင်ငံဆိုတဲ့ အမည်အတိုင်း ဆင်းရဲမှုရောဂါဆိုး အလူးအလဲနှိပ်စက်ခံနေရ ရာကနေ မြန်မြန် ကျန်း မာ နလံထလာ နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
မြန်မာနှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ
မှန်ပါတယ် အမေစု တစ်ယောက်တည်းကောင်းနေရုံဖြင့်မပြီးပါ ညီညွတ်မှ အချင်းချင်းအပြန်အလှန်လေးစားမှ ပြည်သူ့အကျိုးကိုကြည့်မှ ၂၀၁၅မှာနိုင်မှာပါ
သိပ်ကောင်းတဲ့ မျှော်မြင်သုံးသပ်ချက်ပါခင်ဗျာ... ပါတီတိုင်းမှာဒီလို စိတ်ရှိရမယ်...လေတစ်လုံးမိုးတစ်လုံးနဲ့ ငါမှငါသာ နှိုင်းစရာဆိုရင်တော့... နောက်ဆက်တွဲဆိုးကျိုးအဖြစ် ပြည်သူ့ချဉ်ဖတ်ဖြစ်သွားနိုင်ပါတယ်..
အခက်အခဲတွေကြား က ရုန်းကန်ခဲ့..စည်းလုံးညီညွတ်စွာလှုပ်ရှားခဲ့မှုတွေအပေါ်မှာ လေးစားပါတယ်...အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်....အတွေးမှန်..စိတ်မှန်ဖို့လိုပါတယ်...
အန်ကယ် ဦးစိုးဝင်းပြောသလိုပါဘဲ ..တစ်ဦးနဲ့တစ်ဦးလေးစားခြင်း၊ကျင့်ဝတ်စည်းကမ်းသင်တန်းတွေ ..မြန်မာပြည်မှာ အများကြီးလိုအပ်နေပါပြီ....မတ်တပ်ရပ်တတ်ခါစ..ဒီမိုကရေစီမြန်မာနိုင်ငံအတွက်...တကယ်လိုအပ်နေပါပြီ....လေးစားလျှက်
ဦးစိုးဝင်းပြောတာ သိပ်မှန်နေပါတယ်။ ခုချိန်မှာ အဖွဲ့တွင်းမှာ လူစုံရောက်နေပါတယ်။ ခုမှလာပြီးဆရာကြီးလုပ်၊ သူများတွေလုပ်သမျှကို အပြစ်ကြည့်ပြောနေတာနဲ့ တကယ်စိတ်ထက်သန်စွာနဲ့ လုပ်နေတဲ့သူတွေ စိတ်ဓာတ်တွေကျ၊အဖွဲ့တွင်းညီညျွတ်ရေးတွေ ပြိုကွဲ.. နဲ့၊အောက်ခြေမှာ ဖြစ်ချင်သလိုဖြစ်နေတယ်ဆိုတာကို အထက်က (အနီးကပ်နားသွင်းတာလောက်ဘဲ ယုံကြည်မနေကြဘဲ၊အင်တာနက်တို့လို ခေတ်မီ နားမျက်စိ တွေကိုသုံးပြီး ကိုယ့်အဖွဲ့တွင်းမှာ ဘာဖြစ်နေတယ်ဆိုတာကို သိဖို့လိုနေပါပြီ။အချို့အမတ်ဆိုသူတွေဟာ တကယ်အရည်အချင်းမရှိဘဲ ငါအမတ်ဖြစ်ရလျှင်ပြီးရောဆိုပြီး ဖဲဆင်ရိုက်တတ်တဲ့ ဖဲသမားတွေလို အမတ်တွေပါနေပါတယ်။သိထားစေချင်လို့ပါ။
ဖြစ်သင့်ပါတယ်...(NLD ပါတီဝင်ဟောင်းတစ်ဦး)
Post a Comment