NLD နဲ့လက်တွဲ ဆောင်ရွက်မယ်လို့ ဦးသိန်းစိန်ပြော

ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။
မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အန်အယ်လ်ဒီနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာပါ။
မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို တဖြည်းဖြည်းချင်း လျော့ချသွားမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
အဲဒီလို ပိတ်ဆို့ အရေးယူမှုတွေ လျော့ချဖို့အတွက် အာဆီယံအဖွဲ့ကလည်း မြန်မာအစိုးရဘက်က ရပ်တည်ပြီး အနောက်နိုင်ငံတွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ဒီလကုန်ပိုင်းလောက်မှာ သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂျပန်နိုင်ငံက နိုင်ငံရပ်ခြား အကူအညီ ODA ပြန်ပေးနိုင်ရေးအတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

RFA
NLD နဲ့လက်တွဲ ဆောင်ရွက်မယ်လို့ ဦးသိန်းစိန်ပြော NLD နဲ့လက်တွဲ ဆောင်ရွက်မယ်လို့ ဦးသိန်းစိန်ပြော Reviewed by သစ်ထူးလွင် on 04:21 Rating: 5

9 comments:

kaungkin said...

သမ္မတကြီးနဲ့အမေစု ...ရည်ရွယ်ချက်ချင်းတူပါတယ်....နှစ်ယောက်စလုံးက
ပြည်သူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ကြိုးစားနေကြတယ်.....မကြာခင်အောင်ြှုမင်လာတော့မှာပါဗျာ...

ကိုဖြိုး said...

နှစ်ယောက်စလုံးရဲ့ မျှော်လင့်ချက်တွေ ရည်ရွယ်ချက်တွေအားလုံး အောင်မြင်ပါစေဗျာ...
ပူးပေါင်းလိုက်ရင် နိုင်ငံအတွက်အင်အားကောင်းသွားတာပေါ့နော်

ဒီလူ said...

စောင့်ကြည့်ရသေးတာပေါ့။ လူသာဓုခေါ်နတ်သာဓုခေါ်ပါစေ။

လင်းသစ် said...

ကြားဖူးတာလေးရှိတယ်...
ပြောပြီးရင်လုပ်
လုပ်ပြီးရင်ပြော
အဲဒါမှ... လူကြီးပီသမှာ

Mi Aung said...

ကျေးဇူးတင်ပါတယ် သမတကြီး

Toe Toe said...

အစကထဲကတွေ့ဆုံဆွေးနွေးစဉ်ကထဲက တူတာတွေတွဲလုပ်ပြီးမတူတာတွေ
ဖယ်ထားမယ်လို့ပြောထားတာဘဲလေ။နိုင်ငံနဲ့ပြည်သူအတွက်လက်တွဲလုပ်မှာသာ
ဖြစ်မဲ့အချိန်ပါဘဲ။သူပါတီ။ကိုယ်ပါတီခွဲနေရမဲ့အချိန်မဟုတ်ပါဘူး။ရွေးကောက်ပွဲအ
နိုင်ရဘို့ယှဉ်ပြိုင်ရပေမဲ့၊လွှတ်တော်မှာ နိုင်ငံကောင်းဘို့ပေါင်းရတာပါဘဲ။အတိုက်အ
ခံဆိုပြီးကန့်လန့်တိုက်မဲ့အချိန်မဟုတ်ပါဘူး။

စည်သူ said...

သတင်းကောင်းပါ ၊ ဒါပေမယ်. အောက်ခြေ အဖွဲ.အစည်းတွေ ကျူးလွန်တာတွေ ကိုအေ၇းယူ၇ဲတာတော.မတွေ.သေးပါ ၊

tkm said...

ကြိုဆိုပါတယ် ကမ္ဘာမှာမြန်မာဆိုပြီး
ပြန်ပြီးလက်မထောင်နိုင်အောင်ကြိုးစားလိုက်စမ်းပါသမ္မတကြီးနဲ့အမေစု

kokomaung said...

လက်မတွဲလို.လည်း မရဘူးလေ။

Powered by Blogger.