ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်

ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလာမယ့် စနေနေ့ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံပြီး လွှတ်တော်အတွင်း လုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးသို့ ရောက်ရှိနေစဉ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့သတ်မှတ်ချက်အတိုင်း ရက်ပေါင်း ၆၀ အတွင်း တင်ပြနိုင်အောင်၊ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ဆောင်ကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းဖို့ရှိကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့သတ်မှတ်ချက်အရ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကျပ်သိန်း ၁၀၀ အထိ သုံးစွဲခွင့်ရှိကြောင်း သိရပါတယ်။
ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးအတွက် လာမယ့် သင်္ကြန်ပိတ်ရက် ကာလတွေမှာ အနားယူဖို့ ရှိကြောင်းလည်း သိရပါတယ်။

RFA
ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ် Reviewed by သစ်ထူးလွင် on 04:33 Rating: 5

2 comments:

Ko Maung said...

အခုလိုတွေ့ဆုံဆွေးနွေးတာကောင်းတယ်။ ကျန်းမာရေးလည်းဂရုစိုက်သင့်တယ်။ သင်္ကြန်မှာ အေးအေးဆေးဆေး အနားယူပါ အမေစု။ သက်ကျော်ရာကျော်ရှည်ပါစေဗျာ။

purewhite said...

အသဲကြားကမဲတပြား
တနေ့တလံ
ပုဂံဘယ်ပြေး
ဆိုရိုးပုံကို
ဆုပ်ကိုင်ထားပြီး
အဖိနှိပ်အလုပ်ကြံ
အကြိမ်ကြိမ်ခံလည်း
အများအကျိုးအတွက်
အဓိဌာန်မပျက်
ရှေ့သို့ဆက်ခဲ့။
အမှန်ကွယ်ပျောက်
အစွန်းရောက်သူတွေ
ဝိုင်းဝန်းနှိပ်စက်
အနေခက်ခဲ့လည်း
နောက်မတွန့်ပဲ
ေ၇ှ့သို့ဆက်လျှက်
ချီတက်ခဲ့။
အို.. သူရဲကောင်းတို့
ယနေ့ပြုလုပ်တဲ့
ရွေးကောက်ပွဲမှာ
ပြည်သူ့အသဲကြား
မဲတပြားက
အများအကျိုး
အမှန်သယ်ပိုးမယ့်
သင်တို့အတွက်
ထိုက်ထိုက်တန်တန်
ဖြစ်ခဲ့ပြီ။
(အမေစုနှင့်အားလုံးကိုဂုဏ်ပြုတာပါ။)

Powered by Blogger.