NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲစွယ်စည်းရုံးပွဲကိုမတ်လ(၂၉)ရက်နေ့တွင် အနုပညာရှင်များသည် မဲပညာပေးစည်းရုံးရေးခရီးစဉ်နှင့် ဖျော်ဖြေရေးခရီးစဉ်တို့ကိုစစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ပုလဲမြို့တွင် လာရောက်ဖျော်ဖြေနေချိန်တွင် စစ်ကိုင်းတိုင်း၊ ၀င်းကုန်းရွာရှိ ပြည်သူပြည်သားအပေါင်းတို့သည် ရွာလုံးကျွတ်သွားရောက် အားပေးကြည့်ရှု့နေစဉ် ၀င်းကုန်းရွာ တစ်ရွာလုံးနီးပါးနေ့လည် (၂း၁၅)နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 ရွာလုံးကျွတ်မီးလောင်ကျွမ်းရာတွင် အိမ်ခြေ(၁၅၀)မီးလောင်ကျွမ်းခဲ့ပြီး ၊လူဦးရေ(၁၀၀၀)ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည်။ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် ၀င်းကုန်းရွာသည် အလောင်းတော်ကဿဖတောင်ခြေတွင် တည်ရှိပြီးလမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်အပြင် သောက်ရေသုံးရေအလွန်ရှားပါးသောဒေသဖြစ်သည်။ ပုလဲမြို့မှ မီးသတ်ကားများလာရောက်ငြိမ်းသတ်ခဲ့သော်လည်းမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့ အခက်အခဲများအများအပြားကြုံတွေ့ခဲ့ရပြီးတစ်ရွာလုံးနီးပါးလောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။

ထိုသတင်းကိုနာရေးကူညီမှုအသင်း(ရန်ကုန်)သည်နာရေး၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုများအပြင် နွေရာသီအင်္ဂလိပ်စာသင်တန်းအားကလေးငယ်(၈၀၀)ကျော်ခန့်ကိုသင်ကြားပေးနေရသောအချိန်ကာလလည်းဖြစ်နေသလိုသတင်းမီဒီယာများမှလည်းရွေးကောက်ပွဲကိစ္စရပ်များကိုသာအသားပေးတင်ပြနေခြင်းကြောင့် မတ်လ(၃၁)ရက်နေ့ မှ ရွာလုံးကျွတ်နီးပါးမီးလောင်မှုသတင်းအားနာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။

ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်းမတ်လ (၃၁)ရက်နေ့ ညနေရွှေစင်စင်္ကြာံခရီးသွားမော်တော်ယာဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့် ဦးအောင်စိုးတို့နှစ်ဦးအားမီးဘေးကယ်ဆယ်ရေးထောက်ပံ့အလှူငွေ သိန်း(၅၀၀၀၀၀၀ိ/-)ကျပ် (ကျပ်သိန်းငါးဆယ်တိတိ)ကိုမီးဘေးဒုက္ခသည်များကိုကူညီထောက်ပံ့ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အရေးပေါ်ဆုံးဖြတ်ချက်ချပေးခဲ့သည်။ 


နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့် ဦးအောင်စိုးတို့နှစ်ဦးတို့သည် ပထမဦးစွာယင်းမာပင်မြို့ပေါ်ရှိ NLD ရုံးသို့ ဧပြီလ(၁)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ရောက်ရှိခဲ့ကာယင်းမာပင် NLD မြို့ခံဖြစ်သူဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊ ကိုကျော်လင်းအောင် ၊ ကိုထွန်းမြင့်ချိုတို့အကူအညီဖြင့်ယင်းမာပင်မြို့မှ မိုင်(၃၀)အကွာတောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့ရာနေ့လည် (၁၁း၀၀)နာရီအချိန်တွင် ၀င်းကုန်းရွာ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။ထိုဝင်းကုန်းရွာရှိသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် သီရိလင်္ကာနိုင်ငံရှိဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူကိုတည်ထားကိုးကွယ်ထားရှိသည်။ 

ဝင်းကုန်းရွာ တစ်ရွာလုံးမီးလောင်ကျွမ်းခဲ့သော်လည်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်းသာမီးဘေးမသင့်ခဲ့ခြင်းသည် သီရိလင်္ကာဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့မသိချေ။ ယင်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဒုက္ခသည်လူဦးရေ(၁၀၀၀)အားကူညီစောင့်ရှောက်ကျွေးမွေးကာကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးအားဦးတိုက်ကာမီးဘေးသင့် မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် အလှူငွေ (၃၀၀၀၀ိ/-)ကျပ်လှူဒါန်းခဲ့ကာသီရိမင်္ဂလာဘုန်းတော်ကျောင်းတိုက် ဆရာတော်အားအလှူငွေ (၅၀၀၀၀၀ိ/-)ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်နေ့ထူးနေ့မြတ်များ၊အစိုးရရုံးပိတ်ရက်များနှင့် ယခုကဲ့သို့ မဲဆန္ဒပေးပွဲနေ့ရက်များပါမကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် ရန်သူမျိုးငါးပါးဒဏ်ကိုခံစားရသောဒုက္ခသည်များအားမိမိတို့နိုင်သလောက် လူစွမ်းအား၊ ငွေအင်အားတို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါးကိုလက်ကိုင်ပြုကာ အစဉ်ထာဝရ ပေးဆပ်နေဆဲပင်ဖြစ်တော့သည်။


အချုပ်ဆိုရသော် ဧပြီလ (၁)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အောင်ပွဲခံသည့်နေ့ဖြစ်သလိုနာရေးကူညီမှုအသင်း(ရန်ကုန်) (F.F.S.S)၏ ပေးဆပ်မှုနေ့တစ်ရက် ဆိုလျှင်လည်းမမှားချေ။ 

ကျော်သူ (ဖေ့စ်ဘုတ်)
NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု Reviewed by သစ်ထူးလွင် on 05:24 Rating: 5

13 comments:

အမြင်သစ် said...

ဝမ်းသာပီတိဂွမ်းဆီထိဖြစ်ရပါသည်။

TheinWin said...

အသ​င်းးြ​ကီး​က တာ​၀​န်ကျေ​လိုက်တာ။ သာဓု၊ သာဓု၊ သာဓု။

လမင်းလေး said...

ဝမ်းသာရပါသည်။ပီတိဖြစ်ရပါသည်။မျက်ရည်များတောင်လည်မိပါသည်။ကိုကျော်သူနှင့်တကွအသင်းသူအသင်းသားများအားလုံးကျန်းမာချမ်းသာစွာဖြင့်အများအကျိုးကိုဆထက်တပိုး၍ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းလိုက်ရပါသည်

Philip Kotler said...

သူများမီးလောင်နေပါတယ်ဆိုလေ ဒီလူလဲဘာဝမ်းသာတာလဲ

la min nge said...

နင့်လိုလူမျိုးကတော့ရှာမရားပဲcosy မီးလောင်လို့သူများတွေ စိတ်ညစ်နေပါတယ်ဆို ၀မ်းသာပီတိဖြစ်နေသေးတယ်။ တော် တော်ရက်စက်လူမဆန်တဲ့လူပဲဟ

kan said...

ဟုတ်ကဲ့ကိုသစ်ရေ ကျွန်တော်ယခု အလှူခံ ပုံးလေးတွေ အခန်းတိုင်း လိုက်ချပေးလိုက်ပါတော့မယ်။ ကိုသစ်တယောက် အေးမြချမ်းသာစွာ ပြည်သူအတွက် ဆထက်တပိုး ရွက်ဆောင်ကျိုးပမ်းနှိုင်ပါစေ။

kyaw tun naing said...

နောက်လဲဒီထက်မကလှူုနိုင်သောသူများဖြစ်ပါစေ....
အများကြီးလဲဝမ်းသာပါတယ်ဗျာ.....

chusinmye said...

နောက်လဲဒီထက်မကလှူုနိုင်သောသူများဖြစ်ပါစေ....
အများကြီးလဲဝမ်းသာပါတယ်ဗျာ.....

gemuk said...

လေးစားပါတယ်ခင်ဗျား။ဒီထက်ပိုပြီးလှူနိုင်ပေးကမ်းနိုင်ကြပါစေ။

Anonymous said...

(သူနဲ့ကျမှ ## တိုက်တိုက်ဆိုင်ဆိုင် ##)၂

ကိုယ်တော်ချော said...

မီးလောင်လို့ဝမ်းသာတာလား FFSS ကလှူလို့ ၀မ်းသာတာလား ရှင်းအောင်ပြောပါ ကိုကို cosy ရယ်

တွတ်ပီ said...

တွတ်ပီတို့ ကြုံတိုင်းရွာမှာလူသေ သမျှ ဦးကျော်သူအသင်းကိုအားကိုးနေရ
တာလေ.. သူဌေးကြီးအတီးရဲ့ ဂျီးဒေါ်သေတာတောင် ကူငွေမယူမနေရ
ဆိုပြီးပေးလိုက်သေး.. ဗျာ.သုံးသောင်းလေ.
သာဓုပါဗျာသာဓုသာဓုသာဓု
အားလုံးကျန်းမာကြပါစေ

1 shot 2 kill said...

“ပါရမီမြောက်သောဒါန” ဆိုတာ ဒါကိုဆိုလိုတာ ထင်ပါရဲ့  တပြည်သူမရွှေထားကြီးရေ.......

Powered by Blogger.