ပြီးခဲ့နှစ်ရက်က မြန်မာအစိုးရတပ်သို့ လက်နက်ချ ၀င်ရောက်ခဲ့သော
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အောက် တာလောကြီးကျေးရွာ
အရပ်သားတပ်ဖွဲ့များ အားလုံးနီးပါး ဧပြီ ၁၉ ယနေ့ မနက်ပိုင်း ဖြစ်ပွားသည့်
တိုက်ပွဲများတွင် ကျဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းက ဆိုသည်။
၎င်းတို့အား တာလောကြီးရွာရှိ မြန်မာစစ်တပ် ခလရ အမှတ် ၃၇ စစ်ကြောင်းမှ တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား "မန်မော (Man Manu)" ရှ့တန်းနေရာများသို့ “လမ်းပြများအဖြစ်” ခေါ်ဆောင်သွားစဉ် KIA နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွါးပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသမှ KIA အရာရှိများဆိုသည်။
၎င်းတို့အား တာလောကြီးရွာရှိ မြန်မာစစ်တပ် ခလရ အမှတ် ၃၇ စစ်ကြောင်းမှ တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား "မန်မော (Man Manu)" ရှ့တန်းနေရာများသို့ “လမ်းပြများအဖြစ်” ခေါ်ဆောင်သွားစဉ် KIA နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွါးပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသမှ KIA အရာရှိများဆိုသည်။
မြန်မာအစိုးတပ်သို့ လက်နက်ချသော KIA အဖွဲ့ဝင်များ အားလုံးနီးပါး ကျဆုံး
Reviewed by သစ်ထူးလွင်
on
04:55
Rating:
16 comments:
လက်နက်ချထားပြီးဖြစ်တဲ့အတွက်သူတို့ရဲ့အသက်တွေကိုခလရ(37)မှ
စောက်ရှောက်ကာကွယ်သင့်ပါတယ်အခုလိုလက်နက်ချပြီးအားလုံးနီးပါး
ကျဆုံးသွားရတယ်ဆိုတာ ကတော့ မကောင်းဘူးပေါ့ လက်နက်ချတာ
လည်းမကြာသေးဘူး မြန်မာစစ်တပ်မှာတာဝန်အပြည့်ရှိတယ်။
နောက်လက်နက်ချမဲ့အဖွဲတွေ အတွက်လုံခြုံမှုမပေးနိုင်ရင် ဘယ်သူမှလက်
နက်လာချတော့မှာမဟုတ်ဘူး။
ဒါပေမဲ့ မြန်မာဘက်ကကြေညာတာမဟုတ်တော့ သတင်းကိုအတည်ပြုရ
ခက်တယ်။
သတင်းအရင်းမြစ်သိပ်မခိုင်မာဘူး။ KIA က၀ါဒဖြန့်တာဖြစ်နိုင်တယ်
KIAကတင်တဲ့သတင်းပါဗျာ....လမ်းပြခေါ်တယ်ဆို၇င်လဲတယောက်၂ယောက်ပဲခေါ်မှာပေါ့.......သတင်းအောက်မှာBy KNGဆိုတော့.....
အရပ်သားတပ်ဖွဲ့ဝင်လိုခေါ်သလား။ လက်နက်ကလဲအပြည့်အစုံပဲ။ အရပ်သားတပ်ဖွဲ့ဆိုတာ KIA ရဲ့ဘယ်လို တပ်ဖွဲ့မျိုးကိုခေါ်တာလဲ။ အဲ့ဒီလိုအရပ်သားတပ်ဖွဲ့ဝင်တွေကို တောင် ခဲယမ်းလက်နက်အပြည့်အစုံ ထောက်ပံ့ပေးထားနိုင်တဲ့ KIA ၀င်ငွေဘယ်ကရ။
heronaing ရေ နအဖ ကဘယ်တုန်းကသတင်းအမှန်ကို ထုတ်ပြန်ခဲ့လို့လဲ။
KIA က တာဝန်ခံ / တာဝန်ရှိသူတွေ / ပြောရေးဆိုခွင့်ရှိသူတွေ ဆိုတဲံ့ လူတွေက တစ်ဖက်နိုင်ငံမှာ စည်းစိမ်အပြည့် မိန်းမငယ်များ ဘေးမှာ ရံပြီးတော့ ဇိမ်ယစ်နေတဲ့ လူတွေချည်းပါဘဲ ။။ ဘာမှမသိတဲ့ ဒေသခံတိုင်းရင်းသား ကချင်တွေကို မြောက်လို့တစ်မျိုး ခြိမ်းခြောက်လို့တစ်မျိုး အတင်းစုဆောင်းလို့တစ်မျိုးနဲ့ သူတို့ အဖွဲ့ထဲဝင်ခိုင်း ပြီးရင်ငတ်ပြတ်အောင်နေရအသေခံတိုက်ရ ရတဲ့အခွင့်အရေးတွေကိုတော့ ဒီစည်းစိမ်ယစ်နေတဲ့ လူတစ်ဖွဲ့ဘဲ အကုန်ယူနေကြတာ။ အခု အင်တာနက်မှာ KIA ရဲ့ ပြောဆိုခွင့်ရှိသူ ၊ ဘာတာဝန်ရှိသူ ၊ ညာတာဝန်ရှိသူဆိုတဲ့ လူတွေကို မေးကြည့်ပါ ။။ ကချင်ဒေသကောင်းကျိုး ဘာတွေများ လုပ်ပြီးပြီလဲ ။ ဘာတွေများ အပင်ပန်းခံခဲ့ပါလဲ ။။ ဦးလနန်း ခင်ဗျားဘဲ ခင်ဗျားလူကြီးဆိုတဲ့လူတွေကိုမေးပြီး ခင်ဗျားကိုခင်ဗျားလဲ ပြန်မေးကြည့်ပါ ။။ နိုင်ငံတစ်ကာနဲ့ မသိတဲ့သူတွေကတော့ ခင်ဗျားတို့ပြောတာ အဟုတ်ထင်နေမယ် ။။ ကိုယ်တွေ့ခံစားဖူးတဲ့ ကျွန်တော့်လို လူကတော့ ခင်ဗျားတို့တစ်စုက ဘယ်လိုလူတွေဆိုတာ အတွင်းကျကျသိနေတော့ တော်တော်ရွံတယ် ။။ ကျွန်တော်တို့ လူမျိုးအပေါ်ဗမာစစ်တပ်လဲ မကောင်းဘူး ခင်ဗျားတို့က ပိုဆိုးတယ် ။။
အဲဒီ အလင်းဝင်လာသူတွေကို အဲဒီလို သတ်ပစ်လိုက်နိုင်ပြီလို့ ကြေငြာမှ ကျန်တဲ့ KIA ရဲ့စစ်သားတွေကို ထိန်းထားနိုင်မှာပေါ့။ နို့မဟုတ်ရင် သူ့စစ်သားတွေထဲမှာ စစ်မတိုက်ချင်တော့တဲ့သူတွေ စစ်ပန်းနေတဲ့သူတွေ အကုန်လုံးအလင်းဝင်ကုန်ကြရင် ခက်ကုန်မှာပေါ့။ အဲဒီလူတွေ အကုန်သေကုန်တယ်ဆိုတာ ဖြစ်နိုင်သလို ဖြစ်လဲမဖြစ်နိုင်ပါဘူး။ သူတို့အဖွဲ့ထဲမှာ မနေနိုင် မနေချင်လို့ ထွက်ပြေးတာပဲ၊ ပြေးပစေ လွတ်လပ်စွာသဘောထားကွဲလွဲပါစေပေါ့။ ဘာဖြစ်လို့သူတို့ကို ရှေ့တန်းမှာတွေ့တော့ ပစ်သလဲ။ ဒီခေတ်မှာ ဒါမျိုးစနစ်တွေနဲ့ ဒါမျိုးဝါဒဖြန့်မှုတွေက အလုပ်မဖြစ်တော့ပါဘူး။ ဒီလူတွေအကုန်သေသွားတယ်ဆိုရင်တော့ တစ်ကယ်သနားစရာပါ။ သူတို့တွေ တစ်ကယ့်ကို ငြိမ်းချမ်းရာကို ရောက်ကြပါစေ။ သူတို့ရဲ့သေဆုံးခြင်းဟာ KIA ရဲ့သဘောထားအမှန်ကိုဖော်ပြနိုင်ပြီး ကချင်ပြည်နယ်တစ်ခုလုံးအတွက် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်ပါစေ။
ဒီသတင်းမှန်ကန်ကြောင်းကို မနေ့ကဖြစ်ပွားခဲ့တဲ့ Shadan Pa စစ်ပွဲသတင်းနဲ့တာလောကြီး မြစ်ကြီးနားစက်လှေခရီးသည်များကိုပန္မတီးဆိပ် ကမ်းမှာမေးမြန်းခဲ့လိုသိရတယ်။
ချက်ချိန်ပြီးယုံကြပေါ့ဗျာ။
သတင်းတွေက မယုံကြည်စရာပဲ lu aung ရဲ့ကွန်မင့်ကိုသဘောကျပါတယ်။
ကချင်လူမျိုးတွေအတွက်တော့ ၀မ်းနည်းစရာပါ စိတ်မကောင်းဘူး ငါဘယ်
လိုကူညီရမလဲ ငါတစ်ယောက်တည်းမရဘူး။ ၀ိုင်းဝန်းကူညီကြပါ။
soe
လမ်းပြက42ယောက်တောင်ပါလား
KIA က၀ါဒဖြန့်တာဖြစ်နိုင်ပါတယ်....တနိုင်ငံလုံးငြိမ်းချမ်းလုနီးမှ....ခုမှKIA က..ဘာ...ထဖြစ်တာလဲ.....ပြီးခဲ့တဲ့အနှစ် ၂၀ ကျော်လုံးလုံးဘာလုပ်နေခဲ့လဲ....ကိုယ့်နယ်မြေအေးချမ်းအောင်....ကိုယ့်ပြည်နယ်သားတွေအေးချမ်းမှု့ကိုရှေ့မရှုပဲ...ဘယ်သူ့အတွက်တိုက်နေတာလဲ....နားမလည်ပါ......
မဟုတ်လောက်ပါဘူး။ ဒါသက်သက်မူဝါဒဖြန့်တာပဲ။ နှောက်လူတွေ
အလင်းမဝင်ရဲအောင်ဆိုပြီး။KIA ရဲ့ အကြီးအကဲ တွေအကုန်လုံးမြန်
မာပြည်မှာဘယ်သူမှ မရှိပါဘူး။ အကုန်လုံးနိုင်ငံခြားမှာနေကြတဲ့လူ
တွေပါပဲ။ သည်မှာရှိတာက အောက်ခြေက လူတွေလောက်ပဲ ပင်ပင်ပန်းပန်းနေရတာ သူတို့ကတော့စည်းစိမ်တွေနဲ့။တစ်ကယ်
တော့သူတို့လုပ်နေတာ် သူတို့ကောင်းစားဖို့ပဲ။သစ်မှေင်ခိုထုတ်တယ် လူကုန်ကူးတယ်။ ဒါပဲလုပ်တာ။ အရင်တုန်းက အပစ်အခတ်ရပ်စဲထားတုန်းက ကချင်ပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်းဘာများလုပ်ခဲ့လို့တုန်း။ကျွန်တော် မြစ်ကြီးနားသားပါ။ သူတို့အတွက်ပဲ သူတို့လုပ်တာပါဗျာ။ သူတို့လက်နက်ကို ဘယ်စွန့်ချင်မလဲဗျာ။ အဲသည် လက်နက် နဲ့ပဲ မှောင်ခိုတွေလုပ် သစ်တွေခိုးထုတ် ဒါတွေလုပ်ပြီး ချမ်း သာနေတော့ ဘယ်စွန့်ချင်မလဲဗျာ။
အလင်းဝင်တဲ့ KIAစစ်သားအားလုံးသေသွားပြီးဆိုတာတော့မဟုတ်သေးဘူး။တခုခုလွဲနေတယ်။သေရင်စစ်သားတွေလဲသေမှာပေါ့။အဲ့ဒါKIAဝါဒဖြန့်တာ။ကချင်ပြည်သူတွေကိုတကယ်ဒုက္ခပေးတာKIAတွေဘဲ။တကယ်ကချင်ပြည်သူကိုချစ်ရင် ငြိမ်းချမ်းရေး မရအရယူရမှာပေါ့
KIA က ယုတ်မာတာကြာပါပီ။ KIA စစ်သားလုပ်ဘို့ ဖမ်းထားတဲ့ ကလေးတွေကိုလဲ သူတို့ အဖွဲ့ ဝင်မဖြစ်သေးမချင်း ငရုတ်သီးနဲ့  ဆားနဲ့ ဘဲ ထမင်းကို မသေရုံတမယ်ကျွေးတာပါ။
လက်နက်အပြည့်အစုံ တူညီယူနီဖောင်းတွေ ဝတ်ထားတဲ့အဖွဲ့ဟာ ဘယ်လို့နည်းနဲ့မှ KIA ရဲ့ပြည်စစ်တပ်ဖွဲ့မဖြစ်နိုင်ပါ။အကုန်လုံး သေဆုံးသွားတယ် ဆိုတာမဖြစ်နိုင်ပါ။KIA နဲ့ KNG သတင်းဋ္ဌာနတို့ ပူးပေါင်းပြီး ဝါဒဖြန့်ချီတာ သက်သက်ပါ။KIA နဲ့ တိုက်ပွဲဖြစ်တိုင်းတာ အကုန်သေတယ် ဆိုရင် တာလောကြီးရွာမှာ တပ်ဆွဲထားတဲ့ ခလရ(၃၇)က ရဲဘော်တွေ တစ်ယောက်မှတောင် ကျန်မှာမဟုတ်သလို့ ခလရ(၃၇)လဲ တပ်ဆွဲနိုင်မှာ မဟုတ်ပါ။တရုတ်နိုင်ငံတောတွင်း တနေရာမှာ တွေခဲ့တဲ့ဧရာမမြွေကြီးကို မြစ်ဆုံစီးမံကိန်းမှာဖမ်းမိတဲ့ မြွေကြီးဆိုပြီး KNG သတင်းဋ္ဌာန အရှက်မရှိလိမ်လည်ပြီး သတင်းခဲ့ကိုလဲ မမေ့ကြပါနဲ့။
Post a Comment