လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး

ဧပြီလ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များပန်ကြားစာ
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအား စော်ကားကျူးလွန်မှုမျာကို တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်


ယင်းကိစ္စအပေါ်ယ္ခုအချိန်ထိ မည်သည့်တုံ့ ပြန်မှုမှမရှိသေး


ဧပြီလ ၂၃ ရက်နေ့ က လွှတ်တော်ပုံမှန်အစည်းအဝေးကျင်းပနေစဉ်
Hot News ဂျာနယ်တွင်ပါဝင်သော လယ်/ဆည် ၀န်ကြီးနှင့် ဂျာနယ်ဆို့ ၏ ဆွေးနွေးမေးမြန်းမှုတွင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားများအား ပြည်သူလူထုက အထင်လွဲမှားစေရန်၊ အယုံအကြည်
ကင်းမဲ့စေရန် နှင်ဂုဏ်သိက္ခာလုံးဝကျဆင်းစေရန် ပြောကြားခဲ့မှုအတွက် လွှတ်တော်ကိုယ်စားလှယ်
များအား နိုင်ငံတော်ပိုင် သတင်းစာများ ၊ ရုပ်မြင်သံကြားတို့ ၌ တရားဝင် ၀န်ခံခြင်း ၀န်ချတောင်းပန်
ခြင်းများ ပြုလုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက (၂၃-၄-၂၀၁၂)ရက်နေ့ က လက်မှတ်
ရေးထိုးတောင်းဆိုခဲ့ ကြောင်းသတင်းရရှိသည်။


အဆိုပါတောင်းဆိုချက်ကို ယ္ခုအချိန်အထိ မည်သည့်တုံ့ ပြန်မှုမှမရှိသေးကြောင်းသိရပါသည်။

Hot News နှင့် အင်တာဗြူးတွင် လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင်က "လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး " ဟုပြောဆိုခဲ့တာဖြစ်ပါသည်။


နေပြည်တော် သတင်းထောက် (Myanmar News Now)
လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး Reviewed by သစ်ထူးလွင် on 17:30 Rating: 5

6 comments:

Anonymous said...

တုန့်ပြန်မှု့ရှိအောင်ဘာဆက်လုပ်ကြမလည်း။

တြိရတနာ said...

အပြောမခံချင်ပြင်ရမှာကို မပြင်ဆင်ပဲ ပြောသူသာအရေးယူမယ်ဆိုရင် အီးပုံစားမိပြီး အဆိပ်နဲ့ခံတွင်းကျင်းမိနှိုင်တယ်။တကယ်တော့ ၁၀ အောင်ဆိုတာ အရည်ချင်းရှိတယ်ပြောလိုတာမဟုတ်ပါဘူး။ပထမဆုံးပုဂ္ဂိုလ်တွေ သိပ္ပံပဲဖြစ်ဖြစ် ဝိဇ္ဇာပဲဖြစ်ဖြစ် ထူးချွန်ခဲ့သူတွေဟာ ၁၀ တန်းအောင်တွေမဟုတ်ပါဘူး။ဒီနေ့ထိ ၁၀ တန်းမအောင်သူတွေလုပ်သမျှ ပြောသမျှ ပါရဂူတွေလည်း မကျော်နှိုင်သေးပါဘူး။ ခုဟာက အရည်ချင်းမရှိတာကို ပြောတာပါ။အရည်ချင်းရှိကြောင်းလုပ်ပြနှိုင်ရင် ပြောသူသာ မောသွားမှာပါ။

junight said...

ပြည်သူ့ကိုယ်စားလှယ်တွေထဲမှာ(၁၀)တန်းမအောင်သူလည်းပါဝင်မည်ဖြစ်သော်လည်း၊ဘတ်ဂျက်အဖြတ်ခံရသောကြောင့်မကျေနပ်စိတ်ဆိုးပြီး၊ပြောစကား
အရလွှတ်တော်ကိုယ်စားလှယ်အားလုံးကိုပြောသလိုဖြစ်နေပါသည်၊
ရပ်ကွက်ထဲရှိလူများကိုဝါးလုံးရှည်ဖြင့်ရမ်းသူအားမည်သို့မည်သို့ဆောင်ရွက်ကြသည်ကိုအားလုံးသိရှိပြီးဖြစ်ပါသည်၊လွှတ်တော်ကိုယ်စားလှယ်များအနေ
ဖြင့်လည်းမည်သို့ဆောင်ရွက်ရမည်ကိုသိရှိမည်ဖြစ်ပါသည်။လွှတ်တော်ကိုယ်စား
လှယ်များကိုတောင်ဒီလိုအပြောမျိုးပြောရင်သာမာန်ပြည်သူတွေဆိုရင်ဘယ်လို
ဆက်ဆံမလဲဆိုတာမှတ်သားမိပါသည်၊အရိုးစွဲနေတဲ့မာန်မာနနဲ့ပြောချင်တိုင်းပြောခဲ့တဲ့အခြေအနေမျိုးကိုဖယ်ရှားရန် ပထမ ခြေလှမ်းဖြစ်ပါသည်၊ကြိုဆိုပါတယ်

pyisoe said...

စာတတ်စရာမလိုဘူး။ ပေးတတ် ပေါင်းတတ် ဖားတတ်ဖို့ပဲလိုတယ် ဆိုတဲ့ ခေတ်တစ်ခေတ်က ဘယ်မှာကြာသေးလို့လဲ။ ပညာရေးကဏ္ဍအပျက်အစီးပုံကြီးက အခုထက်တိုင် အထင်းသား မြင်နေနိုင်သေးတာပဲ။ ဘယ်နေရာမှာမဆို မတတ်တဲ့သူတွေ နေရာယူပြီး ထင်တိုင်းကြဲထားခံရတဲ့ တိုင်းပြည်ဖြစ်နေတာ မသိကြတာ မဟုတ်ပါ။ တကယ်ပညာတတ်တဲ့သူတွေ ဦးဆောင်တဲ့တိုင်းပြည်ဖြစ်အောင် ပြောရင်ပြောထိုက်ပါတယ်။ ဥာဏ်ပညာ အမြောှ်အမြင်ရှိတဲ့ ပုဂ္ဂိုလ်များ၊ စိတ်စေတနာကောင်းရှိတဲ့ ပုဂ္ဂိုလ်များတကယ်လိုအပ်နေတဲ့ အခြေအနေမျိုးပါ။ သိချင်တတ်ချင်ယောင်ဆောင်ပြီး လက်ညိုးထောင် ခေါင်းညိမ့်တတ်ရင် နေရာမြဲတာပါပဲကွာ ဆိုတဲ့ခေတ်ကို တမ်းတနေသေးရင် နောက်ပြန်လှည့်ဘို့ ရှိတော့တာပဲ။

konay said...

ဝန်ကြီးဦးမြင့်လှိုင်ခင်ဗျာ ဘာမှတောင်းပန်စရာမလိုပါဘူး။ဘာလို့လဲဆိုတော့ ၀န်ကြီးအနေနဲ့ ကိုယ့်သဘောဆန္ဒနဲ့ဝေဖန်ခဲ့ပီးပီဆိုတော့ ကိုဖြစ်တာကိုယ်ခံရဲရမှာပေါ့။ဝန်ကြီးတစ်ယောက်အနေနဲ့ဒီလိုပြောလိုက်ရင်ဘယ်လိုဖြစ်လာနိုင်မယ်ဆိုတာသိမယ်လို့ကျွန်တော်ထင်ပါတယ်။ဝန်ကြီးကြည့်ရတာဒီလိုပြောတာကို ဘယ်သူပြောခိုင်းလို့မှပြောတဲ့ပုံမပေါ်ပါဘူး။အဲဒါကြောင့်သူတို့ထုတ်လိုက်လို့ထွက်လိုက်ရလဲဝမ်းနဲစရာမလိုပါဘူး။ဝန်ကြီးအနေနဲ့ကိုယ့်သမိုင်းကိုရေးခဲ့တာပါပဲ။အကယ်လို့ဝန်ကြီးအနေနဲ့အနားယူခဲ့ရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ထဲမှာဝင်ရောက်ပီးဝန်ကြီးရဲ့ဆန္ဒတွေကိုရဲရဲဝံ့ဝံ့ထုတ်ဖေါ်ပီးပြည်သူတွေနဲ့တသားတည်းလုပ်ဆောင်ပေးပါလို့ကျွန်တော်ဆန္ဒ ပြုပါတယ်ခင်ဗျား။

Alfie said...

အော် (၁၀) တန်း မအောင်ဘဲနဲ့ လွှတ်တော် ထဲကို ဘာတွေသွားလုပ်နေကြတာလဲ မသိဘူးနော်၊ အော် သိပြီး ပညာမတက်တဲ့ လူတွေ လွှတ်တော်ထဲ ရောက်မှ သူတို့ လုပ်ချင်တာ လုပ်လို့ ရမယ်လေ ဒါကြောင့် အစိုးရက လွှတ်တော် ထဲမှာ (၁၀) မအောင်တဲ့ သူတွေကို ထည့်ထားတာ သိပြီး၊ သူတို့ အကြံကို ကျွန်တော်တို့ သိလိုက်ပြီး ၊အခုတော့ အမေစု ပြန်လာပြီးနော် အားလုံးသတိသာ ထားကြလွှတ်တော်တဲ့ကောင်တွေရေ မတက်ရင် အရင်ထွက်သွားကြ နောက်မှ အရှက်ကွဲနေမယ်နော် လွှတ်တော်ထဲက ပညာမတက်တဲ့ကောင်တွေရေ။

Powered by Blogger.