ဓါတ်ပုံ (AP) |
မျက်မှန်တပ်ထားသူဟာ လမ်းလျှောက်ရင်း အင်တာနက်ပေါ်မှာ Chatting စကားပြောလို့ ရမှာဖြစ်သလို မြေပုံလမ်းညွှန်တွေ၊ ကိုယ် သွားမယ့် မြေအောက်ရထားဘူတာ ပိတ်ထားသလား ဆိုတာကိုတောင် သိနိုင်မှာဖြစ်ပါတယ်။ မျက်မှန်နဲ့ ဓာတ်ပုံရိုက်ယူလို့ ရသလို အနီးအနားမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေသလား ဆိုတာကိုလည်း ရှာဖွေပေးမှာပါ။
ကော်ဖီသောက်ချင်တယ်ဆိုရင်လည်း အနီးဆုံးဘယ်နေရာမှာရှိမလဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း မျက်မှန်သစ်ဟာ လတ်တလော စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးပြီး ဆိုင်တွေမှာ ၀ယ်လို့တော့ မရသေးဘူးလို့ Google ကပြောပါတယ်။ ဒီမျက်မှန်ကို တခြား ဘယ်နေရာတွေမှာ သုံးလို့ ရဦးမလဲဆိုတာ လူတွေရဲ့ အကြံပေးချက်တွေကို လိုချင်တယ်လို့လည်း ပြောပါတယ်။
ဒီလိုပဲ လူတဦးချင်း လွတ်လပ်ခွင့် ထိခိုက်နိုင်တဲ့ အပိုင်းတွေ ရှိမရှိ၊ နည်းပညာကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ ပါဝါမျက်မှန် တပ်ဆင်ရသူတွေအတွက် မျက်မှန်သစ်ကို ဘယ်လိုသုံးလို့ ရနိုင်မလဲဆိုတာတွေကိုလည်း စဉ်းစားမယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။
VOA
အင်တာနက်မျက်မှန် Google မိတ်ဆက်
Reviewed by သစ်ထူးလွင်
on
06:33
Rating:
6 comments:
"အနီးအနားမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေသလား ဆိုတာကိုလည်း ရှာဖွေပေးမှာပါ။"
jealous ဖြစ်တတ်တဲ့ လူ့သဘာဝနဲ့ ဖြစ်မှ ဖြစ်ပါ့မလား....
ကျွှန်တော်တို့ မြန်မာ လူမျိုးက နည်းနည်းတောင် ပိုမယ်ထင်တယ်....
ကိုယ်က ခေတ်မီ super market ထဲရောက်နေတယ် ဆိုပါစို့....
ရုံးပိတ်ချိန် ရုံးပိတ်ရက် ပဲ ဖြစ်ပါအုံး....
ကိုယ့်လူကြီးကလည်း အဲသည် အထဲမှာရှိနေတယ်ဆိုပါစို့....
ဒီကောင် ငါနဲ့တန်းတူ လိုက် ဇိမ်ယူနေတယ် ဆိုပြီး... အလုပ်ထဲမှာ ဂဂျီဂဂျောင် ကျမှာ သိနေတယ်ဗျို့....
အခု လောလောဆယ်ဆို ခတ်မှီ နေရာ တွေမှာ ကိုယ့် အထက် အရာရှိ ကိုတွေ့လို့ကတော့ ပတ်ပြေး နေကြရတာ....
စိတ်ချ မြန်မာနိုင်ငံကို ဘယ်လို မှ ရောက်လာနိုင်မှာမဟုတ်ပါဘူး ..ရောက်လာ လည်းသုံး လို့ ရမှာမဟုတ်ဘူး ..သိတယ်မဟုတ်လား.... :)
စိတ်ချ မြန်မာနိုင်ငံကို ဘယ်လို မှ ရောက်လာနိုင်မှာမဟုတ်ပါဘူး ..ရောက်လာ လည်းသုံး လို့ ရမှာမဟုတ်ဘူး ..သိတယ်မဟုတ်လား.... :)
မှန်လိုက်တာ KOKO ရေ အခုတောင် အင်တာနက်အပြည့်အ၀သုံးခွင့်မရတာ ဒီလိုမျက်မှန်မျိုါ်ဆိုတာတော့ သူတို့အသိုင်းအ၀ိုင်းတွေဘဲခိုးကြောင်ခိုးဝှက်သုံးကြမှာပါ.....ခောတ်နောက်ပြန်ဆွဲနေတာလေ
အာkokoဆိုလိုတာconnectionနှင့်ပတ်သက်လို့ပြောတာနေမှာပါ
koko ပြောတာ သဘောကျတယ်ဗျာ...
Post a Comment