မြန်မာနိုင်ငံကို
လာရောက်လည်ပတ်ကြမယ့် ကမ္ဘာလှည့်ခရီးသည်တွေ အဆင်ပြေစေဖို့အတွက်
e-visa စနစ်ကို စတင်စမ်းသပ်နေပြီး၊သမ္မတရဲ့ ခွင့်ပြုချက်ရရင် ဒီလထဲ
စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။
e-visa
လေ်ွာက်ထားရယူလိုသူတွေအနေနဲ့ myanmarevisa.gov.mm ဝက်ဘ်ဆိုဒ်ကို
ဝင်ရောက်ပြီး၊ ပတ်စပို့ နံပါတ် စသဖြင့် အဆင့် ၄ ဆင့်ပါ
အချက်အလက်တွေကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို
ဖြည့်သွင်းလိုက်တာနဲ့ ဟိုတယ်/ခရီးဝန်ကြီးဌာနကို အီးမေးလ် ဝင်ရောက်
လာမှာဖြစ်ပြီး၊ ကာယကံရှင်ဆီကို အီးမေးလ်ရရှိကြောင်း အကြောင်း
ပြန်ပေးမှာ ဖြစ်ပါတယ်။
ဌာနဆိုင်ရာ
လုပ်ထုံးလုပ်နည်းတွေအတိုင်း စစ်ဆေးပြီး ဗီဇာကို အီးမေးလ် ကနေပဲ
ပြန်ပို့ပေးမှာ ဖြစ်တယ်လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက
စုံစမ်းသိရှိရပါတယ်။
အွန်လိုင်းကနေ e-visa
လေ်ွာက်ထားရင် ၅ ရက်လောက်ကြာမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက်
မြန်နှုန်းနဲ့ လ်ွပ်စစ်မီး ရရှိမှု အခြေအနေတွေက ဒီလုပ်ငန်းစဉ်
အောင်မြင်မှု ရှိ မရှိ အဆုံအဖြတ် ပေးမှာ ဖြစ်တယ်လို့
ခရီးသွားလုပ်ငန်း ရှင်တဦးက မှတ်ချက်ပေး ပြောဆို လိုက်ပါတယ်။
ဒီဗွီဘီ
မြန်မာပြည်ဝင်ခွင့် e-visa စနစ်စတင်
Reviewed by သစ်ထူးလွင်
on
17:28
Rating:
1 comment:
တစ်ကယ်ဆိုရင်တော့ကောင်းတာပေါ့.
မြန်မာ.Internet connection ကောင်းပုံနဲ့တော့....
Post a Comment