အရက်သောက်သူ တဦးဟာ သူ့ရဲ့ စိတ်ဆန္ဒ ပြည့်ဝရေးအတွက် သူ့ငွေနဲ့သူ အချိန်ကုန်ခံ ကျန်းမာရေး ထိခိုက်ခံပြီး သောက်ကြတာဖြစ်လို့ သူ့ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ကျနော့်အနေနဲ့တော့ ဘာမှ ပိတ်ပင်ဟန့်တားဖို့ မရှိပါဘူး။
ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေဟာ သူနဲ့တင် ပြီးသွားတာ မဟုတ်ပါဘူး။ မီးခိုးကြွက်လျှောက်လိုက်သလို တနိုင်ငံလုံးထိ ပြန့်ပွားသွားနိုင်တဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဂျပန်၊ အမေရိကန်၊ သြစတြေလျလို ချမ်းသာတဲ့ နိုင်ငံတွေဆို အကြောင်းမဟုတ်ပေမယ့် ဆင်းရဲတွင်းက ရုန်းကန်ထွက်ဖို့ ကြိုးပမ်းနေရတဲ့ မြန်မာနိုင်ငံအတွက်တော့ နိုင်ငံရေးအရ ပြောသင့်လာပြီလို့ ထင်ပါတယ်။
အရက်သောက်တယ်၊ အရက်ချက်တယ်၊ ရောင်းတယ်၊ နိုင်ငံခြားက တင်သွင်းပြီး ရောင်းဝယ်ဖောက်ကားတယ်၊ အဲဒီအပေါ်မှာ အခွန်ကောက်တယ် ဆိုတာတွေဟာ နိုင်ငံတခုလုံးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေး၊ တရားဥပဒေရေး စတဲ့ ကဏ္ဍ တော်တော်များများနဲ့ ဆက်စပ်နေပါတယ်။ အဲဒီကဏ္ဍတွေကနေ ထပ်ပြီး ဆင့်ပွား ဆက်စပ်နေတဲ့ အားကစား၊ လုပ်ငန်းခွင် စွမ်းအင်၊ စာရိတ္တ စတာတွေအပြင် ဆက်စပ် စီးပွားရေး လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေလည်း အများကြီး ရှိနေပါတယ်။
အရက်နဲ့ ပတ်သက်တဲ့ စီးပွားရေးဟာ များသောအားဖြင့် တွက်ခြေကိုက် အမြတ်ထွက်တတ်ပါတယ်။ စီးပွားရေး မျက်စိနဲ့ကြည့်ရင် မြတ်ဖို့ သေချာတဲ့ လုပ်ငန်းပါပဲ။ ဒါပေမယ့် အရက်သောက်သူတွေနဲ့ အရက် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အရေအတွက်ဟာ အလွန်အကျွံ ဖြစ်လာရင် တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသားကို ရှုမြင်ထားဖို့ အင်မတန် အရေးကြီးပါလိမ့်မယ်။ နေရာတကာမှာ စီးပွားရေးမျက်စိနဲ့ ကြည့်လို့ မရနိုင်ပါဘူး။ သူတပါး မျက်ရည်ကျမှ ကိုယ်ထမင်းဝမယ့် စီးပွားရေးမျိုးတွေ သိပ်ကို ထွန်းကားလွန်းနေရင် တိုင်းပြည်ပျက်မှာ အမှန်ပါပဲ။ အခုလည်း ဒါတွေကြောင့် ပြည်သူလူထုမှာ နစ်နာဆုံးရှုံးမှုတွေနဲ့ ဘဝပျက်နေကြရတာ အထင်အရှား ရှိပါတယ်။
အရက် သွင်းကုန်ခွန်ကို ၂ဝဝ % ကနေ ၅ဝ % ထိ အရက်မျိုးစုံကို တပြေးညီတည်းဖြစ်အောင် လျှော့ချလိုက်တာကြောင့် အရက်ရောင်းဈေးတွေ ဒလဟော ထိုးကျသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြား အရက်နဲ့ ဘီယာတွေလည်း ဒလဟော လှိမ့်ဝင်လာပါတော့မယ်။ နိုင်ငံတိုင်းမှာ ယစ်မျိုးခွန် သိပ်မြင့်မားနေချိန်မှာ သိသိသာသာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံခြား အရက်ကုမ္ပဏီတွေအတွက် တွက်ခြေအကိုက်ဆုံး ဈေးကွက်ကြီး ဖြစ်လာတော့မှာ မလွဲဧကန်ပါပဲ။
မြန်မာနိုင်ငံမှာ အရက်နဲ့ ဘီယာ ဈေးကွက်အကြီးကြီး အောင်မြင်ထွန်းကားနေလို့ အစိုးရအဖို့ အခွန် ထိုင်ကောက်နေရုံနဲ့ တော်တော့ကို ဝင်ငွေကောင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်ပြီး ဈေးချို ပေါများ အပြိုင်အဆိုင် လျှော့ဈေးပေးပြီး ရောင်းနေတဲ့ အရက်နဲ့ ဘီယာတွေကို ဘယ်သူတွေ သောက်ကြမှာလဲ။ ကမ္ဘာလှည့် ခရီးသည်တွေလား၊ မြန်မာပြည်သူတွေလား၊ ကျောင်းသူကျောင်းသားလေးတွေ၊ အသက် ၁၈ နှစ် မပြည့်သေးသူတွေရော အလွယ်တကူ ဝယ်ယူ သောက်နေဖို့ ဖြစ်မလာနိုင်ဘူးလား။
ဒီဈေးကွက်ကြီးရဲ့ အဓိက ပစ်မှတ်ဟာ မြန်မာပြည်သူတွေကလွဲလို့ အခြား မရှိနိုင်တာကို တွေးကြည့်လို့ ရပါတယ်။ ဒီတော့ ပြည်သူလူထုကို ထပ်ပြီးတော့ နစ်မွန်းသွားစေနိုင်တယ်လို့ ပြောလို့ရပါတယ်။ တိုင်းပြည်တိုးတက်မှုကို ထိခိုက်စေမှာပဲ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ပြည်သူတွေကို ဆင်းရဲတွင်းက ရုန်းမထွက်နိုင်အောင် အကွက်ကျကျ စီမံပြီး (Systematically) ဆက်လက် ဖိနှိပ်သလို ဖြစ်နေပါတယ်။
ဘာဖြစ်လို့ ရခိုင်ပြည်နယ်ဘက်မှာ လူကြီး လူငယ် အရက်သောက်သူ ပိုများနေရပါသလဲ၊ မြန်မာတပြည်လုံးက လူငယ် ယောက်ျားလေးတွေ သာမက မိန်းခလေးတွေကပါ အရက်သောက်၊ ဘီယာသောက်မှ ခေတ်မီတယ် ဆိုတဲ့ အတွေးတွေ ဘာကြောင့် ဝင်လာနေကြတာလဲ။ ဒါတွေဟာ အားလုံးကို ခြုံပြောရင် ဟိုတုန်းက တရုတ်ပြည်ကို ဘိန်းကျွေးပြီး ကျူးကျော်နယ်ချဲ့တာကို ပြန်သတိပြုမိစေပါတယ်။ မြန်မာနိုင်ငံကို လူမျိုးရေးအရ ဖျက်ဆီးဖို့ အကောက်ကြံသူတွေ ရှိနေပြီလားလို့ မေးရတော့မလို ဖြစ်နေပါပြီ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီကအစ လူတဦးချင်းရဲ့ ဘဝနေထိုင် လုံခြုံမှုအထိ အာဆီယံနဲ့ တန်းတူ လိုက်နိုင်ဖို့ တဘက်က ကြိုးပမ်းနေချိန်မှာ အခြားတဘက်က ဖျက်လိုဖျက်ဆီးတွေ ရှိနေတတ်တာကို အကြိမ်ကြိမ် သတိပြုမိနေပါတယ်။ သံသယအဆင့်ကိုတောင် ကျော်လွန်ပြီး ဖြစ်နေရပါပြီ။
ဒီအကြောင်းတွေကို ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး လူထုကို အသိပညာ ဖြန့်ဖြူးပေးကြရပါမယ်။ သမ္မတဦးသိန်းစိန် ပြောသလို အစိုးရကို ဖြစ်နိုင်သမျှ လူထုနည်းနဲ့ ထိန်းကျောင်းတည့်မတ်ပေးကြရပါမယ်။
လွင်အောင်စိုး
ဧပြီ ၇ ရက် ၂ဝ၁၂ ခုနှစ်
ဆက်စပ်သတင်း - (DVB) အရက်ကို သွင်းကုန်ခွန် ၂ဝဝ % ကနေ ၅ဝ % ထိ လျှော့ကောက်
အရက်သောက်သူတွေနဲ့ အရက်စီးပွားရေး လုပ်ငန်းရှင်တွေအကြိုက် အစိုးရ လိုက်လျောလာ
Reviewed by သစ်ထူးလွင်
on
10:41
Rating:
29 comments:
ပြည်သူတွေ မူးရူးနေမှ သူ့ကို ဘာမှပြန်မပြောနိုင်အောင် စေတနာမေတ္တာတွေနဲ့ သမ္မတကြီး ဆောင်ရွက်ပေးလိုက်တာပါ။ ရောင်းရင်းတို့ရေ အဖျက်တွေပေါနေတယ်နော်။ သတိထား
YES...most of Myanmar youths can be ruined by drinking alcohol...Who is allowing the several brands now ???
It is a kind of attacking to our human resources ! ! !
သမ္မတကြီးရေ...မြန်မာပြည်သူတွေ...အရက်စွဲကုန်တော့မယ်နော်။ရေမဟုတ်ဘူး။ သမ္မတကြီးရေ....၃၀၀%ကောက်သင့်တာပါ။
ရန်ကုန်မှာအရက်အကြီးအကျယ်ချက်နေတဲ့စက်ရုံကြီးတွေရဲ့ပိုင်ရှင်တစ်
ချို့ဟာဗမာနာမည်ဗမာမှတ်ပုံတင်ဘယ်သူထုတ်ပေးတယ်တော့မသိ
ဗမာစကားရေလည်အောင်မပြောတတ်။လက်မှတ်မှန်အောင်မထိုးတတ်
တဲ့တရုပ်တွေပိုင်ရှင်ဖြစ်နေမှတော့ ပညာရေး။ကျန်းမာရေး။လူမှုရေး
ဘယ်လိုသွားကြမလဲ.။။။
သူတို့ရဲ့ များများသောက်မြန်မြန်သေအထူးအစီစဉ် တွေထဲမှာ
မြန်မာလူထုတော်တော်များများအားတက်သရောဝင်ရောက်ဆင်နွှဲ
နေတာကြာပြီပဲ။အထက်ကအဘတို့မသိတာမှမဟုတ်တာ။သူတို့
ကိုယ်တိုင်မဟုတ်တရုပ်တွေကိုအဟုတ်ဗမာဖြစ်အောင်ဖန်တီးပေး
နေမှတော့.......ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင်တောင်
များများသောက်မြန်မြန်သေအထူးအစီအစဉ်ကိုသဘောကျလို့
ကိုယ်တိုင်တောင်ဝင်နွှဲနေတယ်လေ...........
အစိုးရကပြည်သူတွေအပေါ်စေတနာထားတာပါ၊မြန်မာပြည်မှာထမင်းတနပ်က600၊အရက်ဖြူတပုလင်းက500၊ကမ္ဘာမှာမြန်မာပြည်ကအရက်အပေါဆုံးနိင်ငံပါ၊အရက်တွေကလဲမက်သနောစပ်ထားတာတွေများတယ်၊အင်တွေများတယ်၊
မရောင်ရာဆီလူးဆိုတာ ဒါမျိုးပြောတာလားပဲ စင်္ကာပူမှာ ဆေးလိပ်သောက်သူနည်းအောင် ဆေးလိပ်ခွန်တွေကိုမြှင့်ထားတယ် မလေးရှားမှာတော့ နိုင်ငံသားတိုင်းကားစီးနိုင်အောင်ဆိုပြီး ကားအခွန်အခတွေကိုလျှော့ချထားပါတယ် မြန်မာပြည်မှာတော့ အဲဒီနိုင်ငံတွေနဲ့ပြောင်းပြန်ဖြစ်နေပါလား အရက်ခွန်တွေတော့လျှော့ကောက်တယ် နိုင်ငံသားတိုင်း အရက်သောက်နိုင်အောင်လို့ထင်ပါရဲ့ .................
ကိုလွင်အောင်စိုးပြောတာမှန်ပါတယ် မြန်မာနိုင်ငံဒေသတော်တော်များများမှာ အရက်ဆိုင်က လက်ဖက်ရည်ဆိုင်ထက်ပိုများနေတာကိုတွေ့ရမှာပါ တော်တော်ဆိုးတာက ရှစ်တန်းကိုးတန်းအရွယ်လေးတွေပါအရက်ဆိုင်ထိုင်တဲ့အကျင့်ကိုတွေ့နေရပါတယ် နောက်ပြီးမိန်းကလေးတော်တော်များများလည်းဘီယာသောက်တာကို အရက်သောက်တာလို့ဟုတ်ဘူးဆိုပြီးသောက်နေတဲ့ ဓလေ့တွေတွေ့နေရတယ်
အနီးကပ်ဆုံးသင်္ကြန်မှာကြည့်လိုက်ပါ အိမ်တွင်းပုန်းပုံစံနဲ့ရိုးပုံရိုးပန်းလေးတွေ
နဲ့ဘီယာကိုမော့နေတဲ့မိန်းကလေးတွေတွေ့ရပါလိမ့်မယ် အကုန်လုံးကိုမဆိုလိုပါ
ဒါပေမယ့်တော်တော်များပါတယ် အချို့အိမ်မှာတော့လူရိုးလေးတွေပါ အပေါင်းအသင်းနဲ့ဆိုရင်အကုန်လုပ်တဲ့လူငယ်တွေတော်တော်များနေပါပြီ
အခြားကုန်ပစ္စည်းတွေကို အခွန်လျှော့ကောက်သင့်ပေမဲ့ အရက်၊ဘီယာ၊ဆေးလိပ် အစရှိတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ လျှော့မကောက်သင့်ပါဘူး တိုင်းပြည်နဲ့  ပြည်သူလူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေသာဖြစ်စေလို့ ပါ
အသဲရောဂါ ဖြစ်ပွားရေး ဌာန-
ဥိးကျော်မြင့် ၀၀၂/တိုက် ၉ ပိတောက် လမ်း ယုဇနပလာဇာအနောက်.
ပိုမိုဆောင်ရွက် နိုင်ပြီ ဖြစ်ကြောင်းအရက်သမားကြီးများအားအသိပေးကြေငြာအပ်ပါသည်
Government should take care about it. Pls protect it for future.
သြော်လူမိုက်တွေထွန်းကားတဲ့ တို့တိုင်းပြည် ကြားလိုက်၇ လွမ်းလောက်စ၇ာတစ်ကွက်မှမ၇ှိပါလား... ။ ။
အခုတောင် အရက်သမားတွေက တော်တော်များနေကြတယ်..
နောက်ဆိုရင်...မပြောတော့ဘူး...
ဟုတ်တယ်ဗျ၊ ပညာပေးအစီအစဉ်တွေ လုပ်သင့်ပြီ။ အရက်မသောက်ရင် လူရာမ၀င်ဘူးဆိုတဲ့ စကားရဲ့ တွန်းအားကြောင့် အားလုံးအရက်သမားတွေ ဖြစ်နေပြီ။
အလွန်ကောင်းပါတယ်ကိုလွင်အောင်စိုး၊ကျေးဇူးတင်ပါတယ်။နောက်လည်းဖတ်ချင်ပါသေးတယ်။
အကိုပြောတာကိုကျနော်ကြိုက်တယ်ဗျာ။
ဒီအဆိုပြုချက်ကို အပြည့်အ၀ထောက်ခံပါတယ်....အရက်ရောင်းဝယ်ဖောက်ကားမှုအတွက် အခွန်ကို တိုးမြှင့်ကောက်ခံသင့်ရုံသာမက အရက်ရောင်းချတဲ့ဈေးနှုန်းကိုလည်း ချိုချိုသာသာပေါပေါပဲပဲ မဖြစ်သင့်ပါဘူး....အခု မြန်မာနိုင်ငံမှာ ဆိုးဝါးတာက ကျောင်းသားကျောင်းသူတွေပါ သောက်သုံးနေတဲ့ ပြသနာပါ...ထိထိရောက်ရောက်လုပ်သင့်ပါပြီ....
ကျူပ်လဲ၇ှပ်ဘဲပါဘဲ။
အ၇ည်အသွေးညံ့တဲ.အတုတွေဈေးကွက်ထဲပလူပျံနေတာထက်စာ၇င်တော.သေခြာစီစစ်၊အခွန်သေသေခြာခြာကောက်။အ၇က်ဆိုင်၇ှား၇င်။အ၇က်ဈေးကြီး၇င်ဘယ်ကောင်မှအ၇မ်းမသောက်နိုင်ဘူး။စင်ကပူမှာသောက်၇င်ပေါလို.လား။
အခုတောင် အရက်က သောက်ရေသန့်ထက် ဈေးချိုနေတာ၊သောက်တဲ့လူတွေ ကလည်း များမှများ၊အခုလို အခွန်တွေထပ်လျှော့လိုက်ရင်တော့ တနိုင်ငံလုံး အုံးအုံးနဲ့ ပျော်ပျော်ပါးပါးကြီး သောက်ကြတော့မှာ၊ဓါတ်ဆီတို့၊ဒီဇယ်တို့ စားသောက်ကုန်(အရက်မပါ၊ဘီယာမပါ)တွေကို အခွန်လျှော့ပါ၊အရက်နဲ့ စီးကရက်တွေကိုတော့ ထပ်တိုးကောက်လိုက်ပါဦး
မြန်မာပြည်သူများ မိမိကိုယ်ကို သာလျင်ထိန်းသိမ်းကြရပါမယ်...မည်သူမပြု မိမိမှု ပါ...အာဆီယံနိုင်ငံ တွေနဲ့ယှဉ်ကြည့်ပါ မြန်မာနောက်ကျနေပါတယ်...
အမျိုးသားရေးစိတ်ဓာတ်အပြည့် နဲ့အမှီလိုက်ကြရပါမယ်...မခံချင်စိတ်ထားပါ...မှီချင်ယောင်ဆောင်ပြီး ကျေနပ်နေလို့ မရပါဘူး...ဒါကြောင့် ဘုရားလည်းမကြိုက်...ကျန်းမာရေးအရလည်းဘေးဖြစ်... လူ့အရည်အသွေး ကိုကျဆင်းစေပြီး လူညွန့်တုံးစေသည့်...သုရာ သေရည်သေရက် သောက်သုံးခြင်းကို ပညာနဲ့ဆင်ခြင်ကြပါ... အထူးသဖြင့်လူငယ် ကျောင်းသားများ လုံးဝ(လုံးဝ) ရှောင်ကျဉ်ကြပါ...
"၀ါးကိုဖျက်တာ ၀ါးမျက်၊ လူကိုဖျက်တာ အရက်"...
မြန်မာပြည်မှာ အ၇က်ကျေးကျွန် (သုံးမ၇တော.တာတွေ) အများကြီးပါ ။ သောင်းချီ တဲ.လူတွေပါ ၊၊ စီမံချက်နဲ. စာ၇င်းကောက် ထိန်းသိမ်း ပြုပြင်၇မှာပါ ၊ စစ်တပ်ထဲ မှာပြုပြင်သင်. ပြုပြင်၇ပါလိမ်.မယ်၊
အရက်ခွန်လျှော့တာကိုမကြိုက်ပါ
ကိုလွင်အောင်စိုးပြောတာကို ကြိုက်တယ်ဗျာ ...ထောက်ခံပါတယ် နောက်လဲရေးပါအုံး ။
ကိုလွင်အောင်စိုးပြောတာ မှန်ပါတယ်ဗျာ၊ဒီစာကို လူတော်တော်များများကိုဖတ်စေချင်ပါတယ်၊ဖတ်ပြီးတော့လည်းကိုယ့်ကိုကိုယ် ပြုပြင်စေချင်ပါတယ်၊မသောက်ပါနဲ့လို့တားလို့မရနှိုင်ပါဘူး လွယ်လွယ်မသောက်နိုင်အောင်တော့လုပ်နိုင်ပါတယ်၊
အခုလိုဆိုရင်တော့ နှစ်ဘက်စလုံးအကြိုက်ပေါ့။
ကိုလွင်အောင်စိုးရေ... သိပ်ကောင်းတဲ့ အမြင်ပါ....
မြန်မာပြည်မှာ ဘယ်လောက်ဆင်းရဲတယ်ပြောပြော.. ညနေ ဘီယာဆိုင်မှာတော့ လူအပြည့်ပါပဲ... ဘီယာအရောင်းကောင်မလေးတွေလည်း ပုံစံမျိုးစုံပါပဲ... နောက်ပြီး ဆေးလိပ်သောက်သုံးတာလည်း တော်တော်များနေပါပြီ.. ကလေးအစ လူကြီးအဆုံး..
ဒါတွေကန့်သတ်လိုက်ရင် ကျန်းမာရေးနဲ့ စီးပွားရေးကို ထိန်းကျောင်းသလိုဖြစ်သွားမှာပါ..
အရက်ခွန်လျှော့တာကိုမကြိုက်ပါ
အရက်ခွန်လျှော့တာကိုမကြိုက်ပါ
အခြားကုန်ပစ္စည်းတွေကို အခွန်လျှော့ကောက်သင့်ပေမဲ့ အရက်၊ဘီယာ၊ဆေးလိပ် အစရှိတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ လျှော့မကောက်သင့်ပါဘူး တိုင်းပြည်နဲ့  ပြည်သူလူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေသာဖြစ်စေလို့ ပါ
ယခုMIC ဥက္ကဌ စိုးသိန်းသည် အရက် ဘီယာထုတ်မည်ဆိုပါက
လိုင်စင်ချက်ခြင်းပေးမယ်တဲ့။ပြည်သူ့ကျန်းမာရေးအတွက်ဆေးဝါးထုတ်လုပ်
မည့်တိုင်းရင်းသားလုပ်ငန်းရှင်များကျတော့ လိုင်စင်မပေးပါ။နိုင်ငံခြားသားများသာ
ရမည်ဟု ဆိုင်ငံ့ ထားပါတယ်။ ဘယ်လိုအစိုးရလဲဗျ. အရက်ဘီယာ ကျတော့ချက်ခြင်းတောင်
ခွင့်ပြုမယ်ဆိုပဲ။။ ဝန်ကြီးစိုးသိန်း ရေအေက်တန်းကျတဲ့စိတ်ဓါတ်နဲ့ MIC မှာမနေပါနဲ့။။ ငါတို့
ပြည်သူတွေ မင်းကြောင့် အောက်ခြေသိမ်းအလုပ်သမားဖြစ်တော့မယ်။။ မင်းလည်း သတိထားးး!!
အရက်၊ဆေးလိပ်၊ဘီယာ တွေကို ၃၀၀ %အခွန်ကာက်သင့်တယ်ဆိုတာကိုထောက်ခံပါတယ်။Spy Wine တွေပါ အပါအ၀င်ပေါ့။
Post a Comment