လေတပ်အရာရှိသုံးဦး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် ချမှတ်ခံရ

ဧပြီလ (၉) ရက်နေ့က မြိတ်လေတပ်စခန်းက လေတပ်အရာရှိသုံးဦးကို စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ စစ်ခုံရုံးဖွဲ့ပြီး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ်အနှစ် (၂၀) နဲ့ (၇) နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။
Photo: RFA
ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။
လေတပ်အရာရှိ သုံးဦးကို အင်တာနက် ဘလော့ဂ်နဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာ တပ်မတော်သားတွေရဲ့ ဘ၀အခြေအနေတွေကို ဖော်ပြရေးသားမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ကြရတဲ့ လေတပ်အရာရှိ သုံးဦးအနက် ဗိုလ်ကြီးနေလင်းဒွေးဟာ ကျန်းမာရေးမကောင်းဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
အရာရှိ ဗိုလ်ကြီးနေလင်းဒွေး ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) ကို အီလက်ထရောနစ်ပုဒ်မ ၃၃ (က) အပါအ၀င် ပုဒ်မ ၅/ည နဲ့ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်လိုက်ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ ကျန်တဲ့ ယာယီဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီး နှစ်ဦးကိုတော့ ဘယ်ထောင်မှာ ထိန်းသိမ်းထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
သူတို့အားလုံးကို စစ်ခုံးရုံးက စီရင်ချက်ချတဲ့အခါမှာ ရှေ့နေငှားခွင့်၊ ထုချေခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းမှာ မပြောင်းလဲတာဆိုလို့ တရားစီရင်ရေးစနစ်ဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်ကအတိုင်း စီရင်နေဆဲပဲဆိုတာ တွေ့နေရတယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးကပြောပါတယ်။
ဗိုလ်ကြီး နေလင်းဒွေးနဲ့ လေတပ်အရာရှိ နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့က တာဝန်ထမ်းဆောင်နေချိန်အတွင်း ရုတ်တရက်ဖမ်းဆီးခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာ တရားဝင် တွေ့ခွင့်မရသေးပါဘူး။
အဖမ်းခံရတဲ့ လေတပ်အရာရှိ သုံးဦးလုံးဟာ အင်တာနက်အီးမေးလ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲတတ်သူတွေဖြစ်ပါတယ်။ ဗိုလ်ကြီး နေလင်းဒွေးဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ ခြေထောက် ထိခိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် အရိုးမှာ ထုံကျဉ်ခိုက်ခဲတဲ့ ဝေဒနာခံစားနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA
လေတပ်အရာရှိသုံးဦး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် ချမှတ်ခံရ လေတပ်အရာရှိသုံးဦး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် ချမှတ်ခံရ Reviewed by သစ်ထူးလွင် on 10:39 Rating: 5

16 comments:

Anonymous said...

မတရားမှုပဲ
ဒီမိုကေ၇စီမှာအောက်ခြေမှာဖြစ်ပျက်နေတာကို
တင်ပြနိုင်မှသာအမှန်တ၇ားကိုပြင်ဆင်လို့ရမယ်ဆိုတာ
နိုင်ငံခေါင်းဆောင်များအနေနဲ့သိထားသင့်တယ်။
အားလုံးကမျိုသိပ်ဖုံးကွယ်ပေးနေသမျှ
အမှားတွေကိုဘယ်လိုပြန်ပြင်နိုင်ပါ့မလဲဆိုတာ
တပ်မတော်တခုလုံးသိသင့်တယ်။
မျိုးဆက်လူငယ်တွေကိုပြောသလိုလုပ်
ပေးတာယူကျွေးတာစားပြန်မပြောနဲ့ဆိုတဲ့
စနစ်ဆိုးကိုကျေးဇူးပြုပြီးရပ်တန့်ပေးပါတော့လို့
တောင်းပန်ချင်တယ်။
စစ်သားပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်ဖြစ်
လူသားမျိုးနွယ်တွေပါ။ခံစားတက်တယ်။နာကျင်တက်တယ်။
ခုလိုဝက်ဆိုက်တင်တာလောက်နဲ့အရေးယူတဲ့ပုဒ်မက
လူတယောက်ရဲ့သက်တန်းကိုဖျက်စီးလိုက်တာနဲ့
တူတူပဲ..ကျမတို့နိုင်ငံဒီမိုကေ၇စီဆိုတာ
မယုံရဲတော့ဘူး။
ပြန်လွတ်ပေးသင့်ပါတယ်။
ခံမပြောရဆိုတာအမိန့်ကိုနာခံရမယ်လို့ဆိုလိုခြင်းပဲ။
အဲ့ဒီစနစ်ဆိုးကိုပယ်ဖျက်ပေးကြပါ။

chartake mglay said...

ပြည်တွင်ဂျာနယ်တွေကမရဘူးလား ငါတိုကသစ်ထူးလွင်းကြောင်သတင်တွေသိ
ရပေ့မယ်ြ့ပည်တွင်ကတောသိမယ်မထင်းဘူး

ye ye said...

ကဲ.... သမ္မတကြီးရေ !
ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုပြီးယခုလုပ်ရပ်အတွက်ဖြေရှင်းပေးပါ။
အမှန်တရားအတွက်လုပ်ဆောင်နေတဲ့သူကိုအခုချက်ချင်းလွှတ်ပေးပါ။
မတရားတဲ့"အီလက်ထရောနစ်ဥပဒေ"ကိုဖျက်သိမ်းပေးပါ။

ZAWAUNG said...

မြန်မာဖက်ဆစ် ကွန်မြူနစ် ဓားပြမဒိန်း တပ်မတော် တွင်အချင်းချင်းဖြုတ်ထုတ်သတ်ပွဲလုပ်နေပါပြီ..
မဒိန်းတပ်မတော်၏ခေါင်းရှောင် ဗိုလ်ရှုပ်မူးကြီးသန်းရွှေ
ဖုတ်ဖက်ခါထွက်သွားပြီးနောက်ပိုင်း အဝေအစားမတည့်သည့်ပြသနာများ
အချင်းချင်းကြားဖြစ်ပေါ်နေကြလေပြီ..
ကြံ့ဖွံ့ အဖွဲ့မှာလည်း တိရိစ္ဆာန်ရုံ အတွင်း အခန်းလုပွဲများ..အဆောင်လုပွဲများ
အစာလုတိုက်ခိုက်ပွဲများအချင်းချင်း ဆင်နွဲလျက်ရှိကြပါသည်..
၎င်းတို့ရဲ့ သေးသောက် ရဲဘော် လမ်းပြဆရာကြီး မဆလပါတီ အတိုင်း
မကြာခင် ဇီဝန်ချုပ်ပြီး ငရဲစခန်းတစ်ခန်းသွားရန် တာစူနေကြလေပြီ..
မြန်မာပြည်သူများအတွက် ကောင်းသတင်းများဖြစ်သလို..
မြန်မာတို့ရွှေခေတ်ကိုမကြာခင်ရောက်ကြရပေတော့မည်...
အစိုးရအဆက်ဆက် ကိုလိုနီပြုခံထားရသော ငရဲဇာတ်အသွင်းခံထားရသော
တိုင်းရင်းသားအပေါင်း တို့မှာလည်း ဒီမိုကရေစီနဲ့ဖက်ဒရယ်မိုးရေစက်တို့ကို
မကြာခင်ခံစားသောက်သုံးခွင့်ရကြမည်ဖြစ်သဖြင့် ပျော်တပြုံးပြုံးနှင့်
စောင့်မျော်လက်ရှိပါသည်..ခွတ်ဒေါင်းကလည်းအားမာန်အဟုန်ဖြင့်
ခွေးခြင်္သေ့ ကိုထိုးသတ်ဖို့အချိန်ရောက်လို့လာပြီ..
မြန်မာငွေစက္ကူများတွင်ဗိုလ်ချုပ်ပုံတို့အစားထိုးရိုက်နှိပ်ရန်ရှိသည်..

nandar said...

သူတို့ကမှတကယ့်တပ်မတော်သားစစ်စစ်တွေပါ။အားလုံးက၀ိုင်းဝန်းတောင်းဆိုသင့်ကါတယ်သူတို့အတွက်။

Nwe Ni said...

မကောင်းတဲ့အကျင့်ဆိုးတွေရှိတဲ့ တရားစီရင်ရေးကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့လိုပါတယ်။
အခုတရားစီးရင်ရေးက လာတ်ပေး ရန်မလိုဖြစ်နေပါတယ်။

Bravo said...

အဲဒါကို ဘာဒီမိုကရေစီလို့ခေါ်ကြမလဲ။
မြန်မာ့လမ်းစဉ်ဒီမိုကရေစီ?
ဒါမှမဟုတ် ဦးသိန်းစိန်ဒီမိုကရေစီ?
ဒါမှမဟုတ် သန်းရွှေဒီမိုကရေစီ?

Anonymous said...

တပ်ထဲမှာနေ တပ်ကကြွေးတာစားပြီး တပ်ကိုသစ္စာဖောက်တယ်လို့ယူဆ
တာဖြစ်နိုင်တယ် တရားရုံးရဲ့အမိန့်မဟုတ်ဘူး သန်းရွှေရဲ့အမိန့်ဖြစ်နိုင်တယ်
ဒါစစ်တပ်ကိစ္စပါ သန်းရွှေမှာအာဏာရှိသေးတယ်ဆိုတာပဲ။

Jester508 said...

ပြည်တွင်းက ပြည်သူတွေသိအောင် ကြိုးစားပေးပါ...

ပုဂံစစ်သည် said...

သိန်းစိန်လဲ သန်းရွှေ၊ သန်းရွှေလဲ သိန်းစိန်၊ အတူတူနဲ့ အနူနူ၊ ဒီလူ့အဖွဲ့တွေ အကုန်မရှိမှ တိုင်းပြည်ကြီး သာယာဝပြောမှာ။ ဒီလူတွေ မြန်မြန်ပြုတ်ပါစေဗျာ.......

saisai66 said...

ရဲရဲဝံ့ဝံ့ဖေါ်ပြတာ ဒီမိုကရေစီလေ...
ဝေဖန်တာကိုလက်ခံမှပေါ့...တိုးတက်ချင်ရင်ပေါ့လေ........
စစ်တပ်ထဲမှာဒီမိုကရေစီမရသေးဘူးထင်တယ်...သနားပါတယ်...
ပြည့်သူ့သားသမီးတွေဘဲလေ......၀ဍ်လည်တာလဲဖြစ်နိုင်တယ်...
ပြည်သူတွေကိုသတ်ထားထားတာကိုး....ခံလိုက်အုံး

Red said...

ဲပြည်သူတွေကိုဖိနှိပ်လို့မရတော့အချင်းချင်းဖိနှိပ်နေကြတာလေ..ခုဆိုအားလုံးကထွက်ချင်နေကြတယ်...ကျေက်ဆည်ကဆက်သွယ်ရေးတပ်တစ်ခုမှာဆိုရင်
ဖုန်းပြောခကိုအ၀င်ရောအထွက်ရောကောက်ခံနေတယ်တဲ့ အဲဒီက ရတဲ့ဝင်ငွေဟာ တစ်လကို ၁၅ သိန်း လောက်ရပါတယ်တဲ့ အဲဒါကိုဘယ်သူကမှမပြောရဲကြလို့ဒီအတိုင်းပဲငြိမ်ခံနေကြပါတယ် (ဆသရ)တပ် လုပ်နေပြီးဘယ်ဖုန်းမှလိုင်းမမိပါဘူး.... "သူတို့ပြောတာတော့ဝဋ်ရှိသရွေ့တော့ခံလိုက်ပါဦးမယ်တဲ့"

Chit San Maung said...

ပြည်သူ့ဆန္ဒ (တပ်မတော်သားတွေ အပါအ၀င်)ကို ဖော်ထုတ်နေတဲ့ လွှတ်တော်ခင်ဗျား...။
ပြည်သူတွေကို ဒုက္ခပေးနေတဲ့ မတရားတဲ့ဥပဒေတွေကို အမြန်ဆုံး(အမြန်ဆုံး) ဖျက်သိမ်းဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်..။

phyoe said...

စစ်တပ်ထဲက စစ်ဗိုလ်တောင် အာမခံချက်မရှိဘူး ဆို အပြင်လူ ဆိုရင်တော့ မလွယ်ပါဘူး ဗျာ အဲဒါလား ဒီမိုကရေ စီ နိုင်ငံဆိုတာလေ
မဖြစ်သင့်ပါဘူး

san said...

လာဘ်စားတဲ့ဝန်ကြီးတွေကိုလည်းအရေးယူပါအုံး။ရှက်တတ်ရင်။တရားမျှတရင်။အရှက်မရှိတာတော့သိပြီးသားပါ။

gurugyi said...

ဒါမဖြစ်သင့်ဘူး။internet ရေးတာအပြစ်မဟုတ်ဘူး။ရင်ဖွင့်တာ။လွတ်လပ်
စွာပြောပိုင်ခွင့်ရှိတယ်။

Powered by Blogger.