ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)
ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုသည့်
သတင်းများ ယခုတလော ထွက်ပေါ်လျှက်ရှိရာ မြစ်ဆုံဆည်တည်ဆောက်ရေး
လုပ်ငန်းများလက်ရှိ အစိုးရလက်ထက်တွင် ရပ်နားထားမည်ဖြစ်သည်ဟု
ယနေ့ပြုလုပ်သည့် ကေအန်ယူနှင့် အစိုးရ အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲ
သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏ အမေးကို လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန
ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်သည်။
Yangon Press International
မြစ်ဆုံဆည်တည်ဆောက်ရေးကိုလက်ရှိ အစိုးရလက်ထက် ရပ်နားထားမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ထပ်မံပြောကြား
Reviewed by
သစ်ထူးလွင်
on
20:21
Rating:
5
20 comments:
စောင့်ကြည့်အုံးမယ် .. မြစ်ဆုံ မေခ မေလိခ မြစ်ကြောင်းတလျှောက် သတင်း သမားတွေကို ဝင် လေ့လာခွင့် ပေးရင်တော့ ရိုးသားစွာပြောဆိုမှုဘဲ.. မဟုတ်ရင်တော့ မယုံဘူး
သနားစရာဖြစ်လာပါပီ အမိပြန်မာပြည်
ပြောပြန်ပြီးလား ဦးဇော်မင်း
အပြောနဲ့အလုပ် ထပ်တူဖြစ်ပါစေလို
ဦးဇော်မင်း ၂ မျိုးပဲ ပြောတတ်တယ် အခုတစ်မျိုး တော်ကြာတစ်မျိုး
ဒီလူတွေကလူကြီးတွေေ၇ာဟုတ်၇ဲ့လား
ခုတမျိုးတော်ကြာတမျိုးဘာတွေလဲ ပြီး၇င်ခိုး
ကြောင်ခိုးဝှက်လုပ်မဲ့သဘောလား
မြန်မာနိုင်ငံ အရေးမို့ပွင့်ပွင့်လင်းလင်းရှိလိမ့်မယ် ထင်တယ်၊ဒါဆို ပတ်ဝန်းကျင်တစ်လျှောက် ကိုလေ့လာစောင့်ကြည့်ခွင့်ပေးစေချင်ပါတယ်၊ဒါဆို အငြင်းပွားမှု တွေမရှိတော့ဘူးပေါ့။
လက်ရှိအစိုးရလက်ထက်လည်း ရပ်ရမယ်။ နောက်အစိုးရလက်ထက်လည်း ရပ်ရမှာပဲ။ မရပ်ရင် လူသိရှင်ကြား အမျိုးသားရေး သစ္စာဖေါက်မှုပဲ။
အဲဒီ ဦးဇော်မင်း ဘာမှဝင်မပြောရင် အကောင်းဆုံးပဲ။
ဒီလူက အမျိုးသားသစ္စာဖောက် လောက်ကောင်။ ၀န်ကြီးနေရာနဲ့ ဘယ်လိုမှ မထိုက်တန်တဲ့ လူယုတ်မာ။ အခု မီးတွေပျက်နေတာ ဒီလူ ယုတ်မာနေတာ။ မိန်းမကျင့်မိန်းမကြံ ကြံနေတာ။
အရည်အချင်းလုံးဝ မရှိပဲ ဘ၀င်မြင့်နေတဲ့ လာဘ်စားကောင်။ သူအရည်အချင်းရှိရင် တိုင်းပြည်အပေါ် စေတနာရှိရင် ဗမာပြည်ကြီး မီးမှန်နေတာ ကြာလှပီ။ အခုတော့ ပိုတောင်ဆိုးလာသေး။
ကိုယ့်အလုပ် ကိုယ်မလုပ်ကြပဲ လျှပ်စစ်(၁)နဲ့(၂)က ဘော်လီဘောပုတ်နေကြတာ။ ခပ်တုံးတုံး ၀န်ကြီးတွေပါဗျာ.. တုံးတာထက် ကောက်ကျစ်တာက ပိုဆိုးတယ်။
သတင်းသမားများ သွားရောက်လေ့လာခွင့်တောင်းပြီး လေ့လာသင့်ပါတယ် ဒါမှသာ အမှန်တရားကို သိရမှာဖြစ်ပါတယ် သတင်းသမားများဝင်ခွင့်မပြုလျှင် မရိုးသားလို့ပဲဖြစ်ရမယ်။ ဒါ့ကြောင့် သတင်းသမားများ သွားရောက် လေ့လာဘို့ အရေးဆိုသင့်ပါတယ် .... သူတို့ပြောတာကိုယုံပြီး စိတ်ချလက်ချနေလို့မရပါ ....
မယုံဘူး။ ဒီစီမံကိန်းကို ဆက်ပြီးမလုပ်ဘဲ ရပ်လိုက်တဲ့အထိ ကျွန်တော်တို့ ပြည်သူတွေ တောင်းဆိုသွားရမယ်။
အဲဒါဆို CPI ကတရုတ်တွေက မြစ်ဆုံမှာဘာကိစ္စ ဆက်ပီးနေနေ
တာလဲ။ မြန်မာပြည်အိမ်ဦးမှာလာပီး အီးတက်ယိုနေတာ ကို ဘာ
လို့ ဘာမှမပြောကြတာလဲ။ CPI က၀န်ထမ်းတရုတ်တွေ ခုထိရှိ
တုန်းဘဲ။ တောထဲမှာ အမဲလေးပစ်လိုက်၊သစ်ခွလေးခူးလိုက်၊ကချင်
မလေးတွေကြောင်လိုက်နဲ့။ လုပ်ချင်တိုင်းလုပ်နေကြတုန်းဘဲ။
ရိုရိုသေသေပဲ ပြောလိုက်မယ်... ဦးဇော်မင်း ရာထူးကနေနူတ်ထွက်လိုက်ပါတော့...၂၀၁၅ထိရောက်အောင်အာဏာရူးနေမယ်ဆိုရင်တော့ မင်းပိုင်ဆိုင်ထားတာတွေ ပြည်သူ့ ပိုင်အဖြစ်အသိမ်းခံရလိမ့်မယ်...အစားမတော် တလုပ်နော်...သတိပေးနေတာ...
Media များအား သွားရောက် သတင်းရယူ ခွင့်ပေးစေလိုပါသည်....
Media များမှလည်း သတင်းရယူ ဖော်ပြ ပေးစေလိုပါသည်...
ဒင်းတို့ စကား ယုံခြင်စရာ တကွက်မှမရှိဘူး.. ချွေးသိပ် စကားပြောနေတယ်ထင်တယ်.... ခုတမျိုး တော်ကြာတစ်မျိုးပြောတတ်တာ ဒင်းတို့ အကျင့်ဘဲလေ... ဒါမျိုးတော့ တို့ ပြည်သူတွေ အံတိုနေပြီ... အမေစု လွှတ်တော်ထဲ မရောက်သေးခင်ကတောင် ဧရာဝတီအတွက် ရအောင်တိုက်ပွဲဝင်ခဲ့ကြသေးတာ... ခုဆို အမေစုလဲ လွှတ်တော်ထဲရောက်ပြီ... အမိ ဧရာဝတီအတွက် ဆက်ပြီးတိုက်ပွဲဝင်ရမယ်...
ဒီအစိုးရလက်ထက်ဆိုတော့ ဒီအစိုးရဆင်းသွားရင် ပြန်စမယ်ဆိုတဲ့သဘောလား။
ဝင်ရောက်ကြည့်ရှုရန် တောင်းဆိုနေသည့်အဖွဲ့ ကို ကြည့်ခွင့်ပေးသင့်ပါသည်။
မြစ်ဆုံကို အရင်အတိုင်းပြန်ဖြစ်အောင်ပြန်လုပ်ပေးဖို့နဲ့ တရုတ်စုတ်တွေကို မြစ်ဆုံကနေခွေးပြေးဝက်ပြေးပြေးရအောင် တက်ညီလက်ညီနဲ့ မြန်ပြည်သူ/သားများတောခြောက်မောင်းထုတ်ကြပါစို့ကွယ်...
ဟုတ်တယ် တယုတ်(စီးပိုးဘို.အညွန်.ချိုးဖျက်ဆီးဘို.၀န်မလေး)တွေကိုဘာစီးပွားရေးမှပေါင်းမလုပ်ကြပါနဲ.။သူတို.မှာဘုရား၊တရား၊ဆရာ၊မိဘမရှိတဲ.ကွန်မြူနစ်နော်။
အဲဒါကိုဆွေမျိုးပေါက်ဖေါ်လုပ်နေ၊ဟိုက၊ကလိကလိနဲ.ကြိတ်ရီပြီးခွေးပေါက်စ
လေးကိုဆော.သလိုမျိုးစနေတဲ.ပုံစံ။အဖေအမေမောင်နှမ၊မထာဘူးနော်မမေ.
နဲ.။မြစ်ဆုံကိုအသက်နဲ.လဲကာကွယ်မယ်။(ကြောက်တတ်ပေမည်.တကယ်
လဲပေးမယ်)
ဒီကောင်တွေအခုအချိန်ထိမပီသေးဘူးလား.........ပြောတော့ပြီးပါပြီးဆို........အဲဒါညာတာ.................လူတွေကိုမလေစာတာ.........
အဲဒီမြစ်ဆုံကမရက်သေဘူပေါ့လေ............ရုပ်မာလိုက်ကြတာ............လူလိမ်တွေ
လူမဆန်လိုက်တာ...........ပြောတော့ရက်လိုက်ပြီးတဲ
Post a Comment