ဟုမ္မလင်းမြို့တွင် ကျင်းပပြုလုပ်သော မြန်မာရိုးရာ အတာသင်္ကြင်္န်

ဓါတ်ပုံ လေဘယ်က ပထမဆုရ ယိမ်းအဖွဲ့ပါ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ ၁၃၇၃-၇၄ခုနှစ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ (၁၈၃၀)ချိန်၊ ဟုမ္မလင်းမြို့ အားကစားကွင်း
ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ရှိ၊ တပ်နယ်၊ တပ်ရင်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စု လုပ်သားပြည်သူများ ပါဝင်သော ယိမ်းအဖွဲ့ (၁၁)ဖွဲ့ တို့ ညစဉ် ယိမ်းအက အလှပြိုင်ပွဲများ
ပါဝင်ကြပြီး ၂၀၁၂ ဧပြီလ (၁၆)ရက်နေ့ (၂၀၃၀) ချိန်တွင် ဆုရရှိသော အသင်းများအား စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းရွှေ ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအေး၊ ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများမှ အသီးသီး
ဆုချီးမြှင့်၍ မန်းတောင်ရိပ်ခို သီချင်းဖြင့် အောင်မြင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဟုမ္မလင်းမြို့ မှ အောင်ကျော် ရေးသားပေးပို့ ထားတာပါ။
Myanmar News Now
ဟုမ္မလင်းမြို့တွင် ကျင်းပပြုလုပ်သော မြန်မာရိုးရာ အတာသင်္ကြင်္န် ဟုမ္မလင်းမြို့တွင် ကျင်းပပြုလုပ်သော မြန်မာရိုးရာ အတာသင်္ကြင်္န် Reviewed by သစ်ထူးလွင် on 16:04 Rating: 5

No comments:

Powered by Blogger.