သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့ နေရတဲ့ သုံးခွမြို့ နယ် (သတင်း-ဓါတ်ပုံ)
ဓါတ်ပုံ-မပိုးအိဖြူ Myanmar News Now
ရန်ကုန်တိုင်း သုံးခွမြို့ နယ် ကျေးရွာအများအပြားမှာ ရေရှားပါပြတ်လပ်မှုနဲ့ ကြုံတွေ့ နေရပါတယ်။
နောက်ပစ်နေတဲ့ တွင်ရေကို တခွက်ချင်း စစ်ခတ်နေကြရပြီ ၊ လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေ မျှတ
သုံးစွဲနေရတဖြစ်ပါတယ်။ အဆိုးရွားဆုံးကြုံတွေ့ နေရတာကတော့ သောက်သုံးရေပြတ်လပ်မှု
ဖြစ်ပေါ်နေခြင်းပါ။
နှစ်ချို့ ရေကန်တွေ ခန်းခြောက်သွားတဲ့အတွက် သောက်သုံးရေလုံးဝပြတ်လပ်နေခြင်းပါတယ်။
သုံးခွ မြို့ မှာရှိတဲ့ ရေခမ်းခြောက်ခြင်းမရှိသေးတဲ့ ရေကန်တွေကို မိုင်ပေါင်းများစွာဝေးတဲ့
ကျေးရွာတွေက ရေလာရောက်သယ်ယူနိုင်သူတွေက သယ်ယူကြတာတွေရပေမဲ့ မသယ်ယူ
နိုင်သူတွေလည်းရှိပါတယ်။
တချို့ ကျေးရွာတွေကတော့ အလှူရှင်တွေပို့ ပေးပို့ တဲ့ ရေကိုပဲ နေ့ စဉ်မျှော်လင့်သောက်သုံးနေ
ရတယ်လို့ ဆိုပါတယ်။
သုံးခွမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း နေ့ စဉ် ကျေးရွာတွေအရောက် ရေလှူဒါန်း
မှုပြုလုပ်နေပါတယ်။
သောက်သုံးရေလှူဒါန်းလိုသူများအနေနဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့ 
အောင်ဇေယျလမ်း၊ လင်းရောင်ဦးရုပ်ရှင်ရုံရှေ့  ဖုံး-05640787 နံနက် ၈ နာရီမှ ညနေ ၄ နာရီ
အတွင်း ဆက်သွယ်လှူဒန်းနိုင်ပါတယ်။
Myanmar News Now
7 comments:
nyinyi said...
အဝီစိတွင်းတူးလို့ ရပါသလားခင်ဗျာ...ရခဲ့ရင် ကုန်ကျစရိတ်ကို ခန့် မှန်းခြေပြောပေး စေလိုပါသည်....ကျေးဇူးတင်ပါသည်...
မြန်မာပြည်သား said...
ကိုညီညီခင်ဗျာ..အကိုစေတနာကိုနာလည်ပါတယ်..လောလောဆယ်...သောက်ရေလိုနေတာလေးကို....အကိုရောက်တဲအရက်ကနေတက်နိုင်သလောက်လှူတန်ရင်အခုလောလောစယ်ပိုပီအစဉ်ပြေပါကြောင်းအကြံပြုအပ်ပါတယ်.....ကျေးဇူတင်ပါတယ်
poe poe said...
ကိုညီညီ
အ၀ီစိတွင်းဆို ခန့်မှန်းခြေ 12 သိန်းနီးပါးကြပါတယ် ။ အသေးစိတ်ကို NLD
ရုံးမှာမေးမြန်းနိုင်ပါတယ် ။
nyinyi said...
NLD ရုံးချုပ်ကိုပြောတာပါလား... တခဏ အဆင်ပြေမှုအတွက် မနီးဆုံးရှိတဲ့မြန်မာပြည် ကသူတွေလှူဒါန်းနေတာတွေ့ ရပါတယ်..ကျွန်တော်ရဲ့ ရည်မှန်းချက်က ရေ ရှည်အတွက်ပါ...မြန်မာပြည်ထဲမှာ မရှိတဲ့အတွက် တခဏထက်စာရင် အချိန်အနည်း ငယ်ယူပြီး ရေရှည်အတွက် လုပ်ပေးချင်တာပါ..အကြံပြုချက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခငှ်ဗျာ..
poe poe said...
ကိုညီ ရွာတွေရဲ့ရေ အခြေအနေကိုသိချင်ရင် poeeiphyu.poe@google+.com မှာကြည့်လို့ရပါတယ် ။ ဖြစ်နိုင်ရင်တော့ တစ်ရွာမှာ အ၀ီစီတွင်း တစ်တွင်းစီတူးချင်တာပေါ့။ ဒါဆိုရေရှည်ပဲလေ ။ အခုလည်း အ၀ီစီတွင်းတွေ စလှူပြီး တူးနေပါပြီ ။ တွင်းတူတာရယ် ၊ ပိုက်ခတွေ၇ယ် ၊ စက်ရယ် ကို 12 သိန်း ကျပါတယ် ။ တုံကင် နဲ့ အုတ်ကန်ပါ အပြီးဆို 27 သိန်းကျပါတယ် ။ အသေးစိတ်ကိုသိချင်ရင် မေးလို့ရပါတယ် ။ လှူလို့လည်း ရပါတယ် ။
nyinyi said...
အဝီစိတွင်း လှူဒါန်ဖို့ အတွက် အလှူငွေစတင်ကောက်ခံနေပါတယ်..ကျွန်တော်တို့ ရဲ့ မြန်မာလူငယ်အသင်း ရန်ကုန်တာဝန်ခံမှတဆင့် ဆက်လက်ဆောင်ရွက်သွားပါမယ်..တစ်ရွာတစ်တွင်း ရအောင်ကျွန်တော်လည်းကြိုးစားနေပါတယ်...
poe poe said...
ကျေးဇူးတင်ပါတယ်။ ရေတွင်းတွေရဲ့ ရေချို ရေကြည်ထွက်နေပုံတွေ တင်ထားပါတယ် ၊ ကြည့်လို့ရပါ ပြီ ။
Powered by Blogger.