ဗြိတိန်ဝန်ကြီးချုပ် ဆန်ရှင်အမြန်ရုတ်ဖို့ ကြိုးစားမည်

နယူးဒေလီ (မဇ္ဈိမ)။   ။ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း David Cameron က မြန်မာအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ယခုခရီးစဉ်
အပြီးတွင် အမြန်ရုတ်သိမ်းရန်အတွက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ကြာသပတေးနေ့က
ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ဦးတည်သွားနေတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီလိုမျိုးတုန့်ပြန်ပေးရမှာဖြစ်ပြီး ဒါ့အတွက် နှောင့်နှေးကြန့်ကြာမနေသင့်ဘူး။ ဒါပေမယ့် ပထမဆုံး ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်ကိုယ်တိုင်ကိုယ်ကျ သိချင်မြင်ချင်ပါသေးတယ်” ဟု ဗြိတိသျှအသံလွှင့်ဌာန BBC အား ပြောဆို
လိုက်ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေး
ယူမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးခြင်း၊ NLD ပါတီအား လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့်ရရန် ဆောင်ရွက်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အား တရားမျှတစွာ ကျင်းပပေးခြင်းတို့ကြောင့် မူလက ချမှတ်ထားသော စီးပွားရေး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချသွားရန် အမေရိကန်နှင့် အနောက်နိုင်ငံများတွင် သဘောထားများ
ဖြစ်လာကြသည်။

မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားစီ တွေ့ဆုံရန်ရှိသည်။ ၀န်ကြီးချုပ် ကမရွန်းနှင့်အတူ  ထိပ်တန်း ဗြိတိသျှ စီးပွားရေး ကုမ္ပဏီကြီးများလည်း လိုက်ပါလာမည်ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဆန်ရှင်အမြန်ရုတ်ဖို့ ကြိုးစားမည် ဗြိတိန်ဝန်ကြီးချုပ် ဆန်ရှင်အမြန်ရုတ်ဖို့ ကြိုးစားမည် Reviewed by သစ်ထူးလွင် on 17:08 Rating: 5

14 comments:

Anonymous said...

ဆန်ရှင်အားလုံးဖွင့်ပေးမယ်ဆိုရင်ကန့်ကွက်တယ်။
လက်ရှိအစိုးရပါတီဝင်တွေညစ်ပတ်နေကြတာ
ပြည်သူအားလုံးသိနေတော့လည်း
အမေစုကိုလက်တွဲညှိနှိုင်းခြင်းဟာအကြံစည်တခုခုကြောင့်လား။
ပြည်သူတွေစိုးရီမ်နေကြတယ်။
လက်ရှိအစိုးရကိုထိန်းချုပ်နိုင်ဖို့ကဆန်ရှင်တခုတည်းကပဲဖြစ်တယ်။
လာမယ်ဆိုလည်းဗမာနိုင်ငံအစိုးရကို
လမ်းကြောင်းမှန်ေ၇ာက်အောင်ထိန်းချုပ်ပေးပါ။
ဒါမှဗမာပြည်သူတွေကိုကူညီရာရောက်ပါတယ်။
ဘာကိုမှစိတ်ချလို့မရသေးတာကို
သေချာစုံစမ်းစစ်ဆေးစေချင်ပါတယ်။

Anonymous said...

၈ လုံးနဲ့ အဖွဲ့ ပြုတ်ပြီးမှပဲ ရုတ်သိမ်းစေချင်တယ် . . သူတို့ အုပ်စု တွေကတော့ နာမည်ကြီးတွေလေ အားလုံး သိပြီးသားဖြစ်မှာပါ . . သန်းရွှေ ရဲ့  ငယ်ကျွန်တွေပေါ့ . . အခုထိ သူ့ မြေး စိန်မျောက်မျောက်ကို နေပြည်တော် လေဆိပ်မှာ VIP ဆိုပြီး စောင့်နေ ကြိုနေရတုံးလေ အဲဒါတွေက လက်ရှိအစိုးရထဲမှာ ပံ့ပိုးပေးနေတဲ့ သူတွေ ရှိနေတယ်ဆိုတာ အသိသာကြီးပဲ . . နိုင်ငံတစ်ကာမှာတော့ ဒါမျိုးက သိပ်ရှက်ဖို့ ကောင်းတဲ့ အလုပ်ပါ . . လူမုန်းများတော့ ကြောက်တာလဲ ပါမှာပေါ့လေ . . ဒါတွေ တိတိပပ ပျောက်ကွယ်သွားပြီးမှ ဆို ပိုကောင်းမယ် . . အခုအကုန်ဖွင့်ပေးလိုက်ရင် သူတို့ ကောင်းစားဖို့  စားခွက်ချပေးလိုက်သလို ဖြစ်နေအုံးမယ် . .

Mandalaythar said...

လက်ရှိအစိုးရရဲ့ လက်စားမှုတွေ မီးမလုံလောက်မှုတွေ ဖြစ်နေသရွေ့ဆန်ရှင်ရုပ်လည်းသိပ်ထူးမယ်မထင်ပါဘူး

moethout said...

သောက်၇ူးဟွန်နီလားဟန်နီလားဘဲတစ်နိုင်ငံလုံးတိုးတက်နေတာတဖြည်းဖြည်းစည်းလုံးလာနေတာမြင်၇ဲ့သားနဲ့။မိမိနိုင်ငံကိုသူများကပိတ်ဆို့ထား၇ာကနေဖွင့်ပေးတော့မှာကို၎င်းကသိပ်သဘောမကျချင်ဘူးဖြစ်နေသေးတယ်။

thet said...

ကင်မရွမ်းက
မြန်မာလိုမတတ်ဘူးလေ

မုန်းနိုင်ဦး said...

ငါတို့ကကျွှန်ပြုခံထားရတာနှစ်(၁၀၀)ပါ။ငါတော့ဒီကောင်တွေကိုအခုထိမယုံသေးဘူး။ပြီးတော့ဘာလို့သီးခြားတွေ့ဆုံချင်တာလဲ။ပြီးတော့ဘာလို့လုပ်ငန်းရှင်တွေပါလာတာလဲ။ငါတို့နိုင်ငံကသံယံဇာတပေါပါတယ်ကွာမင်းတို့ဆန်ရှင်ပိတ်ထားလည်းငါတို့နိုင်ငံထမင်းငတ်ပြီးမသေဘူး။ပြည်သူတွေအနေနဲဘယ်သူကိုမဆိုမျက်စိမှိတ်ပြီးယုံဖို့ဆိုတာလိုသေးတယ်ထင်တယ်။

lwannaymie said...

ဆန်ရှင်အားလုံးကို...မဖွင့်ပေးသင့်သေးပါဘူး။ဖွင့်လိုက်ရင်၊ဒမြဝန်ချီးအချို့နဲ့...သူခိုးအခွင့်ထူးခံလူကြီးတွေတာ...ချမ်းသာတထက်ချမ်းသာပြီး၊ပြည်သူတွေ...အတွက်နည်းနည်းဘဲရမှာပါ။ လုပ်နည်းမှားရင်၊ပြည်သူဘဲခံရမှာပါ။

Aungsoe said...

ကျနော်တို့တခုသတိချပ်ရမှာက အနောက်နိုင်ငံနဲ့ စီးပွါးရေးတွေလုပ်ပြီး၊ တရုတ်ရဲ့ သြဇာလွှမ်းမိုးချယ်လှယ်မှုနဲ့ တရုတ်ရဲ့စီးပွါးရေးဂုတ်သွေးစုပ်နေမှု
ကိုရှောင်ကျဉ်မလား ? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ စီးပွါးရေးအရ ဂုတ်သွေးစုပ်မှုနဲ့ သြဇာလွှမ်းမိုးမှုကို ခံယူပြီး နိုင်ငံကို ဖျက်ဆီးခံမလား ?
အပြောင်းအလဲတွေအထိုက်အလျှောက်ဖြစ်ပေါ်နေပြီးဖြစ်တဲ့အတွက် အပြုသဘောဘောင်အတွင်းကနေ ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဆီသို့ ချီတက်ကြမည်ဆိုလျှင်၊ စီးပွါးရေးပိတ်ဆို့ မှုတွေလုပ်ထားရင်....တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဟာ နောက်ကျနေဦးမှာပဲ..။ ဆန်းရှင်းနဲ့ပတ်သက်ပြီး ခေါင်းဆောင်ပါလို့ခံ ယူထားသူတွေရဲ့ လုပ်ရပ်အပေါ်မှာ အများကြီးမူတည်နေပါတယ်။
ကျနော့်အနေနဲ့ကတော့ အခုချိန်ခါမှာ ဆန်းရှင်းရုပ်သိမ်းပေးသင့်ပါပြီး။

yoyolay said...

အတိုင်းအတာတခုထိတော့ဖွင့်ပေးသင့်ပါတယ် ..

ဖိုးတောက် said...

ဖွင့်ထားတာတော့ အကောင်းဆုံးလို့ထင်ပါတယ်...
ဒီအပေါ်မှာ နိုင်ငံရေးအသိ သတိတွေနဲ့ သတိရှိရှိစောင့်ကြည့်ကြဖို့ပဲ လိုတယ်လို့ ထင်လို့ပါ...
လက်ရှိ စားဝတ်နေရေး ခက်ခဲနေတာ သာမန် အရပ်သားတွေပါ.... အဲဒီ့လူတွေအတွက် ဘယ်လိုကောင်းနိုင်လဲ...
အားလုံးအတွက် မျှတတဲ့ရလဒ်အတွက် တတ်သိနားလည်သူများ သုံးသပ်ပေးကြပါဦး..

Anonymous said...

ဒီမိုကရေစီနိုင်ငံကြီးက မြန်မာကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တာ အမှန်ပါပဲ။ အခြေအနေသိပ်မဆိုးခင် ဆိုင်ရှင်ရုပ်သိမ်းပေးစေချင်ပါတယ်။ ဆင်ပိန်ကျွဲတွေက မထောင်းသာပေမဲ့ ဆင်းရဲတဲ့သူတွေ မြန်မြန်နာလန်ထစေချင်ပါတယ်။

Anonymous said...

ကိုအောင်စိုးပြောတာ မှန်ပါတယ်.. ပိတ်ဆို့မှုဆိုတာ ဘယ်အစိုးရမှ မထိပါဘူး ပြည်သူတွေပဲ ထိတာပါ... ပိတ်ဆို့မှုကို မရုပ်သိမ်းသင့်ဘူးလို့ ပြောနေတဲ့လူဟာ မင်းသားကြီးမလုပ်ရလို့ ပန်းမကြီးထိုးဖောက်မဲ့ လူမျိုးတွေဖြစ်ပါလိမ့်မယ်.. ငါတို့အာဏာမရသရွေ့ ပိတ်ဆို့မှု မရုပ်သိမ်းသင့်ဆိုတဲ့ စကားဟာ ကျွန်တော်တို့လို ပါတီနိုင်ငံရေးအနှောင်အဖွဲ့ကင်းတဲ့ အမျိုးသားနိုင်ငံရေးဝါဒီတွေအတွက်တော့ တကယ့်ဒေါသထွက်စရာ စကားတွေပါ.... ကိုယ့်ပြည်သူတွေကို ထိခိုက်မယ့်ကိစ္စကို ဘာဖြစ်လို့ ဒီလောက်တောင်များ အားပေးအားမြှောက်ပြုနေရပါ သလဲလို့ မေးလိုက်ချင်ပါတယ်.. ဆက်လက်ပိတ်ဆို့ထားရင်တော့ တရုတ်ရဲ့ သွေးစုပ်မှုကို ဆက်လက်ခံနေရအုံးမှာပါဘဲ...

a nge said...

ဟုတ်ပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသင့်ပါပြီ ။ ကျွန်တော်တို့ကမြန်မာနိုင်ငံတွင်းမှာနေတဲ့သူတွေဆိုတော့ ပိတ်ဆို့မှုကိုမလိုလားပါဘူးခင်ဗျ ။ အစိုးရကြောင့်လုပ်တာကို ခံနေရတာကကျွန်တော်တို့လို ပြည်သူတွေပဲ ထိတာလေ။ အစိုးရက ပိတ်ဆို့ခံရရင် တရုတ်တွေကိုပြေးကပ် ၊ တရုတ်တွေကလည်း သွေးစုပ်တော့ ခံရတာက ကျွန်တော်တို့ပြည်သူတွေပဲလေ ။ အဲဒါကြောင့်မို့ နိုင်ငံခြားက တစ်ချို့သောကိုကို မမ တို့ အစိုးရကို မကျေနပ်လို့ ပိတ်ဆို့မှုတွေ ကိုမဖယ်သင့်ဘူးမဖယ်သင့်ဘူးလို့ချည်း မပြောကြပါနဲ့ ။ နိုင်ငံတွင်းမှာခံနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်လည်းစဉ်းစားပေးကြပါအုံးဗျ ။ ခုဆို ပိတ်ဆို့မှုတွေ မဖွင့်သေးလို့ သူများနိုင်ငံတွေက ဖုန်းဆက်သွယ်ရေးတွေ ၊အင်တာနက် ကွန်နက်ရှင်တွေ လမ်းတံတားတွေ မှာရင်းနှီးချင်တာတောင် မလာရဲသေးဘူးမလား ။ အစိုးရတွေက ရဟတ်ယာဉ်နဲ့စီးသွားတော့ အဲဒါတွေ မကောင်းလည်း ဘာမှ မဖြစ်ဘူးလေ ။ ကျွန်တော်တို့ပဲခံနေရတာပါဗျ ။ မြန်မာနိုင်ငံမှာလာပြီး အင်တာနက်သုံးရင်း ကိုယ်ချင်းစာပေးကြပါအုံးဗျာ ။ ပိတ်ဆို့ခံရတာကို စိတ်နာလွန်းလို့ ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်နေတာပါဗျာ ။

U Nay Min said...

ဆန်ရှင်အားလုံးကိုလဲ ဒီလောက်မြန်မြန်ကြီး ချက်ချင်းရုပ်မှာမဟုတ်ဘူးလို့တော့ ထင်တယ်၊ အချိန်အတိုင်းအတာတခုတော့ ရှိနေမှာပါ၊ သူတို့မှာလဲ ယခင်အစိုးရက ခဏခဏ လိမ်နေတဲဟာတွေရှိနေတော့ စဉ်းစားထားပြီးသားဖြစ်မှာပါ၊
ဘာပဲဖြစ်ဖြစ် နိုင်ငံတော် အတိုင်းအတာတခု ထိဖြစ်လာရင်တော့ singapore နဲ့ ယခင် မြန်မာ passport ကိုအထင်သေးခဲ့တဲ့ နိုင်ငံတွေကို အိမ်သာတက်ဖို့အလည်သွားမဲ့ မြန်မာလူမျိုးတွေ အများကြီးရှိလာအုန်းမှာပေါ့လေ........

Powered by Blogger.