မြန်မာကာစတန်များ ကုန်ကားတစ်စီး ငွေကျပ် ၅ သောင်း တောင်း

တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင် - မူစယ်အဝင်အထွက် ဂိတ်ပေါက်တစ်ခုဖြစ်သည့် မန်ဝိန်းဂိတ်တွင် မြန်မာအကောက် အခွန်ဝန်ထမ်းများမှ ကုန်ကားတစ်စီး အနည်းဆုံး ကျပ်ငွေ ၅ သောင်း တောင်းယူနေကြောင်း ကုန်သည်အသိုင်းအဝိုင်း အဆိုအရ သိရသည် ။

မူဆယ် ၁၀၅ မိုင်ဂိတ်

အခွန်ဆောင်ထားသော ကုန်ကားများ တရုတ် ကျယ်ဂေါင်ဘက်မှ မူစယ်ဘက်သို့ ၀င်ရောက်ရာတွင် မန်ဝိန်းဂိတ်တာဝန်ကျ အကောက်အခွန်ဝန်ထမ်းများမှ မလိုအပ်ပဲ ရှာဖွေစစ်ဆေးပြီး ငွေတောင်းယူနေခြင်း ဖြစ်ကြောင်း အမည်မဖေါ်လို သူ ကုန်သည်တစ်ဦးက ဆိုသည် ။“မန်ဝိန်းကာစတန်ပေါ့နော် အခွန်ဆောင်ပြီးသား ဂျူတီနဲ့ထွက်တဲ့ ကုန်တင်ကားတွေကို သွားလို့မရအောင် ခုံတန်းကြီးချ ထားပြီးတော့ ဖွင့်ဖေါက်စစ်ဆေးတယ်  ပိုက်ဆံတောင်းတာ အနည်းဆုံး ၅ သောင်းပေါ့နော်” ဟု သူက ဆိုသည်။
မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌သာ ကုန်စစ်ဆေးရေးဂိတ် အဓိကနေရာ အဖြစ်ထားရှိသည့် အတွက် မန်ဝိန်းဂိတ်တွင် စစ်ဆေးရန်  မလိုအပ်ကြောင်း သူက ဆက်ပြောသည် ။“အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေကို တောင်းယူပြီး ကုန်ပစ္စည်းနဲ့ တိုက်ကြည့်တာပေါ့နော်။ ကားတွေကို မိုးကာ လှန်ပြီးဖွင့်ဖေါက် စစ်ဆေးတာပေါ့နော်။ တကယ်တမ်းပြောရရင် မန်ဝိန်းက ကုန်စစ်ဆေးတဲ့ ချက်ပွိုင့်မဟုတ်ဘူးလေ ။ တကယ်လို့ အဲဒီပိုက်ဆံ ၅ သောင်းပေးတယ်ဆိုရင်တော့ မစစ်ဘူးပေါ့ ” ဟု ဆိုသည် ။၂၀၀၆ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများတွင် တာဝန်ကျသည့် ကာစတန်ဝန်ထမ်း အများစုကို လာဘ်စားမှုဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကာစတန်ဌာနကို ပြန်လည်အသစ်ဖွဲ့စည်း ထား ခြင်း ဖြစ်ကြောင်း သိရသည် ။ယခင်က ကာစတန်ဌာနကို နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန လက်အောက်တွင် ထားရှိခဲ့ရာမှ ယခုနှစ်ဆန်းပိုင်း၌ သီးခြား တာဝန်ချထားခဲ့ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
မြန်မာကာစတန်များ ကုန်ကားတစ်စီး ငွေကျပ် ၅ သောင်း တောင်း မြန်မာကာစတန်များ ကုန်ကားတစ်စီး ငွေကျပ် ၅ သောင်း တောင်း Reviewed by သစ်ထူးလွင် on 18:26 Rating: 5

10 comments:

pyaponthu said...

အစိုးရက တရုတ်သွင်းကုန်ကို သေချာစစ်ဆေးသင့်တယ်။အခွန်ကိုလည်းတရုတ်တွေလိုဘဲ တရားဝင်ပိုကောက်သင့်တယ်။တရုတ်လိုဘဲရေးထားတဲ့ကုန်မှန်သမျှမသွင်းသင့်ဘူး။တတ်နိုင်ရင်တရုတ်ပစ္စည်းတွေ မြန်မာနိုင်ငံထဲဘာမှ မသွင်းတာအကောင်းဆုံဘဲ။

4612khncho said...

၅ သောင်းထက် မက တောင်းနေကြတာပါ။တကယ်စစ် ရင် ပေါ်ပါတယ်။ဝန်ထမ်းတွေလည်း ဒီနေရာရောက်ဖို့ အထက်လူကြီးအဆက်ဆက်ကိုပေးနေရတာပါ။သေချာပေါ်အောင်စစ်ပါ။လူကြီးအဆက်ဆက်ထိ ပါတဲ့သူအကုန်စစ်ပြီးအရေးယူပေးပါ။

4612khncho said...

၅ သောင်းထက် မက တောင်းနေကြတာပါ။တကယ်စစ် ရင် ပေါ်ပါတယ်။ဝန်ထမ်းတွေလည်း ဒီနေရာရောက်ဖို့ အထက်လူကြီးအဆက်ဆက်ကိုပေးနေရတာပါ။သေချာပေါ်အောင်စစ်ပါ။လူကြီးအဆက်ဆက်ထိ ပါတဲ့သူအကုန်စစ်ပြီးအရေးယူပေးပါ။

ကိုကို said...

ဒီစောက်ကျင့်တွေဘယ်တော့မှပျောက်မလဲ

Anonymous said...

ဝိသမလောဘသား ကုန်သည်တွေနဲ့ အကျင့်ပျက်ချစားတဲ့ ၀န်ထမ်းတွေနဲ့က အချိုးညီပြီး အတော်ပဲသင့်မြတ်လှပါတယ်.. အစိုးရအနေနဲ့ ဒါတွေကို အမြန်အမြစ်ဖြုတ်သင့်ပါတယ်.. ကုန်သည်တွေက အခွန်ရှောင်ချင်တယ်.. ဒါကို သိတဲ့ နယ်စပ်ဂိတ်စောင့်နေတဲ့ ၀န်ထမ်းတွေက ငွေညှစ်တယ်.. နိုင်ငံတော်သာ ဒီငွေတွေကို အခွန်အဖြစ် ရလိုက်ရင် တင်ရှိနေတဲ့ ကြွေးမှီးတွေက တစ်နှစ်တောင် မဆပ်ထိ ပါဘူးဗျာ.. မြ၀တီဘက်မှာဆို ပိုပြီးတောင် ဆိုးသေးတယ်..

win said...

ဒါတွေ မဖြစ်သင့်တော့ပါဘူး
ထိထိ ရောက်ရောက်တော့တားသင့်ပါတယ်
ရှေ့မရောက်ပဲနေမှာဆိုးလို့ပါ

myintkoko said...

လူပြောင်းပေမဲ့မူမပြောင်းဘူး တောင်းမြဲတော်င်းနေတာပဲ
ခွင့်ပြုကုန်ပစည်းဆိုရင် ငါးသောင်းကျပ် တားမြစ်ကုန်ဆိုရင်
ငါးသိန်းပေးရတယ် ကာစတန် ရော ရဲေ၇ာ တောင်းတာမဟုတ်
ဘူး ဂိတ်မှာသူတို့ ခိုင်းထားတဲ့ ဝန်ထမ်းမဟုတ်တဲ့ သူတွေက
တောင်းပေးတာ နောက်တခုရှိသေးတယ် ယာယီနိုင်ငံကူးလက်
မှတ်လုပ်တဲ့နေရာမှာလည်းတရုတ်ကမတောင်းဘူးမြန်မာက
တခါဝင်ရင် ငါးရာကျပ်တောင်းတယ် တနေ့ နှစ်ခေါက်သုံးခေါက်
ဝင်တဲ့သူတွေကျတော့ မပေးနိုင်တော့ဘူး ဒီတော့ခိုးလမ်းကနေ
ဝင်ရတယ်တရုတ်ရဲနဲ့တွေ့ တော့အဖမ်းခံရတယ်
နိုင်ငံကူးလက်မှတ်၇ငွေကလည်းနိုင်ငံတော်ဘဏ်ထဲဘယ်
လောက်ဝင်လို့လဲ စီစစ်ဘို့ကောင်းတယ်တနေ့ကိုလူထောင်နဲ့ 
ချိပြီးဝင်နေတာ သူတို့ ကလည်းဒီနေ၇ာ၇ဖို့ သိန်းရာနဲ့ ချီ
ကတော့ခဲ့ ရတယ်လို့ ပြောတယ်ထောင်မြင်လို့ ရာစွန့် 
တာပဲ

ko thar htoo said...

အခွန်တွေကမျှတရင် ကုန်သည်တိုင်းကဆောင်ကြမှာပါ။ အခုဖြစ်နေတာက၊ ပိုင်ရင် ပိုင်သလိုအခွန်မဆောင်ကြတော့ ကျန်တဲ့လုပ်ငန်းရှင် တွေကဈေးလျှင်ပြီးမရောင်းနိုင်တော့ နစ်နာကြရပါတယ်။ အားလုံးကို မျှမျှ တတ တပြေးညီဖြစ်ရင် အားလုံးအဆင်ပြေ သွားပါလိမ့်မယ်။ ပြည်သူတွေကလဲ အခွန်ဆောင်ပြီးသား ပစ္စည်းဈေးကို ပေးချင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ တစ်ကျပ်တန် ပစ္စည်းဟာ အခွန်ဆောင်ရင် တစ်ကျပ်ခွဲဖြစ်သွားရင် အရင်ကတကျပ်ပဲပေးပြီး ဝယ်တဲ့သူကဝယ်ချင်ပ မလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ နောက်ဆုံးကျရင် ပြည်သူတွေဘဲ၊ စားသုံးသူတွေဘဲ ရက်ရက်စက်စက် နစ်နာကြရတာပါ။ တခုရှိတာက အခွန်ကိုမဆောင်ဖြစ်အောင် ရာခိုင်နုန်း ကြီးကြီး ကိုတမင်များလုပ်ထားသလားလို့တောင်ထင်ရပါတယ်။ ဒါမှလဲ သူတို့လတ်စားလို့ရမှာပါ။ အရင်က ဆိုရင်လုပ်ငန်းရှင်တွေကို သင်တမ်းတွေပို့ခြ တာမျိုးတွေရှိပေမဲ့ အခုတော့ဒါမျိုးတွေ မရှိတာ တော်တော်ကြာခဲ့ပြီ။ သာမန်လူတယောက် မပြောနဲ့ လုပ်ငန်းရှင်တောင်ဘယ်လိုအခွန်ဆောင်ပြီး ဘယ်လိုလိုင်စင်ထုတ်ရမည်မှန်းမသိပါ။ ပွဲစားတွေနဲ့ အပ်နေရတုန်း။

Anonymous said...

သူခိုးများစုဝေးနေသောနေရာကို
BURMA ဟုခေါ်သည်။

Powered by Blogger.