မြန်မာနိုင်ငံမှာ မကြာခင် နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိကြောင်း
အော်စလိုမြို့ကိုရောက်ရှိနေတဲ့ မြန်မာ အစိုးရ
ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဥိးအောင်မင်းက ပြောကြားလိုက်ပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ ဧပရယ်လ ၁၇ ရက်နေ့က တွေ့ဆုံပြီးတဲ့နောက် ဥိးအောင်မင်းက အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ နှစ်ဘက်တွေ့ဆုံရာမှာ ဥိးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကိစ္စကို အဓိကထားရှင်းပြခဲ့ပြီး နော်ဝေးနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနီးကပ် ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒီဗွီဘီ

မြန်မာနိုင်ငံမှာ နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိ
Reviewed by သစ်ထူးလွင်
on
17:01
Rating:
5 comments:
တိုင်းပြည်ငြိးချမ်းဖို့ဆိုရင်..နိုင်ငံတကာမကလို့ သကြားမင်းကြီးတောင် ဆင်းပြီးလုပ်ပေးရင်တောင် လက်ခံရလိမ့်မယ်ထင်တာပဲ... ဒါပေမယ့် အမြင်ကျဉ်းမြောင်းတဲ့ ဖက်ဒရယ်တို့အကြောင်းကိုတော့ ငြိမ်းချမ်းရေးမှာ ထည့်မပြောကြရင်တော့ အမြန်ဆုံးငြိမ်းချမ်းပါလိမ့်မယ်.. ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိအစိုးရကလည်း ပြည်ထောင်စုမပြိုကွဲအောင် ထိန်းသိမ်းရမှာမို့ လို့လေ.. အလားတူ အစိုးရဘက်ကလည်း ပြည်ထောင်စုတစ်ဝှမ်းလုံး တန်တူညီမျှ ဖွံ့ဖြိုးဖို့ဆောင်ရွက်ဖို့လည်း လိုမှာပေါ့..
တကယ် အားကိုးရမှာလားဆိုတာ ....
ဝန်ကြီးဦးအောင်မင်းခင်ဗျာ၊ လူကြီးမင်းတို့ ရောက်နေတဲ့နော်ဝေတိုင်းပြည်န့ဲ့မြန်မာပြည်ဟာ ဘာတွေကွာခြားနေလဲ၊ ဘာကြောင့်လဲ ၊ ဘယ်သူတွေကြောင့်လဲ၊ ဘာတွေလုပ်သင့်သလဲ ဆိုတာ တိုင်းပြည်ကိုချစ်တဲ့ဝန်ကြီးတစ်ယောက်အနေနဲ ချိန်ဆ့စဉ်းစားကြည့်ပါ။အဖြေမှန်တွေ့ ရင် လူကြီးမင်းဟာဝန်ကြီးရာထူးနဲ့ သင့် လျော်ပါပေတယ်။ အဖြေမှန်ကဘာလဲ ???????
ရထားဝန်ကြီးက ရထားလိုင်းတွေဖွံ့ဖြိုးဖို့မလုပ်ပဲ ငြိမ်းချမ်းရေးကိစ္စလုပ်နေတာ နေရာမကျလှသေးဘူး၊ ခန့်တုန်းက ဘယ်သူဘယ်နေရာသင့်တော်တယ်ဆိုတာ သမ္မတကြီးမစဉ်းစားခဲ့လေရော့သလား။
သမ္မတကြီးအနေနဲ့...ဝန်ကြီးဦးအောင်မင်းအား...ရာထူးတစ်ခုတည်းကိုတာ...သေခြာခိုင်းစေခြင်ပါတယ်။ သူအလုပ်များလေလေ...အောက်လက်က...ဂွင်များများရိုက်လေလေ...ဖြစ်နေလိမ်မယ်။ (တော်တယ်ထင်ပြီး..စွတ်ခိုင်း၍ မရပါ)။ (သမ္မတကြီး...ကြည့်လုပ်ပေးပါအုံး)။ လေးစားလျှက်----။
Post a Comment