ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့် လယ်မကျေးရွာ

ပြင်ဦးလွင်ဒေသမှာ (၇-၄-၂၀၁၂) စနေနေ့ ည (၁၀) နာရီခန့်က
လေပြင်းတိုက်ခတ်သွားခြင်းကြောင့
် ပြင်ဦးလွင် မြို့နယ် ၊ ဘော်အုပ်စု ၊
အမှတ်  (၂) နယ်မြေက လယ်မကျေးရွာ ၊ ဘော်ကျေးရွာ တွေမှာ နေအိမ်များ
ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လယ်မကျေးရွာတွင် အိမ်ခြေ (၆၀) ၊ လူဦးရေ (၂၃၀)
ရှိပြီး အိမ် (၅၅) လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါသည်။

 
လယ်မကျေးရွာသည် ယခင်က ဒုဋ္ဌ၀တီမြစ်ဘေးတွင်တည်ရှိခဲ့ပြီး ရဲရွာရေအားလျှပ်စစ်
စီမံကိန်းကြောင့် ရေလွှမ်းဧရိယာအတွင်းကျရောက် ခဲ့သဖြင့် ယခုအခါ
ပြင်ဦးလွင်မြို့နှင့် (၁၆) မိုင်ခန့်အကွာ၊ ဘော်ကျေးရွာအနီးသို့
လွန်ခဲ့သော (၄) နှစ်ခန့်က  ပြောင်းရွှေ့ရွာသစ် တည်ထား ခြင်းဖြစ်ပါသည်။

 
ဆောက်လက်စ ဘုန်းကြီးကျောင်း အုတ်နံရံ ပြိုကျပျက်စီးခဲ့ပြီး
အိမ်အများစုမှာ အမိုးများ ပျက်စီးခဲ့ပါသည်။ကျေးရွာနေ ရွာသူရွာသားများမှာ
ကိုယ်ပိုင် စိုက်ပျိုးစားသောက်ရန် မြေယာများ နည်းပါးမှုကြောင့် အများစုမှာ
နေ့စား၊ လက်လုပ်လက်စားများသာ ဖြစ်ကြပါသည်။

 
ဘော်ကျေးရွာတွင်လည်း ဘုန်းတော်ကြီးကျောင်း သွပ်မိုးတပြင်လုံး
ကျွတ်ထွက်ပျက်စီးခဲ့ပြီး တဲအိမ် (၂၀) ခန့်လည်း ပျက်စီးခဲ့ပါသည်။

 
(၈-၄-၂၀၁၂) ရက်နေ့ တွင် ပြင်ဦးလွင်မြို့မှ  စေတနာရှင် အလှူရှင်တစ်စုက
လယ်မကျေးရွာ၊ လေဘေးသင့် ရွာသူရွာသားများ အတွက် ဆန် (၁၅) အိတ်နှင့်
မိုးကာဖျင်စများ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍
လှူဒါန်းထောက်ပံ့လိုသူ စေတနာရှင်များအနေဖြင့် အောက်ပါ အတိုင်း
ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

 
(က) သန္တိသုခ လူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်မြို့ (ဖုန်း- 085 28046)
( ခ ) ပညာ့ရောင်ခြည် ပညာရေးကူညီထောက်ပံ့မှုအဖွဲ့၊ ပြင်ဦးလွင်မြို့
      (ဖုန်း- 0950 12485 , 0920 44293)


Myanmar News Now


ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့် လယ်မကျေးရွာ ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့် လယ်မကျေးရွာ Reviewed by သစ်ထူးလွင် on 22:35 Rating: 5

1 comment:

oaksoeaung@gmail.com said...

မီးလောင်ရတာနဲ့လေမုန်တိုင်းဒဏ်ခံရတာနဲ့...ကပ်ဆိုက်နေသလားအောင့်မေ့ရတယ်

Powered by Blogger.