ဓာတ်ပုံ AP
NLD အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ်က ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့
စကားရပ်ပြင်ဆင်နိုင်ရေးကိစ္စကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော်
ကိုယ်စားလှယ် အများစုကတော့ မပြောင်းလဲရေးဘက်ကိုသာ စိတ်ဝင်စားနေကြတယ်လို့
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးက
ပြောလိုက်ပါတယ်၊ ဒါ့အပြင် လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ထပ်မံ ကျင်းပမယ့်
ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီရဲ့ ကိစ္စ ကို လွှတ်တော်အမတ်တချို့
ဆွေးနွေးဖို့လည်း ရှိပါတယ်၊ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ထဲ ဘယ်လို
အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာနဲ့ NLD ကိစ္စအပေါ် လွှတ်တော်
ကိုယ်စားလှယ်တချို့ရဲ့ သဘောထားတွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
လွှတ်တော်မတက်ခင် ကိုယ်စားလှယ်တွေ ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ်ပြင်ဆင်နိုင်ရေး အတွက် ကြိုးစား နေတာမို့ မနေ့ကတည်းက ပြန်စနေပြီ ဖြစ်တဲ့ လွှတ်တော်တွေကို NLD ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ကြသေး ပါဘူး၊ ဒီကနေ့ ဧပြီလ ၂၄ ရက်မှာ လွှတ်တော် နှစ်ရပ် ပေါင်းပြီး ပြည်ထောင်စု လွှတ်တော် ခေါ်ယူ ကျင်းပ ခဲ့ပါတယ်၊ လွှတ်တော်အမတ်တွေ စုံညီတွေ့ကြတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ အမတ်အများစုရဲ့ သဘောထားကတော့ ကျမ်းကျိန် စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ် ပြောင်းလဲရေး စိတ်မ၀င်စားကြဘူးလို့ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေက ပြောပါတယ်။
- အားလုံးကတော့ စိတ်ဝင်စားပါတယ်။ စိတ်ဝင်စားတယ်ဆိုတာက ကျနော်တို့က မပြောင်းလဲဖို့ စိတ်ဝင်စားတာပါ။ ကျနော်တို့ သဘောထားကတော့ ကမ္ဘာ့လွှတ်တော်အသီးသီးက ကျန်းကျိန်တဲ့စာတွေ ရှိတယ်လေ၊ အဲဒီစာတွေမှာ အားလုံးက ခု ကျနော်တို့ရဲ့ စာတွေက အဲဒီ ကမ္ဘာ့လွှတ်တော်တွေက အတိုင်းပါပဲ။ ကျနော်တို့က အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ရမယ်ပေါ့၊ ကမ္ဘာအရပ်ရပ်က လွှတ်တော်တွေက စာတွေအတိုင်း ဖြည့်ထားတာပဲ ဖြစ်ပါ တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဇယား (၄)ကို ပြင်ဆင်နိုင်ဖို့ ကိစ္စကို လာမယ့် ဧပြီလ ၂၆ ရက် ကြာသပတေးနေ့မှာ ထပ်မံ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့ ရှိပါတယ်။
- အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ကြာသပတေးနေ့ကျရင် ဆွေးနွေးမယ့်လူတွေ ရှိပါတယ်။ ချင်းကိုယ်စားလှယ်တွေ နာမည်ပေးထားတယ်လို့ ကြားတယ်။
ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေက ပြောပြခဲ့တာပါရှင်၊ ခုကိစ္စကို လွှတ်တော် အတွင်း ဆွေးနွေးညှိနှိုင်းလာဖို့အတွက် တိုင်းရင်းသားပါတီတချို့ကြားမှာလည်း စတင် ညှိနှိုင်း ဆောင်ရွက် တာတွေ လုပ်နေ ပြီလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကလည်း ပြောပါတယ်၊
- လွှတ်တော်မှာအတိုင်း မဟုတ်ရင်တောင်မှ မနေ့ညက ကျနော်တို့ တိုင်းရင်းသားပါတီတွေ စုံစုံညီညီ စုစည်းပြီး ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဒီမှာလည်း ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်တော်တော်များများ နဲ့လည်း ကျနော်တို့ တွေ့ဆုံကြတယ်။ တခြားတသီးပုဂ္ဂလအမတ်တွေနဲ့လည်း တွေ့ဆုံကြတယ်။ ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတဲ့ ထွက်လမ်းလေးပေါ့နော်။ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက မှန်မှဖြစ်တော့မှာ မို့လို့ ကျနော်တို့ ပျော့ပျော့ပျောင်းပျောင်း ညင်ညင်သာသာ ဖြစ်ရအောင် လမ်းရှာနေပါတယ်။ တွေ့စပြုပြီလို့ မှတ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒေကို ပြုပြင်ပေးရမယ့်ကိစ္စဟာ အင်မတန်မှ all inclusive ဖြစ်မှပဲ ပုဒ်မလေးကို စကားရပ်ကို အစားထိုးနိုင်မှပေါ့။ အဲဒါကြောင့် ညီညွတ်ဖို့ လိုပါတယ်။ ခုနလို Majority ဖြစ်တဲ့ ပါတီဝင်ထုက လွှတ်တော်အမတ်ထုက သဘောထား ကြီးစွာ အမြင်ကျယ်စွာနဲ့ လက်ကမ်းကြိုဆိုတာ မျိုးဖြစ်အောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးစားရမယ့် အပိုင်းလည်း ရှိပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ပါ၊ NLD ပါတီက အခုတောင်းဆိုထားဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမှာမို့ ဒါဟာ ပြည်ထောင်စုလွှတ်တော်အပေါ်မှာသာ မူတည်နေ ပါတယ်၊ ပြည်ထောင်စု လွှတ်တော် အမတ် ၂၀% က NLD ကိစ္စကို ဆွေးနွေးဖို့ အဆို တင်သွင်း ရင် ပြည်ထောင်စုလွှတ်တော်က လက်ခံရမှာ ဖြစ်ပြီး အဆုံးအဖြတ် ကတော့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံရမှာ ဖြစ်တယ်လို့ ပြည်သူလွှတ်တော် ဥပဒေရေးရာ ကော်မရှင်က ဥပဒေပညာရှင် ဦးသန်းမောင်က ရှင်းပြပါတယ်။
- အဓိကပြောရမယ်ဆိုရင်တော့ ဥပဒေပြုအာဏာက ပြည်ထောင်စုလွှတ်တော်မှာသာ ရှိပါတယ်။ ဥပဒေကို ပြဋ္ဌာန်း တာကလည်း ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတာပါ။ ဆုံးဖြတ်တာလည်း ပြည်ထောင်စုလွှတ်တော်ကပဲ ဆုံးဖြတ် တာပါ။ ဒီတော့ အခြေခံဥပဒေကို ၇၅% က ပြင်လိုက်တယ်ဆိုတာနဲ့တင် ဒီကိစ္စက မပြီးပါဘူး။ ခုနပြောတဲ့ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသားလွှတ်တော် ဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေတွေမှာပါ သက်ဆိုင်ရာ တူညီတဲ့ ဥပဒေ ပုဒ်မ အလိုက် ပြင်ရပါမယ်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်က ဥပဒေပညာရှင် ဦးသန်းမောင် ရဲ့ သုံးသပ်ချက်ပါ၊
ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းဝေးမှာတော့ သမ္မတရဲ့ သ၀ဏ်လွှာနဲ့ အတူ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ၃လပတ် အစီရင်ခံစာ များ ပေးပို့ခြင်း ကိစ္စ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ် ပြောင်းလဲရေး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ လစဉ် ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားနေခြင်း ကိစ္စ နဲ့ အတူ အငြိမ်းစား ၀န်ထမ်းများ ပင်စင် တိုးမြှင့်ခြင်း ကိစ္စတွေလည်း ပါဝင်သလို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းဖို့ ကိစ္စတွေကို အစီရင်ခံစာ ဖတ်တာတွေ မှတ်တမ်းတင်တာတွေ လုပ်ခဲ့ပါတယ်၊
ဒါ့အပြင် လွှတ်တော်နှစ်ရပ်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံ ခုံရုံးက ဆုံးဖြတ်ချက် ချထားတာကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီ က ပြန်လည် လေ့လာ ဆန်းစစ် ထားတဲ့ အစီရင်ခံစာတွေကိုလည်း ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အတွင်းမှာ ဆွေးနွေး ဖတ်ကြားခဲ့ကြ ပါတယ်။
By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)

ကျမ်းကျိန်လွှာ စကားလုံးအပြောင်းအလဲ ကြံ့ခိုင်ရေးအမတ် အများစု မလိုလား
Reviewed by သစ်ထူးလွင်
on
05:06
Rating:
9 comments:
အပွေးမြင်အပင်သိ ၊ အသွေးမြင်အသွင်သိ ၊ ဆန်ရိုးဆန်ကောင်းထောင်းကြည့်မှသိ ၊ လူရိုးလူကောင်းပေါင်းကြည့်မှသိ ဒီလက်ရှိပုဂ္ဂိုလ်တွေစိတ်ချယုံကြည်လောက်စရာ ရှေ့ပြေးလုပ်ဆောင်ချက်တစ်စက်ကလေးမှမတွေ့ရပါဘူး။ အတွင်းရောက်ရင် အပြင်လူတွေနဲ့မဆိုင်တော့ဘူး။အခုအပြင်လူတွေလဲ ဆန္ဒထုတ်ဖေါ်ခွင့်ရှိတယ်။လပ်မပေးနှိုင်ဘူး မလိုက်ရောနှိုင်ဘူဆိုတာ ဘာတွေဆုံရှံးသွားမယ်ဆိုတာ အစကတည်းက ရည်ရွယ်ချက်နဲ့ ဒီအသုံးနှုံးကို ဖန်တီးထားလို့ပေါ့။သင်တို့စိတ်ဓာတ်ကိုလည်း တစ်ဖက်ကသိထားတော့ သင်တို့ လန့်နေကြပြီမဟုတ်လား။
ကိုသစ်ရေ စင်္ကာပူရောက် မြန်မာလုပ်သားများ စာအုပ်သက်တမ်းတိုးဖို့အွန်လိုင်း အခက်ခဲတွေ့နေပါက စီးတီးဟောလေးလွှာ အင်တာနက်ဆိုင်မှာရပါကြောင်း။မနေ့က ကျွန်တော် ၉ နာရီ ၊ ၁၂ နာရီ မှာ အွန်လိုင်ကြည့်ရာ နောက်တစ်ကြိမ်ပဲပြောနေပါတယ်။ ဒီိမနက် သူငယ်ချင်းနှစ်ယောက်က မနေ့က ရခဲ့တယ် အဲဒီဆိုင်ကတဲ့။ဘယ်အချိန်လောက်လဲမေးတော့ ည ဂး၃၀ လောက်မှရတယ်ဆိုတော့ အဲဒီအချိန်ဖွင့်ကြည့်ချင်လဲကြည့်ကြ ၊ တနေ့လုံး စက်နားထိုင်ပြီး စောင့်နှိုင်သူက စောင့်ကြပါလို့ အကြောင်းကြားပေးပါအုံးခင်ဗျား။ တချို့ပြန်ရတယ်လို့ သတင်းကြားထားပါတယ်။ဘ္လက်စတက် ဝန်းထမ်းများ ပြန်ရကြောင်းကြားထားပါသည်။
NLD ကွာ...ညံ့လိုက်တာ။
အထဲရောက်ပြီးမှပြင်ဘို့တင်ပြပြီးမဲခွဲရင်၄၃မဲပိုမခိုင်ဘူးလား။
Constitution ကိုသိပြီးမှအဲဒီCostitution အရရွးကောက်ပွဲဝင် လို့ရတာလေ။
Constitution မှာကိုကပြင်လို့ရပါတယ်လို့ဆိုထားတာဘဲ။ထိန်းသိမ်းစောင့်ရှောက်တာဘဲဖြစ်ဖြစ်၊လေးစားလိုက်နာတာဘဲဖြစ်ဖြစ်မထူးပါဘူး၊ပြင်ချင် ရင်တင်ပြမဲခွဲကြပေါ့။
လူတွေစိတ်ညစ်အောင်၊တောင်တွေးမြောက်တွေးတွေဖြစ်
အောင်မလုပ်ကြပါနဲ့။ပြင်ပပယောဂတွေပါလာအောင်မလုပ်ကြပါနဲ့။ခလေးမဆန်ကြပါနဲ့ လို့ဘဲပြောချင်ပါတယ်။
ကာကွယ်စောင့်ေ၇ှာက်တယ် ဆိုတာ က သူများနိုင် ငံက ညီညွတ်မျှ တပြီး ဥပဒေ ပြည်သူတွေ လက်ခံထားတဲ့ ဥပဒေ ပြည်သူကေ၇ွးကောက်တင်မြောက်စ၇ာမလိုဘဲ စစ်သား က25% လွတ်တော် အမတ်ဖြစ်တာ တော့ ဘယ်ဒီမို ကေ၇စီ နိုင် ငံမှ မ၇ှိပါအဲဒီတချက်တည်းနဲ တင် လုံလောက်ပါတယ် ၇ှင်း၇ှင်းလေးဘယ်သူ အတွက်ဆိုတာပေါ်ပါတယ်
ချီးထုပ် တွေ..........
လွတ်တော် နံတယ်
ဘယ်ပြင်ချင်ပါ့မလဲ သူ့တို့ဆရာ သူခိုးကြီးတွေကို ကာကွယ်ပေးခြင်ကြတာကိုး
ဦဏှောက်မရှိတဲ့လူတွေ ကိုယ်ကျိုးဘဲ ကြည့်တဲ့လူတွေ ပြည်သူတွေအတွက်ဘာမှမလုပ်ပေးနိင် လုပ်ပေးချင်တဲ့ဆန္ဒလဲမရှိ အခြေခံဥပဒေကလဲ ပြည်သူတွေဆန္ဒမပါဘဲ လုပ်ထားတာ။ ကြံဖွံ အဖွဲ့ အလိုမရှိ ပြည်သူ့ဆန္ဒအမှန်ကို ဖေါ်ထုတ်တောင်းဆိုကြပါစို့
လွှတ်တော်ထဲမှာ ကြံ့ဖွတ် အမတ်အများစုက စာရွက်လေးတွေ
ကိုင်ထားကြတယ်ဗျ ။ ဘာ စာရွက်လေးတွေလဲဆိုတော့ နိုင်ငံတကာက ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားလေးတွေကို အကျဉ်းရေးထားတဲ့ စာရွက်လေးတွေဖြစ်ပါတယ်။ ခုလက်ရှိ အန်အယ်ဒီကကျိန်ဆိုရမဲ့စာသားစကားစုပြင်ဆင်ရေးကို ပြန်
လည်ချေပဖို့အတွက်ကြိုတင်ဆောင်ထားကြတဲ့သဘောထင်ပါတယ်။သူတို့ကိုတစ်ယောက်ယောက်ကအန်အယ်ဒီအဆိုတင်
သွင်းချက်နဲ့ ပတ်သက်ပီးမေးလာလို့ရှိရင် သူတို့က အဲဒီစာရွက်
ကလေးတွေကိုကြည့်ပီး(အလွတ်မရတော့၊အင်္ဂလိပ်လိုမတောက်
တခေါက်နဲ့) ဖတ်ပြကြပါတယ်။သူတို့ဘာပြောချင်လဲဆိုတော့
နိုင်ငံတကာမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်ပါမည် ( defence ) လို့ဘဲသုံးတယ်။
လေးစားလိုက်နာပါမည် ( respect ) လို့မသုံးကြဘူးပေါ့ဗျာ။
ဒါပေမဲ့ သူတို့ နှိုင်းယှဉ်ပြသွားတဲ့နိုင်ငံတွေက အမေရိကန်လို၊
ဂျာမနီလို၊အိန္ဒိယ စသည်ဖြင့် ဒီမိုကရေစီထွန်းကားပြီးအခြေခံ
ဥပဒေ အုတ်မြစ် ခိုင်မာပြီး ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်
တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေကကျမ်းသစ္စာကျိန်ဆို
ကြတာ ဆိုတာကို မစဉ်းစားမိကြဘူးနဲ့တူတယ်ဗျ။ ကျွန်တော်
တို့နိုင်ငံက ကိုယ်လိုရာကိုယ်ဆွဲပီး လူတစ်စုကရေးဆွဲသွားတဲ့
ဥပဒေနဲ့ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ အဲဒါကို ဒီနိုင်ငံ
တကာနဲ့ နှိုင်းယှဉ်ပီးပြောနေတယ်ဆိုကတည်းက သူတို့ဘယ်လို
အရည်အချင်းလဲ ထင်းကနဲပေါ်နေတာဘဲ။ နောက်တစ်ချက်က
ဘာလဲဆိုတော့ ခု အန်အယ်ဒီ အနေနဲ့ လွှတ်တော်ထဲဝင်လာ
မှာက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်တဲ့ ။ ကျွန်တော်တို့
၉၅ ရာခိုင်နှုန်းက ကာကွယ်စောင့်ရှောက်ပါမည်နဲ့ ကျိန်ဆိုထား
ပီးသားတဲ့ ။ဒီ ၅ ရာခိုင်နှုန်းလေးအတွက်နဲ့ ပြင်ဆင်ပေးဘို့ မလို
အပ်ပါဘူးတဲ့။ ကဲ ဒါဆို စဉ်းစားကြည့်ကြရအောင် ။ ၉၅ ရာခိုင်
နှုန်းထဲက ဖွတ်မင်းများအားလုံးဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရိုးရိုး
သားသား ကိုယ်စားလှယ်ဖြစ်လာတာပါလို့ ယုံကြည်သလား။
ခုလာမဲ့ ၅ ရာခိုင်နှုန်းက ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေဆို
တာ လက်မခံနိုင်ကြဘူးလား။ ၂၀၁၅ အထွေထွေရွေးကောက်
ပွဲ ကျရင် ဖွတ်မင်းများ ဆက်လက်ရပ်တည်နိုင်ပါအုံးမလား။
ပြည်သူတွေရဲ့အကျိုးကို တကယ် လိုလားလို့ လက်တွဲပီး လုပ်
ဆောင်ပါ့မယ်လို့ ကြွေးကြော်နေတဲ့ ဖွတ်မင်းများ ကိုယ်ဟာ ဘာ
လဲဘယ်လို့ မေးဖို့ အချန်တန်နေပါပြီဗျာ။တိုင်းပြည်ကို တကယ်
ကောင်းရာကောင်းကျိုးလုပ်မဲ့သူတွေလာနေပါပြီဗျာ။ ကိုယ့်အ
ကြောင်းကို တကယ်နားလည်တယ်ဆိုရင် လက်တွဲလုပ်ကိုင်
နိုင်ရမှာပေါ့။ သိသိကြီးနဲ့ မိုက်မနေကြပါနဲ့တော့ဗျာ။ ပြည်သူ
တွေမျက်နှာကြည့်ကြပါ။ အန်အယ်ဒီကတော့ ပြတ်သားပါတယ်
ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို
ပြင်ဆင်မယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း ကာကွယ်စောင့်
ရှောက်ပါ့မယ်လို့ မကျိန်ဆိုနိုင်ပါဘူးတဲ့။၂၀၀၈ အခြေခံ ဥပဒေဟာပြည်သူတွေအတွက် တကယ်အကျိုးရှိမရှိ အမတ်
မင်းများရင်ထဲက အသိဆုံးပါ။ မှန်ကန်စွာဆုံးဖြတ်နိုင်ကြပါစေ
ခင်ဗျာ .......လေးစားစွာဖြင့်
ကြံ့ဖွံ့ပြောတယ်..ကာကွယ်တာနဲ့ ရိုသေတာနဲ့ အတူတူဘဲ ဆိုကြတယ်..ဒါဆိုအပန်းမကြီးဘူးပေါ့..NLD က ပြည်သူ့ပါတီမို့ ပြည်သူအကျိုးကို တကယ်လိုရင် ..ပြင်ပေးလိုက်ပေါ့..ပြင်ပေးလိုက်ပေါ့..မင်းတို့ မပြင်နိုင်ရင် ပြည်သူကို ဆင်းရဲတွင်းထဲ ဆွဲချ မိသားစု အဆင်ပြေရင်ပြီးရော လုပ်ခဲ့တဲ့၊ မသေခင်ဘာစာဖတ်မှန်းမသိတဲ့ ဟို...ဟိုဒင်း ကို တောင်းပန်လိုက်ပေါ့ ..သူလည်း ငါးမင်းဆွေလို စာရေးဆရာရေးတဲ့ စာကို ဖတ်တယ်ထင်ပါတယ်..ဒါကြော့ သေခါနီးတရားမရတာနေမှာပါ..
NLD ကိုရွေးကောက်ပွဲဝင်စေချင်လို့၊လွှတ်တော်ထဲရောက်စေချင်လို့ရွေးကောက်
ပွဲဥပဒေမှာပါတဲ့ ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ ကျမ်းကျိမ်စာသားကိုပြင်
ပေးပြီး၊အခြားအတားအဆီးများကိုလည်းဖယ်ရှားပေးခဲ့လို့ NLD ရွေးကောက်
ပွဲဝင်ခဲ့ခြင်းကိုသိရှိပါသည်၊ဖွဲ့စည်းပုံပါ ယခုကျမ်းကျိမ်စာသားကိုပြင်ဆင်ခြင်းဖြင့်
နိုင်ငံတော်၊ပြည်သူ၊အစိုးရ၊အာဏာရပါတီအတွက်နစ်နာမှုများရှိ/မရှိကိုလေ့လာ
ပြီး၊ဆောင်ရွက်စေချင်ပါသည်၊ အခြားနိုင်ငံတွေလည်းဒီလိုပါတာပဲဟုပြောခြင်း
သည်အခြေအနေမတူညီခြင်းကိုသတိမပြုမိခြင်းဖြစ်ပါသည်၊
နိုင်ငံတော်အကျိုးအတွက်ရည်ရွယ်လုပ်ဆောင်ပါလျှင်မဖြစ်နိုင်တာမရှိပါ၊
Post a Comment