မစုစုနွေးရဲ့ သတို့သားလောင်း


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အိမ်ထောင်ပြုဖို့ လိုအပ်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး ၄ လ အကြာမှာ သူတို့ထဲကတယောက် ဒီအစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော်နေပါပြီ။

သတို့သမီးက ထင်ရှားတဲ့
လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ဖြစ်ပါတယ်။ ရှေ့လကုန်ပိုင်း လက်ထပ်ကြမယ် ဆိုပြီး အွန်လိုင်းမှာ ဒီသတင်းကောင်း ဖတ်ကြရပြီး ဖြစ်မှာပါ။ သတို့သားနာမည်ကိုတော့ ဖော်ပြခြင်း မရှိကြပါ။


ပြီးခဲ့တဲ့လက ပြည်မြို့မှာ လယ်သမားအရေး ဆောင်ရွက်နေကြတဲ့ ကိုမာကီး၊ မစုစုနွေး၊ ရှေ့နေကြီး ဦးအောင်သိန်း (ဓာတ်ပုံ - ဘားမားဗီဂျေ)

သတို့သားက ၈၈ မျိုးဆက် ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီး ဖြစ်ပါတယ်။

ကိုမာကီးက မြိတ်မြို့အကျဉ်းထောင်က ဇန်န၀ါရီလမှာ ပြန်လွတ်လာသူပါ။ သူ့ကို ရန်ကုန်လေဆိပ် သွားရောက် ကြိုဆိုသူများထဲမှာ မစုစုနွေးလည်း ပါဝင်ပါတယ်။

(ဓာတ်ပုံ - http://ppdict.blogspot.com/2012/01/blog-post_2413.html)
သူတို့ ၂ ဦးရဲ့ ဇာတ်လမ်းက မင်္ဂလာဒုံလေဆိပ်မှာ အစပြုတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

 ဧရာဝတီ(ဘလော့ဂ်)
မစုစုနွေးရဲ့ သတို့သားလောင်း မစုစုနွေးရဲ့ သတို့သားလောင်း Reviewed by သစ်ထူးလွင် on 10:36 Rating: 5

22 comments:

The Nature Myanmar said...

ဒီမိုကရေစီ သတို့ သား နဲ့ လူ့ အခွင့်အရေး သတို့ သမီး တို့ ငါတို့ နိုင်ငံမှာ လက်ထပ်ကြတော့မယ်ဆိုတော့ နေနဲ့ လ၊ ရွှေနဲ့ မြပေါ့...
လောကပါလတရားတို့ ထာဝရထွန်းကားသော ဒီမိုကရေစီ နိုင်ငံသစ် အတွက် အာဇာနည်များ မွေးဖွားပေးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ..

oapsoegyi said...

အကန့်အသတ်ဖြင့် အထူးထုတ်လုပ်ထားသော အပျိုကြီးနဲ့လူပျိုကြီး ကောင်းကင်ကကျလာတဲ့အပ်နဲ့ မြေပြင်ကလွှတ်လိုက်တဲ့အပ် ထိုက်ထိုက်ထိုက်တန်တန်ဆုံတွေ့ခြင်းဘဲဆိုပါစို့ မုဒိတာတရားနဲ့အတူ ကြည်နူးခဲ့မိပါတယ် အရမ်းလိုအပ်တယ်မဟုတ်လား ဘဝမှာ အားပေးဖေါ်အားပေးဖက်ဆိုတာ တိုင်းပြည်အတွက် မင်္ဂလာရှိသောသတင်းပါ

ကိုဖြိုး said...

ကောင်းချီးသြဘာပေးပါတယ်ဗျာ

Anonymous said...

ဝမ်းသာလိုက်တာဗျာ အစစ အ၇ာ၇ာ အဆင်ပြေကြပါစေ တိုင်းပြည်အကျိုး ဆက်လက်ဆောင်၇ွက်နိုင်ကြပါစေ

aung bo said...

အစီစဉ်ကောင်းလေးပါ

ရန်ကုန်သူ said...

ဝမ်းသာ ပါတယ်၊ အခုလို စိတ်တူ ကိုယ်တူ ရည်မှန်းချက်တူသူ နှစ်ဦး ပေါင်းစည်းမှာ ဖြစ်တဲ့ အတွက် အလွန် မင်္ဂလာရှိတဲ့ သတင်းပါ။ ဘ၀မှာ အစစအရာရာ ပြည့်စုံအောင်မြင်ကြပြီး ဒီမိုကရေစီ အရေးကိုလည်း ဆက်လက် ဆောင်ရွက်နိုင်ကြပါစေလို့ ...

honey said...

တိုင်းပြည်အတွက်စွန့်လွတ်အနစ်နာ
ခံနိုင်သောမျိုးဆက်သစ်များ
ပြန်လည်ထွန်းကားလာမည်မို့
များစွာဂုဏ်ယူမိပါတယ်။

Anonymous said...

ကြားရတာဝမ်းသာပါ အခုလိုစိတ်တူကိုယ်တူဘဝခရီးဖေါ်
အဖြစ်လက်တွဲပြီးတိုင်းကျိုးပြည်ကျိုးများထမ်းဆောင်နိုင်ပါ
စေမျိုးဆက်သစ်လေးများလည်းများများမွေးဖွါးနိုင်ပါစေ။

Anonymous said...

ကိုမင်းကိုနိုင်နဲကိုကိုကြီးတိုအလှည့်ဘယ်တော့ရောက်မှာလဲ

Aung Soe said...

စိတ်တူညီမျှပြီး တဘ၀လုံးပျော်ရွှင်ချမ်းမြေ့စွာတိုင်းကျိုးပြည်ကျိုးနှစ်ဆတိုးပြီး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။

ဇော်ဇော် said...

ပျော်စရာကြီး

ဇော်ဇော် said...

ပျော်စရာကြီး

မန်းလေးသား said...

ရာသက်ပန် ပေါင်းဖက်နိုင်ပြီး သာယာ ငြိမ်းချမ်းတဲ့ မိသားစုဘဝ လေးတည်ဆောက်ရင်း တိုင်းပြည်အကျိုးဆောင်ရွက်နိုင်ပါစေ......

pyaepyaephyo(Pyapon) said...

Good News!!!

Unknown said...

ချစ်တဲ့ အစ်ကိုကြီး နဲ့ အစ်မကြီး အိုအောင်မင်းအောင်၊ ရာသက်ပန် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်ရစေသါး။ အများကျိုး ကိုယ်ကျိုးစွန့်၍ ဆောင်ရွှက်သလို၊ ပရိယတ္တိ သာသနာ နှင့် ပရိပတ္တိ သာသနာ ဟူသော သာသနာတော်နှစ်ရပ် ကိုလည်း တစ်ဘက်တစ်လမ်းမှ ဆောင်ရွက် နိုင်ပါစေ..ကောင်းခြင်းမင်္ဂလာ အဖြာဖြာ နဲ့ ပြည့်စုံပါစေ..ပြည်သူတို့၏ ပို့သသော မေတ္တာများကိုလည်း ရရှိနိုင်ပါစေ။

that said...

အမေကတော.ပြောပြီးတိုက်တွန်းပြီမိဘတို.၀တ်တရားရှိတဲ.အတိုင်း ကောင်းပါတယ်လေ အပျိုကြီး လူပျိုကြီးတွေစွန်သွားတာပေါ.

that said...

အမေကတော.ပြောပြီးတိုက်တွန်းပြီမိဘတို.၀တ်တရားရှိတဲ.အတိုင်း ကောင်းပါတယ်လေ အပျိုကြီး လူပျိုကြီးတွေစွန်သွားတာပေါ.

မောင်ငွေ said...

ကံအကြောင်းဖူးစာပါလို့ ခုလိုဆုံကြရာမှာ အများအကျိုးသယ်ပိုးချင်တဲ့စိတ်စေတနာကောင်းထားသူများပီပီ သင်တို့ရဲ့ရှေ့ရေးလည်း သာယာဖြောင့်ဖြူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဗျာ..။

tapaungthi said...

ဝမ်းသာဂုဏ်ယူပါတယ်
ရှေ့ဆက်ပြီး ၂ယောက်အတူ နိုင်ငံအကျိုးသယ်ပိုးနိုင်ပါစေ

la min said...

ဝမ်းသာပါတယ်ဗျာ..လိုက်လဲ လိုက်ဖက်ပါတယ်....အာဇာနည်များ..ပျော်ရွှင်စွာနဲ့ တစ်ဘ၀လုံး...လက်တွဲနိုင်ကြပါစေ....

မျိုးချစ်လူငယ် said...

မင်္ဂလာသတင်းကို ကြားရတော့ အင်မတန်မှ ၀မ်းသာမိပါတယ်။
ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံအတွက် စတေးရဲတဲ့ လူနှစ်ယောက်ပေါင်းဖက်တာ နိုင်ငံအတွက်ကော၊ လူမျိုးအတွက်ပါ ကောင်းချီးမင်္ဂလာတစ်ပါးပါ။

သစ္စာ said...

ငါ့သမီးလေး အခုတော့ လူ့လောကထဲမှာ တင့်တယ်ပြီပေါ့
မောင်တစ်ကျိတ် ပင်ရှိလင့်ကစား လင်မရှိရင် မတင့်တယ်ဆိုတဲ့
စကားကြောင့်ပြောတာပါ ။
စိတ်တူ ကိုယ်တူ နှင့် ပျော်ရွှင် ပြီးပြည့်စုံတဲ့ ဘ၀တစ်ခုကို ထူထောင်နှိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Powered by Blogger.