မန္တလေးမြို့တော်တွင် ယနေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ
ရွာသွန်းပြီး မိုးသီးများ နှစ်ကြိမ် ကျခဲ့ကြောင်း မန္တလေး ဒေသခံများထံမှ
သိရသည်။
ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး ၃ နာရီ မိနစ် ၂၀ တွင် အသေးစား ကျောက်ခဲအရွယ် မိုးသီးများ ကျခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံ၍ မိုးသီးများ ကျခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းမှု ရပ်တန့် ခဲ့ကြောင်း၊ မိုးသီးကျချိန်တွင် လမ်းမများပေါ်တွင် လူသူနည်းပါးနေချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ၎င်းတို့က ပြောကြားသည်။

The Voice Weekly
------------------------------------------------
မန္တလေး ဧပြီ ၆
ယနေ့ညနေပိုင်းတွင် ကျရောက်ခဲ့သော မိုးသက်လေပြင်းများကြောင့် ၂၆လမ်း။၆၆နှင့်၆၇ လမ်းကြား ဆီဒိုးနား ဟိုတယ် ရှေ့ ကျုံးဘေးရှိ သက်တမ်းရင့် ပေပင်ကြီးသည် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍ့ပ် ပေါ် လဲကျခဲ့ရာ မဏ္ဍ့ပ် မှာတစ်ခြမ်းခန့်ပျက်စီးသွားပြီး လမ်းပိတ်ဆို့သွားသဖြင့် စည်ပင်ဝန်ထမ်းများက ချက်ချင်းလာရောက်ရှင်းလင်းခဲ့ရပါသည်။ ထိုသို့ဖြစ်ပွား ရာတွင် ထိခိုက်ဒဏ်ရာရရှိ မှု တစ်စုံတစ်ရာမရှိကြောင်းသိရှိရသည်။

CJMyanmar
photo credit: John Major
photo credit: John Major

မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကျ
Reviewed by သစ်ထူးလွင်
on
21:02
Rating:

2 comments:
သြော် မဏ္ဌပ်တွေတောင်ဆောက်နေကြပြီဘဲ အားလုံးအေးချမ်းပျော်၇ွှင်ကြပါစေ........။ ။
မိုးကလည်းကောင်းလိုက်တာဗျာ...
Post a Comment