ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်

ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ တရားမ၀င် သွင်းသည့် ဂျပန် တပတ်ရစ်ကားများ (ဓါတ်ပုံ-Google Images)
ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မိသားစုစီးနိုင်သည့် ဂျပန်တစ်ပတ်ရစ်ကားများကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ပါမစ်ဖြင့် ဝင်ရောက်နေကြောင်း ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
သိန်းခြောက်သောင်းဖိုးအထိ တင်သွင်းခွင့်ရထားကြောင်း ယခုကားတင်သွင်းခွင့်သည် ယခင် DKBA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ တင်သွင်းသော ကားများမဟုတ်ဘဲ ဦးအောင်သောင်းနှင့်နီးစပ်သူ ငြိမ်းချမ်းရေး အကျိုးဆောင်များက တင်သွင်းသောကားများဟု သိရကြောင်း ကား ဝယ်ရောင်းတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ ကားမှောင်ခိုများ တင်သွင်းသည့်လမ်းကြောင်း မဲဆောက်မြဝတီနယ်စပ်တွင် စီးပွားဖြစ်ခဲ့သူများ ရှိကြောင်း၊ နောက် ပိုင်းတွင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး စီမံချက်အရ ဂျပန်ကားများကို ဆိပ်ကမ်းမှ တင်သွင်းချိန်တွင် မဲဆောက်ကားတင်သွင်းမှု ပပျောက်သွား ကြောင်း မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။
ယခုတင်သွင်းသည့်ကားများမှာ ထိုင်းဘတ်ငွေငါးသောင်းခန့်တန်ကြေးရှိ ကားများဖြစ်ပြီး မြန်မာကျပ်ငွေနှင့် သိန်း ဆယ်ဂဏန်းသာရှိကြောင်း မိသားစုအိမ်သုံး အင်ဂျင်ပါဝါနည်း တူးစီ(2c) ကားများဖြစ်ပြီး ဖားအံမြို့ပေါ်တွင် စီးကြကြောင်း တရက်ကို ကားအစီးတစ်ရာကျော် မြန်နိင်ငံသို့ဝင်နေ ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
MP(yangonchronicle)
ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက် ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက် Reviewed by သစ်ထူးလွင် on 07:42 Rating: 5

25 comments:

demo said...

ဒီကောင်နဲ့တော့ သမ္မတကြီး နာမည်ပျက်တော့မယ်နော်......
လွတ်တော်ထဲမှာလဲ ဒီကောင်ရှုတ်နေတာ........
စက်မှု့(1) မှာလဲ ဒီကောင်ဘဲ ရှုပ်ထားတာ
ဆန်ကုန်မြေလေးနေပြီ....

ဒီကောင့်ကို ဖြုတ်လိုက်ရင် ပြည်သူအားလုံးက သမ္မတကြီးကို အမှတ် 1မှတ် ပိုပေးမှာပါ
အိပ်ချင်ယောင်ဆောင်မနေနဲ့တော့ နိုးထဘို့ အချိန်တန်နေပါပြီ

ဖိုးသား said...

ဟာ လုပ်စားလို့ ခုထိ မ၀သေးပဲကို လူကသေခါနီးနေပြီ ဒီလိုလုပ်စားလို့ရတဲ့ စားခွက် ပျောက်မှာကြောက်လို့ NLD လွှတ်တော် မတတ်နိုင်အောင် စကားလုံးပြင်မပေးတာသေချာတယ်

Ko Nyo Khant ( Mdy university.) said...

မူဝါဒဆိုတာဘာလည်း၊သွင်းကုန်ုထုတ်ကုန်ပါမစ်ကိုစီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသာလုပ်ပိုင်ခွင့်အာဏာရှိပါတယ်၊နိုင်ငံတစ်နိုင်ငံမူဝါဒနှစ်မျိုး မရှီသင့်ပါဘူး။တကယ်တန်းပေးချင်တယ်ဆိုရင်နယ်စပ်ကုန်သွယ်ရေးကိုညွှန်ကြားချက်ထုတ်ပြန်ပေးကာလုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်လျှင်လည်းဖြစ်ပါသည်။ ဦးအောင်သောင်းသည် လွှတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်မျှသာဖြစ်သည်။ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြင့်အစိုးရမူဝါဒများကိုအကြည်အညိုပျက်စေမည်ဖြစ်ပြီးဈေးကွက်ကမောက်ကမဖြစ်စေနိုင်ပါသဖြင့်သက်ဆိုင်ရာဝနကြီးဌာနအနေဖြင့်မကြောက်မရွံ့ကန့်ကွက်သွားသင့်ပါသည်။

nayzawpine said...

ပြောတဲ့လူတွေလည်း များလှပြီ။ ရတုန်း ရသလောက် ဝိုက်ထားမှ သိပ်မကြာခင် ချဉ်ဖတ်အိုး ရှင်းတဲ့အထဲ ပါသွားနိုင်တယ်။

nayzawpine said...

သတင်းက သိပ်မရှင်းပါ။အစီးရေ သိန်းခြောက်သောင်း ကို ပြောတာလား
တန်ဖိုးသိန်းခြောက်သောင်းကိုပြောတာလား။

nayzawpine said...

ပြောတဲ့လူတွေလည်း များလှပြီ။ ရတုန်း ရသလောက် ဝိုက်ထားမှ သိပ်မကြာခင် ချဉ်ဖတ်အိုး ရှင်းတဲ့အထဲ ပါသွားနိုင်တယ်။

aungaung said...

ဦးအောင်သောင်း ဘာတာဝန်ယူထားလည်း

seabelue said...

ဦးအောင်သောင်းသည်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးမဟုတ်ပါ။ထိုသို့အဖွဲ့ဝင်မဟုတ်ပဲငြိမ်းချမ်းရေအဖွဲ့ခေါင်းဆောင်းရာထူးလည်းမပေးသင့်ပါ။ဝန်းကြီးဌာနများပင်သက်ဆိုင်ရာပြည်ထောင်စုလွှတ်တော်၏အဆုံးအဖြတ်ကိုရယူဆောင်ရွက်လျက်ရှိကြပါသည်။ယခုလိုတစ်ဦးတစ်ယောက်ထဲသဘောဆောင်ရွက်ခြင်းသည်နိုင်ငံတော်၏အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေးအာဏာ အားစိန်ခေါ်စော်ကားခြင်ပင်ဖြစ်သောကြောင့်လွှတ်တော်အမတ်အဖြစ်မှအမြန်ရပ်စဲသင့်ပါသည်။

myintkoko said...

တော်ကြပါတော့မပြောကြပါနဲ့ တော့
မင်းတို့ အတွက်ငါကောင်းစားဖို့ လုပ်နေတာပါ

zaw said...

ဒီသတင်းအမှန်ဖြစ်ခဲ့ရင်.........ဒီမိုကရေစီနိုင်ငံတခုမှာ ဒီလိုလုပ်နိုင်တယ် ဆိုရင် လွှတ်တော်ထဲက အမတ်တွေ အတွက် ရင်လေးစရာပဲ

sean said...

အစိုးရ အဖွဲ့ သိပါရဲ့လား ... အစိုးရအဖွဲ့ ထဲမပါဝင်သူက ကျော်ပြီး လုပ်ဆောင်နေတာကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ပါဝင်ပတ်သက်နေသလိုဖြစ်နေပါတယ်

Kyaw Gyi said...

သေခါနီးရိက္ခာယူနေတာ

Anonymous said...

လွှတ်တော်ထဲမှ ကြွက်ချေး အောင်သောင်းလို့  အပြောခံနေရတာတောင် အတင့်ရဲနေပုံထောက်ရင် . . သွားခါနီး ရိက္ခာ ယူနေတာပဲ ဖြစ်မယ် . . .

tun said...

မပြောကြပါနဲ့ကွာ.သူတို့ရဲ့အဘမူးကြီးရွှေအတွက်ပိုက်ပိုက်ရှာပေးနေရတာကွ.ဆရာကြီးတွက်တပြည့်တွေရေရှာပေးရတာပေါ့။

a said...

လက်ရှိရုပ်သေးအစိုးရကိုကြိုးကိုင်သူနှင့်ပတ်သက်သူအောင်သောင်းသည်ဘာကိုမှဂရုစိုက်မဲ့သူမဟုတ်ပါဒီအကြောင်းကသက်သေပြသည်၊သိန်းစိန်ကချင်ဒေသအပစ်ရပ်ခိုင်းသည့်အတိုင်းပင်ဂရုစိုက်မည်မဟုတ်ပါ၊ကြိုးကိုင်သူအုပ်စုရှိနေသေးသမျှမြန်မာနိုင်ငံသည်စိတ်ပူစရာအခြေအနေမှာပင်ရှိနေသေးသည်။

စိုးမင်းဦး said...

ကန့်ကွက်ပါတယ် ဗျို့ ......အာဏာရူးကြီး ဖွတ်ကျားကြီး.. အဲလိုလူတွေ ကို အမြန်ဖြုတ်ပစ်ပါ ...

WinMyint said...

မြိုလို့မဝသေးဘူးလားဗျာ....။

Numega said...

ကချင်ပြည်နယ် ငြိမ်းချမ်းရေးမရသေးတာ အောင်သောင်းရဲ့ စားခွက်က တရုတ်နဲ့ ရှိနေတယ်လေ။ သူ့စားခွက်ကို အလွတ်မခံနိုင်ဘူးဖြစ်နေတယ်။

honey said...

ဒီသတင်းသူတို့သတင်းအကုန်အမှန်ပါ။
လုပ်ပိုင်ခွင့်ချတာသူတို့စစ်ခေါင်းဆောင်တွေစားဖို့
ပြည်သူco.တွေကအနည်းအကျဉ်းအရိုးကိုက်ရတာ
သူတို့ကအနှစ်၂၀လုံးလုံးရမ်းလို့၇အောင်တုတ်ရှာထားပြီးပြီလေ
လုပ်ပိုင်ခွင့်ကသူတို့ချည်းသာ...ပြည်သူစစ်စစ်မှာငွေအရင်းနှီးလည်း
နည်း..သူတို့ကဆိုင်းတလုံးနဲ့သိန်းသောင်းချီနေတာလေ...
ဒါနဲ့များအမေစုကိုယှဉ်နေသေးတယ်နော်..
အမေစုကတိုင်းပြည်ကအခွင့်အေ၇းဘာမှကိုမယူတာ
သူ့ကိုယ်ပိုင်ငွေနဲ့တိုင်းပြည်အတွက်အလုပ်လုပ်တယ်။
ကွာပါ့...သူတို့ကတော့သူတို့ကိုယ်သူတို့သန်းကြွယ်သူဌှေး
ဖြစ်ရေးပဲ..ဘာအရည်အချင်းမှမရှိပဲစီးပွါးရေးဦးနှောက်မရှိပဲ
ကိုယ့်အစွမ်းအစနဲ့ချမ်းသာအောင်ပြုနိုင်ကြသူမဟုတ်။
တိုင်းပြည်ကိုသွန်လိုသွန်မှောက်လိုမှောက်စိတ်တိုင်းကျချယ်လှယ်ပြီး
ငွေရှာနေခြင်းသာ..မသမာမှုများအမြန်ကျဆုံးပါစေ..

ziwasoe144 said...

အစီးရေသိန်းခြောက်သောင်းဆိုဘယ်နေရာသွားမောင်းမလဲ
လဒ လေးရဲ့၊ သိန်းခြောက်သောင်းဖိုးလို့ရေးထားတာကို
၂ သိန်းတန်ဖုန်းမ၀ယ်နိုင်လို့ဒေါသထွက်နေရတဲ့အထဲမှာ
ငါလုပ်ရရင် မင်းရော အောင်သောင်းရော နာတော့မယ်

ခင်မျိုးချစ် said...

လွှတ်တော်ထဲက ထိပ်တန်းပိုင်းနေရာယူထားတဲ့အမတ်တွေ တောင် ဥပဒေတွေကို နားမလည်ကြဘူးဆိုတာ လက်တွေ့သိရပြီ မဟုတ်ပါလား။ NLD ကတောင်းဆိုနေတဲ့စကားလုံးက ဘယ်လောက်အဓိပ္ပါယ်ရှိလိုက် ပါသလဲ။ ဥပဒေကို လေးစားလိုက်နာပါမည်ဆိုတာလေ။ သူတို့က ဥပဒေကိုတော့ ကာကွယ်စောင့်ရှောက်ထားပြီး (ခြံခတ်ထားပြီး) လူတွေက လုပ်ချင်တာ လုပ်မယ်ဆိုတာမျိုး ဖြစ်မနေဘူးလား။ သမ္မတကြီး လစာတိုးမယူတာကျတော့ ဥပဒေနဲ့မညီဘူးတဲ့။ အမတ်တွေကကျတော့ လုပ်ချင်ရာလုပ်နေတယ်။ ဒီကိစ္စ တကယ်မှန်တယ်ဆိုရင် မပေါ့ဆသင့်ပါ။

honey said...

မျိုပြီးလည်းမဆင်းကြဘူး။
ဂုတ်သွေးစုတ်ပြီးတော့လည်းခပ်ဝေးဝေးမနေကြဘူး။
အာဏာကိုဟိုလိုယူလိုက်ဒီလိုယူလိုက်
မသေမချင်းတိုင်းပြည်ကို
စုတ်ပြတ်သပ်အောင်လုပ်နေအုံးမှာပဲလား။
မကြားချင်မမြင်ချင်တော့ဘူး။
ဆင်းကြပါတော့ထွက်ကြပါတော့...

Anonymous said...

ပြသနာ မဖြစ်နိုင်ပါ၊ ဝေစားမျှစား SYSTEM ဆောင် ရွက်ခြင်းဖြစ်ပါသည် ။ .... ညီညွတ်ခြင်းသည်အင်အား ....။

skkt said...

ကိုသစ်ထူးလွင်
ကားစတစ်ကာမကပ်ရဥပဒေကိုကညနရုံးကဥပဒေထုတ်ထားတာလား၊မြန်မာနိုင်ငံယာဉ်ထိန်းအဖွဲ့ကဥပဒေထုတ်ထားတာလားဆိုတာသိချင်ပါသည်။
မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့်ထုတ်ထားတဲ့ဥပဒေအတိုင်းမျက်နှာကြီးငယ်မရွေးမည်သူမဆိုအရေးယူရမည်သာဖြစ်ပါတယ်။
သို့သော်လည်းထိုသို့အရေးယူခြင်းများမရှိပါ။ရွှေရောင်စာလုံးကြီးကြီးနှင့်စတစ်ကာကပ်ထားတဲ့ကားများကိုရန်ကုန်မြို့တွင်လွပ်လပ်စွာသွားလာနေကြပါတယ်။ထိုသူတို့သည်မည်သည့်အရေးယူမှုမှမခံရပါ။အများပြည်သူများမှာထိုသူတို့လိုအကျိုးခံစားခွင့်မရှိပါ။အများပြည်သူများမှာနွေရာသီတွင်အပူဒဏ်ကာကွယ်ရန်အတွက်ထိုသူတို့လိုအကျိုးခံစားချင်ပါသည်။ပြည်သူများအပူဒဏ်ကာကွယ်ရန်အတွက်ကားစတစ်ကာကပ်ရျွှ်စီးနှင်းပါကအရေးယူခြင်းသာခံရမည်သာဖြစ်ပါသည်။ထိုကြောင့်နိုင်ငံတော်အစိုးရအနေဖြင့်ထုတ်ပြန်ထားတဲ့ဥပဒေအတိုင်းလေးစားစာါာအရေးယူသင့်ပါသည်။လွှတ်တော်ထပ်ရောက်မည့်အမတ်များအနေဖြင့်လည်းလွှတ်တော်တွင်ထိုကိစွရပ်များကိုတင်ပြပေးပါရန်လေးစားစွာပန်ကြားအပ်ပါသည်။

ဒီမိုအောင် said...

အောင်သောင်းဆိုတာသန်းရွှေရဲ့လက်ကိုင်တုတ်လေ
ကိုယ်အကျိုးစီးပွါးကိုသာဦးထိပ်ပန်ဆင်တတ်တဲ့သူမျိုးကို
ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ပေးထားတာစဉ်းစားလို့တောင်မရပါဘူးဗျာ.ကြည့်ရတာတော့ သူကငြိမ်းချမ်းရေးနိုဘယ်ဆုများလိုချင်
နေလားမသိဘူးနော်

Powered by Blogger.