ရခိုင်ပြည်နယ်တောင်ပိုင်း မဟာဓါတ်အားလိုင်းသွယ်တန်းရေး စတင်

ဓါတ်ပုံ-နိရဉ္စရာ
ဧပြီ ၂၈၊ ၂၀၁၂ (YPI)

ရခိုင်ပြည်နယ်တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်
မဟာဓါတ်အားလိုင်းသွယ်တန်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများကပြောသည်။

ဧပြီ ၂၆ ရက်က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုဝန်ကြီးလာရောက်၍
သံတွဲခရိုင်အတွင်း တည်ဆောက်မည့် ဓာတ်အားခွဲရုံများအတွက် မြေနေရာများ
လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

“မြေနေရာ အတည်ပြုပြီးတာနဲ့ဓာတ်အားခွဲရုံတွေ
စဆောက်မယ်၊တိုင်တွေစိုက်မယ်၊ပထမအဆင့်မှာ သံတွဲနဲ့တောင်ကုတ်မှာ
ဆောက်မှာဖြစ်ပါ တယ် ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာများအား သက်ဆိုင်ရာ
ပိုင်ရှင်များထံမှ ၀ယ်ယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်းနှင့်
လိုင်းတည်ဆောက်ရေးစီမံကိန်းအဖွဲ့၏ ကွင်းဆင်းလေ့လာမှုများမှာ ဧပြီ ၁ ရက်
ကပင် စတင်နေပြီဖြစ်ကြောင်းလည်း၎င်းက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် ၂၃၀/၆၆ kV ဓာတ်အားခွဲရုံတစ်ရုံနှင့် ၆၆/၁၁ kV
တစ်ရုံ၊သံတွဲမြို့နယ်တွင် ၆၆/၁၁ kV တစ်ရုံ တည်ဆောက်မည်ဖြစ်သည်။

ယင်းစီမံကိန်းများအား ၂၀၁၄ နောက်ဆုံးထား၍
ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု အပေါ်မူတည်ကာ
ထို့ထက်လည်းစောပြီး လျှပ်စစ်မီးရရှိနိုင်ကြောင်း တာဝန်ရှိသူများ ပြောသည်။

လက်ရှိတွင် ထားဝယ်အခြေစိုက် ဖိုးသီးချို ကုမ္ပဏီက သံတွဲမြို့နယ်အား ၂၄
နာရီ မီးပေးလျက်ရှိပြီး ဓာတ်အားသုံးစွဲခမှာ ပထမ ၁၀ ယူနစ်အတွက် ၃၅
ကျပ်နှုန်းနှင့် ကျန်ယူနစ်များအတွက် ၄၈၀ ကျပ်နှုန်း ဖြစ်သည်။

“ မဟာဓါတ်အားလိုင်း မြန်မြန်ပြီးဖို့ မျှော်လင့်ပါတယ်၊ အခုမီတာခတွေက
ဈေးကြီးလွန်းလို့ ” ဟုသံတွဲ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေးအတွက် စွမ်းအင်ဝန်ကြီးဌာနကလည်း
ဆောင်ရွက်မည်ဖြစ်ပြီးယင်း စီမံကိန်းမှာ ၂၀၁၅ တွင်မှ
ပြီးစီးနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်ဖော်ပြထားသည်။       ။
 Yangon Press International
ရခိုင်ပြည်နယ်တောင်ပိုင်း မဟာဓါတ်အားလိုင်းသွယ်တန်းရေး စတင် ရခိုင်ပြည်နယ်တောင်ပိုင်း မဟာဓါတ်အားလိုင်းသွယ်တန်းရေး စတင် Reviewed by သစ်ထူးလွင် on 21:20 Rating: 5

9 comments:

တန`င်္လာကိုကို said...

2o15 ဆိုတော.နောက်ရွေးကောက်ပွဲပြီးမှပေါ.။ ဘယ်ထဲထဲ.ထဲ.လုပ်ပေး
မယ်၊အဲလိုလား။

Anonymous said...

ဝမ်းသာပါတယ် ၊ လျှပ်စစ်ဓါတ်အားဆိုတာ ... ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ မြို.တွေမှာသာ သုံးရတဲ.အရာမဖြစ်သင်.တော.ပါ ၊ ........ကျွန်တော်တို.ထားဝယ်မှာတော. ၁ယူနစ် = ၆၀၀ ကျပ် ဆိုတော. --- ဆင်းရဲသားတွေ မသုံးနိုင်ကြပါဘူး ၊ တရုတ်ကို မဂ္ဂါဝပ် နဲ.ချီ ရောင်းစားတာ ၁ ယူနစ် ၁၂ ကျပ် လောက်ဘဲ တဲ. ၊ .......... ဘယ်လို IDEA လဲမသိ ၊ .. ယုတ်မာပါဘိ....။

san khaing(moether) said...

ဘယ် ဓါတ်အားပေး စက်ရုံ က ပေး မှာပါလိမ့် .....သိချင်လိုက်တာ.........ရခိုင် မှာ ရေအားလျှပ်စစ် ဆောက်လို့ရတဲ့နေရာတွေ အများကြီးပါ....... ဒါပေမယ့်................

san khaing(moether) said...

သဌေးချောင်းရေ အားလျှပ်စစ် စီမံ ကိန်းက 2011 မှာပြီးမယ်ဆိုပြီးတော့ ...... ခုထိ မပြီးသေးဘူး... စိန့်ဒင် ရေတံခွန် မှာ လုပ်မယ်ဆိုပြီး ....ခုထိ ဘာသံမှ မကြားပါ...ဘာကြောင့်လဲ????????????...

KPU -RAKHINE said...

ပြိးခဲ့ တဲ့ လွတ် တော် တွေ မှာ တော့ 2013 ဆို ပြီး ၀န်ကြီးတွေ ပြောသွားတယ် ..
ဗမာ တွေ က တော့ ဒီ လို ပဲ ပြီး စလွယ် ပြော ကြ တာ ပဲ
ကိုယ့် စကားကိုယ် တာ ၀န် မခံ (စကားလုံး လှ ) ရင် စကားလုံးကြီး ရင် ပြီးေ၇ာ ပဲ ပြော ကြ တာ သမ္မတ က အစပဲ
နိုင်ငံ ခြား အကြီး အကဲ တွေ လဲ သတိ ထားသင့် ပါ တယ်

zawmyoaung said...

ယုံရခက်ခက်ပဲ

ko pwa said...

ရေအားလျှပ်စစ်ကလဲ အခုကန့်ကွက်မှုတွေကြောင့် လွှတ်တော်မှာ ပိုက်ဆံထပ်မရတော့ပါဘူး. အဲဒီ့ဘက်မှာ လိုင်းတွေ ခွဲရုံတွေ ဆွဲရင်တော့ အဲဒီဘက်ကိုင်တဲ့ စီဂျာလေး မောင်အောင်ဘိုတော့ ထောပြီပေါ့ကွာ ရခိုင်ကလူတွေ မီးလင်းမှာကို ၀မ်းသာပေမယ့် မောင်သူရအောင်ဘို company တွေကနေ လည်ပင်းညှစ်မှာကိုလဲ မြင်နေတယ်. သူက ပိုက်ဆံပေးရင်တောင် တောင်းတောင်းပန်ပန်နဲ့ပေးရတာနော်

thein sein naing said...

မဟာဓါတ်အားလှိုင်းဆိုတော့ ကြည်နုးစရာပေါ့လေ မကြည်နုးစရာဖြစ်ရတာက မနက်ဖန်သို့မဟုတ်ဘယ်သောအခါ ပေါ့လေ သွယ်တာကမဟာဓါတ်အားမီးရတော့ခရမ်းချဉ်သီးအလင်းရောင်ကိုမမှီမှာလည်းစိုးရိမ်လို့ပါ

lazy said...

ရခိုင်ပြည်မီးလင်းတဲ့အပြင် (ရိုဟင်ဂျာ)တွေပပျောက်ဖို့လဲအရေးကြီးတယ်

Powered by Blogger.