ပူးပေါင်းကူညီပေးရန်မေတ္တာရပ်ခံခြင်း (ပေးစာ)

လူကြီးမင်းခင်ဗျား...
ကျွန်တော်က လှမျိုးဝင်း(တိုင်းရင်းဆေးတက္ကသိုလ်)ပါခင်ဗျား....
လူကြီးမင်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိလာသည့်
တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ငရဲခွေးကြီးလွှတ်နေပြီ ဆိုသည့်
ဖော်ပြထားသည့်အတွက် အမှန်တရားပေါ်ပေါက်ရေးအတွက်
ပူပေါင်းကူညီပေးစေလိုပါသည်။
 တိုင်းရင်းဆေးပညာဦးစီးဌာန
လက်ရှိညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအောင်မြင့်သည်
မြန်မာ့တိုင်းရင်းဆေးလောကတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်
ကြိုးပမ်းနေသူတစ်ဦးဖြစ်ကြောင်းကို ကျွန်တော်အနေဖြင့် အထူးအာမခံပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာတိုင်းရင်းဆေးလောကတွင်
အချိန်ကာလနှစ်ပေါင်းများစွာ မဖြစ်နိုင်ခဲ့သည့်  ယခင်
တိုင်းရင်းဆေးပညာဒီပလိုမာဘွဲ့သမားများကို
ပေါင်းကူသင်းတန်းတွေဖွင့်လှစ်နိုင်ခဲ့အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း၊
တိုင်းရင်းဆေးတက္ကသိုလ်အတွက် မဟာဘွဲ့သင်တန်းတွေကို
မဖြစ်မနေဖွင့်လှစ်နိုင်ရန် ကြိုးစားအားထုတ် ပေးနိုင်ခဲ့သည့်
ကျွန်တော်တို့ မြန်မာ့တိုင်းရင်းဆေးလောကအတွက်
ဖခင်ကြီးတစ်ဆူလည်းဖြစ်ပါသည်။ 
တိုင်းရင်းဆေးတက္ကသိုလ်တွင်လည်း ယခင်က
စနစ်မကျခဲ့သည့်များ တက္ကသိုလ်တစ်ခုအနေ့ဖြင့် ပြုပြင်ပြောင်းလဲမှုများဖြင့်
နိုင်ငံတကာအဆင့်မီ ဆေးပညာသင်ကြားရေးတက္ကသိုလ်တစ်ခုဖြစ်အောင်
ဆေးပညာသင်ကြားရေးယူနစ်ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း၊
မြန်မာ့တိုင်းရင်းဆေးပညာအတွက် ဆွေးနွေးပွဲများ
တစ်လလျှင်တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ခြင်း၊ တိုင်းရင်းဆေးတက္ကသိုလ်
သာရေးနာရေးထောက်ပံ့ခြင်းရံပုံငွေများထူထောင်ပေးခြင်း၊
သင်ကြားရေးနည်းစနစ်အလုပ်ရုံဆွေးနွေးပွဲများကို နှစ်စဉ်
(၂)ကြိမ်ကျင်းပခြင်း၊ သုတေသနနည်းစနစ်အလုပ်ရုံဆွေးနွေးပွဲများ နှစ်စဉ်
(၂)ကြိမ်ကျင်းပခြင်းများကို
စတင်လမ်းကြောင်းဖော်လုပ်ကိုင်ဆောင်ရွက်ပေးသွားသူလည်းဖြစ်ပါသည်။ 

ထိုပြင်ခေတ်နှင့်အညီမြန်မာ့တိုင်းရင်းဆေးအား နိုင်ငံတကာက
မှတ်တမ်းတင်နိုင်ရန်အတွက် ပြည်ပနိုင်ငံများ၏ အကူအညီဖြင့် ပညာတော်သင်များ
များစွာစေလွှတ် ပေးခဲ့ခြင်းများသည် ကျွန်တော်တို့
မြန်မာ့တိုင်းရင်းဆေးလောကသားများအတွက် ရှေ့မှနေပြီး ဦးဆောင်ဦးရွက်နှင့်
ပညာရပ်ပိုင်းဆိုင်ရာများတိုးတက်အောင် နေရောည ပါ
ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ လူတစ်ထောင်တွက် တစ်ယောက်မလုပ်နိုင်ခဲ့သည့်
မြန်မာ့တိုင်းရင်းဆေးတိုးတက်ရေးအတွက် ရှေ့တန်းမှနေကာ
ကြိုးပမ်းတိုက်ပွဲဝင်ဆောင်ရွက်နေသည့် ပါမောက္ခ ဒေါက်တာအောင်မြင့်အား
မပြိုလဲစေရန်အတွက် ကျွန်တော်တို့ တိုင်းရင်းဆေးဆရာများအနေဖြင့်
အထူးကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သည်မှာ ကျွန်တော်အပါအ၀င်
မြန်မာ့တိုင်းရင်းဆေးဆရာတိုင်းနှင့် တိုင်းရင်းဆေးကို
တိုးတက်အောင်ကြိုးပမ်းကြသူတိုင်းတွင် ရှိအပ်သည့်
ကိုယ်ပိုင်တာဝန်တစ်ခုဖြစ်သည်ဟု အားလုံးက တညီတညွတ်တည်းခံယူကြပါသည်။
               ယခုကဲသို့ မြန်မာ့တိုင်းရင်းဆေး၏ ဖခင်ကြီးတစ်ဆူဖြစ်သည့်
ပါမောက္ခဒေါက်တာအောင်မြင့်အား ဂုဏ်သိက္ခာထိခိုက်စေရန်နှင့်
ပြိုလဲပျက်စီးစေရန်အတွက် တိုက်ခိုက်လာသည့် မသမာလူတစ်စု၏
သွေးတိုးဆောင်ရွက်မှုများကို ကျွန်တော်တို့
မြန်မာ့တိုင်းရင်းဆေးဆရာများအနေဖြင့် အမှန်တရားပေါ်ပေါက်ရေးအတွက်
စီစစ်ဖော်ထုတ်နိုင်ပါရန်အတွက် လူကြီးမင်းတို့online တာဝန်ခံများအနေဖြင့်
ကျွန်တော်တို့ဖြင့် ပူပေါင်းဖော်ထုတ်ပေးပါရန်နှင့်
မြန်မာ့တိုင်းရင်းဆေးတိုးတက်ရေးအတွက် ကျွန်တော်တို့နှင့်အတူ
တစိတ်တဒေသဖြစ်စေ၊ ပူပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် ကျွန်တော်မေတ္တာရပ်ခံ
အပ်ပါသည်။
ရိုသေစွာဖြင့်
    လှမျိုးဝင်း (တိုင်းရင်းဆေတက္ကသိုလ်)

ယခင်ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးကိုအောက်ပါ LLink မှာပြန်လည်ဖတ်ရှုနိုင်ပါသည်။ 
ပူးပေါင်းကူညီပေးရန်မေတ္တာရပ်ခံခြင်း (ပေးစာ) ပူးပေါင်းကူညီပေးရန်မေတ္တာရပ်ခံခြင်း (ပေးစာ) Reviewed by သစ်ထူးလွင် on 16:00 Rating: 5

8 comments:

Anonymous said...

ကိုလှမျိုးဝင်း၊ မှတ်ပုံတင်နံပါတ် ဒါမှမဟုတ် တိုင်းရင်းဆေးတက္ကသိုလ်အမှတ်လေးပါ ထည့်လိုက်ပါလား.. ခင်ဗျားရဲ့ သဘောထား ဘယ်လောက်ခိုင်မာတယ်ဆိုတာ သိရအောင်လို့ပါ။
အရာရှိကြီးဆိုတာ တာဝန်ကြီးကိုယူထားရင် ကိုယ့်ရာထူးနဲ့ထိုက်တန်တဲ့ အလုပ်ကိုလုပ်တာကတစ်ပိုင်း... အလုပ်လုပ်ရင်း၊ အကျင့်ပျက်ချစား၊ လူသားမဆန်တာက တစ်ပိုင်းပါ။
အခုဖြစ်စဉ်မှာ တိုင်ကြားသူက အလုပ်မလုပ်ဖူးဆိုတာထက် အကျင့်ပျက်ချစားမှုတွေကို ဖော်ထုတ်ထားတာပါ။ ကိုလှမျိုးဝင်း ဆိုသူကကြတော့ လူကြီးရဲ့ မဖြစ်မနေ လုပ်ရမယ့်အလုပ်တွေကို အမှန်တကယ် အားကြိုးမာန်တက် လုပ်ကိုင်နေပါတယ်ဆိုပြီး ဖော်ပြပြောဆိုနေတယ်။
တိုင်ကြားထားတဲ့ အကျင့်ပျက်မှုတွေကို တစ်ခုခြင်း ချေပပြောဆိုတာမျိုး မပြုလုပ်ထားပါဘူး။
အဲဒီတော့ ကျွန်တော်တို့ စာဖတ်သူအနေနဲ့ ကောက်ချက်ချရမှာက..
ပါမောက္ခဒေါက်တာအောင်မြင့် ဆိုသူဟာ သူ့တာဝန်တွေကိုလည်း သူ့အာဏာနဲ့ သူ့နေရာတည်မြဲရေးအတွက် အမိန့်ပေးပြီး အောင်မြင်အောင် အသေအချာ လုပ်ကိုင်သလို တစ်ဖက်ကလည်း ကမ်းကုန်အောင် လာဘ်စား၊ အထက်ဖားအောက်ဖိ၊ ၀န်ထမ်းတွေအပေါ် လူစိတ်မထားနိုင်သူ တစ်ယောက်ဖြစ်တယ်လို့ ယူဆတယ်။

Ko Tee said...

ဟုတ်ပါတယ် ကိုလှမျိုးဝင်းရေ တိုင်းကြားထားတဲ့ ကိုဘအေးကအထောက်အထားလည်းခိုင်ခိုင်လုံလုံတင်ပြတိုင်ကြားထားတယ်လေဒဂုံမြို့သစ်က မြေကွက်ကိစ္စဆိုရင်လည်းအကွက်အမှတ်နဲ့တကွအတိအကျ ပြော ပြထားတာပဲလေ ၀ယ်သွားတဲ့သူတွေရဲ့မှတ်ပုံတင်အမှတ်တောင်ပါသေးတယ် ကဲအဲဒီတော့ ကိုလှမျိုးဝင်းအနေနဲ့ အဲဒီမြေကွက်ကိစ္စတွေ သူပြောထားတဲ့နေပြည်တော်က ပရဆေးစိုက်ခင်းက ဆိုင်ခန်းငှားထားတာတွေဟာ သေခြာပေါက်စုံစမ်းပြီးမှန်ကန်မှူမရှိရင် တိတိကျကျချေပလို့ရတာပဲ ကျွန်တော်တို့စာဖတ်သူတွေကတော့ ကိုဘအေးရဲ့တိကျမူကိုပဲလက်ခံပါတယ်

Acmv Org said...

လှမျိုးဝင်း
၁) သင်တန်းဖွင့်တာ၊ တိုင်းရင်းဆေးပညာဒီပလိုမာပေးတာ။
တိုင်းရင်းဆေးတက္ကသိုလ်တာ နှင့် ပညာတော်သင်များလွတ်တာတွေဟာ ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ရဲ့တာဝန်ပါ။ လစာယူထားလို့အလုပ်လုပ်ရတာ အောင်မြင်တော့ဝမ်းသာစရာကောင်းတာပေါ့။ ဌာနအတွက် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူစရာပါ။

၂) ဘအေး တိုင်းရင်းဆေး (နေပြည်တော်) အပြောတဲ့ အချက်၅ချက်ကို မဟုတ်ရင် (သေသေချာချာသိရင်) မဟုတ်ကြောင်းရှင်းပြပေးပါ။ဒေါက်တာအောင်မြင့် ကောင်းတာတွေ လုပ်တဲ့အတွက် မကောင်းတာတွေ မလုပ်ပါဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။

၃) ပါမောက္ခဒေါက်တာအောင်မြင့်ကိုလည့် မဟုတ်ရင် မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ပေးဘို့မေတ္တာရပ်ခံပါတယ်။

၎) ကိုလှမျိုးဝင်း ဒေါက်တာအောင်မြင့်အချက်၅ချက်ကိုလုံးဝ မကျူးလွန်ခဲ့ပါဘူးလို့ ၁၀၀% အာမ, မခံနိုင်ဘဲ တစ်စုံတစ်ရာ မျှော်ကိုးပြီး ရေးသားခဲ့ရင် သီလ ညစ်ညူးပါလိမ့်မယ်။

Philip Kotler said...

မှန်တယ် ငဘပြောတာမှန်တယ်ထောက်ခံတယ် အဲ့ကိုလှမျိုးဝင်းပြောတဲ့အလုပ်တွေဆိုတာ ဌာနအကြီးအကဲတစ်ယောက်အနေနဲ့ မဖြစ်မနေလုပ်ရမယ့်ကိစ္စတွေပါ။ ဒါကြောင့်ထူးပြီးကျေးဇူးတင်စရာလိုလား ဘာတဲ့ ဖခင်ဟုတ်လား သူ့အရင်ကလူတွေကကော တိုင်းရင်းဆေးကိုခုချိန်ထိ တည်ရှိနေအောင် လက်ဆင့်ကမ်းအမွေအဖြစ်ထားခဲ့တဲ့လူတွေကကော ဘာတွေလဲ ကျေးဇူးတင်ထိုက်တဲ့သူတွေမဟုတ်ဘူးလားဗျ.... ခင်ဗျားပြောတာတွေကိုအာမခံရင် ဖုန်းနံပါတ်၊ လိပ်စာ၊ မှတ်ပုံတင်အမှတ်၊ တ/ဆ နံပါတ် တွေဖော်ပြပေးပါ အမှန်တရားဆိုတာ ဒီလိုမှုန်ဝါးဝါးလုပ်လို့ရလား....

lwannaymie said...

ကိုလှမျိုးဝင်း...မှတ်ပုံတင်နံပါတ်နဲ့တိုင်းရင်းဆေးတက္ကသိုလ်အမှတ်...ထပ်၍ဖေါ်ပြပေးပါ...အမှန်တရားကျိမ်းသေထွက်လာပါမယ်။
(ရှေ့ပိုင်းမှာသူများတွေက...ဒေါက်တာအောင်မြင့်ကိုမကြိုးစားဘူးလို့ပြောခဲ့တာမဟုတ်ဘူး...သူအကျင့်ပျက်ချစားတာကိုပြောတာ...ခင်ဗျားတစ်ချက်ခြင်း၊ဆီမရှင်းထားဘူး) စိတ်မနိုင်ရင်(အောင်မြင့်)လက်ရှိ...ရာထူးကအမြန်ဆင်းပါ။

Anonymous said...

ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆေးသုံးအရက်ပျံထုတ်ဖို့တိုင်းရင်းဆေးဝါးမှတ်ပုံတင်တာသိန်းနှစ်ဆယ်လောက်ကျမယ်ဆိုလို့မတင်တော့ဘူး....

aungsatkyar said...

တိုင်းရင်းဆေးဘဲဖြစ်ဖြစ် နိုင်ငံခြားဆေးဘဲ ဖြစ်ဖြစ် ဆေးဝါးဆိုတာအနာရောဂါ
တွေခံစားနေရတာကနေကယ်တင်ဘို့ရာသာဖြစ်တယ်ဂုဏ်၇ှိအောင်လုပ်ဘို့မဟုတ်ဘူး ဘယ်ဆေးဖြစ်ဖြစ်ထိရောက်တဲ့ အကျိုမပေးနိုင်ရင်ဂုဏ်ယူနေစရာလည်းမလိုဘူး အစွဲမထားဘဲ အကျိုးကျေးဇူးကိုအလေးထားဆောင်ရွက်သင့်တယ် ကိုယ့်တိုင်းရင်းဆေးကဝေဒနာရှင်ကိုဘယ်အတိုင်းအတာအထိကူညီနိုင်လဲ အသုံးဝင်လည်း အရာမ၀င်တဲ့ဂုဏ်ယူဘို့လုပ်နေမဲ့အစား အရာဝင်တဲ့ကယ်တင်မှုကိုကျန်းမာရေးဌာနကစဉ်းစားဘို့လိုတယ်နော် ကျန်းမာရေးဝန်ကြီး ကယ်ဆယ်ကုသရေကိုဘဲစိတ်ဝင်စားသင့်တယ် တစ်ဦးတစ်ယောက်ရဲ့သြဇာအဏာကြောင့် ဂုဏ်သိင်္ခါကိုရှေ့တန်းတင်နေတာမဖြစ်သင့်ဘူး လုပ်သင့်တာကိုမှန်မှန်ကန်ကန်မြင်တတ်လုပ်တတ်ဘို့လိုတယ်နော်။

Unknown said...

ဘာပဲဖြစ်ဖြစ်ပါ
ဘယ်သူမဆို အမှန်တရားကို သိချင်မှာပဲ
မည်သူပဲဖြစ်ဖြစ် အမှန်တရားကို ပဲရေးပါ

Powered by Blogger.