မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ခရီးသွားတွေ များပြားလာ

တစ်ချိန်က စစ်အာဏာရှင် စိုးမိုးအုပ်ချုပ်ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေ စုပြုံဝင်ရောက်နေတဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။

မနှစ်က ခရီးသွားဧည့်သည် (၄) သိန်းကျော် လာရောက်ခဲ့ပြီး ဒီနှစ်မှာတော့ အရေအတွက် နှစ်ဆတိုးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း Euro News က ဖော်ပြပါတယ်။

Khiri Travel Group ရဲ့ အထွေထွေ မန်နေဂျာ မစ္စတာ Edwin Briels ကတော့ - ဟိုတုန်းကတော့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူထားတော့ မသွားကောင်းတဲ့အရပ်လို့ ခရီးသွားတွေက မှတ်ယူခဲ့ကြတယ်။ အခုတော့ သွားကောင်းတဲ့အရပ် ဖြစ်သွားပါပြီ။ အတော်များများကတော့ စူးစမ်းချင်လို့ လာကြတာပါ။ ဒီကိုရောက်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ ရိုးရိုးခရီးသွားတွေထက် အခွင့်အလမ်း လာရှာတဲ့ စီးပွားရေးသမားတွေက ပိုပြီးများတယ်လို့
ပြောဆိုပါတယ်။

မြန်မာပြည်မှာ သာယာလှပတဲ့ ရှုမြင်ကွင်းတွေ၊ ရှေးဟောင်း စေတီပုထိုး ဘုရားကျောင်းကန်တွေ ရှိသလို တစ်ဘက်မှာလည်း ပြည်သူအများစုကြီးရဲ့ လူနေမှုဘ၀ အခြေအနေက နိမ့်ကျနေဆဲ၊ လူ့အခွင့်အရေး အခြေအနေတွေက စိုးရိမ်စရာ ကောင်းဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တပြိုင်တည်းမှာ အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အတိုက်အခံဘက်ကလည်း အစိုးရ လက်ဝေခံတွေရဲ့ လက်ထဲရောက်သွားမယ့် ခရီးသွား အစီအစဉ်တွေထက် ပြည်သူတွေ အကျိုးရှိမယ့် ခရီးသွားလုပ်ငန်းမျိုး ထွန်းကားဖို့ ပိုပြီး အားပေးချင်တာကို တွေ့ရပါတယ်လို့ Euro News က ရေးသားဖော်ပြပါတယ်။
 
RFA
မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ခရီးသွားတွေ များပြားလာ မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ခရီးသွားတွေ များပြားလာ Reviewed by သစ်ထူးလွင် on 09:56 Rating: 5

5 comments:

ပုဂံစစ်သည် said...

ကျွန်တော်တို့ ပုဂံ/ညောင်ဦး နဲ့တစ်ကွ နိုင်ငံခြားသားတွေ သွားလာကြတဲ့ မန္တလေး၊ အင်းလေး၊ ကလော စတဲ့မြို့တွေကို မီးမှန်စေချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာသွားရလာရတာ လမ်းမှာမီးမရှိတော့ တော်တော်အခက်တွေ့နေတယ်။ ပြီးတော့ နယ်ခံတွေက ဈေးရောင်းတဲ့နေရာမှာ နိုင်ငံခြားသားတွေ အနှောင့်အယှက်ဖြစ်မယ့်ပစ္စည်းတွေကို ဇွတ်လိုက်ရောင်းတာမျိုးကိုလဲ တားဆီးသင့်တယ်လို့ထင်တယ်၊ အင်မတန်မှရုပ်ဆိုးပြီးတော့ လူမျိုးတွေအပေါ်ကို အထင်အမြင်သေးမှာကြောက်ရပါတယ်။ မြို့ဝင်ကြေးတွေကိုလဲ လျှော့ချရင် နိုင်ငံခြားသားတွေအတွက် ပိုပြီးတော့ အစဉ်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့မှာ လိုင်းကားနားတဲ့ စခန်းတွေရောက်ရင် စားရေးသောက်ရေး အင်မတန်မှခက်ပါတယ်၊ ဟိုလူ့ခေါ်ရမလို ဒီလူ့ခေါ်ရမလိုနဲ့ ဒီလိုနဲ့ပဲကားပေါ်တက်ပြီး ခရီးဆက်ခဲ့ရတဲ့ နိုင်ငံခြားသားတွေ မနည်းပါဘူး၊ သူတို့တွေကလဲ သူတို့စီးပွားရေးပဲကြည့်တယ် ဒီလိုကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဦးစားပေးရမယ်ဆိုတာ သူတို့တွေမသိပါဘူး၊ ဒါတွေကိုပညာပေးမယ်ဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်ဖို့ အလားအလာရှိပါတယ်။

Nay Nwaye said...

ခရီးသွားတွေ နှစ်ဆတိုးလာသလို မကောင်းတဲ့မိန်းမတွေလည်းနှစ်ဆတိုးလို့လာပါတယ် စနစ်တကျစီမံကွပ်ကဲနိုင်ရင် ပိုကောင်းပါလိမ့်မယ် နေရာတစ်နေရာသတ်မှတ်ပေးတာမျိုးပေါ့ အခုတော့ ဘတ်စ်ကားမှတ်တိုင်တွေမှာမြင်လို့တောင်မကောင်းဘူး။

lad said...

တဆင့် ပြန်လည်မျှဝေလိုက်ပါတယ်။

အောင်သာယာ said...

အိမ် သာ(ယာ) တော့ ဧည့် လာ ပါပြီ

Ramanya said...

Visit Myanmar Year 1996 ရဲ့ အသီးအပွင့်တွေပါ။မြန်မာရဲ့သဘာဝအလှအပတွေကတော့အံ့မခန်းပါဘဲ။ရှေ့လျောက်ကံကောင်းသွားမယ်လို့မျှော်လင့်မိပါတယ်။

Powered by Blogger.