ဓါတ်ပုံ-ဒီဗွီဘီ |
ကလောမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ် အောင်ပန်းမြို့နယ်ထဲက လက်မပင်မဲရုံ၊ မိုးကောင်း ရပ်ကွက်မဲရုံနဲ့ အောင်ပန်း ရပ်ကွက် ၃ အမက ၁၂ မဲရုံတွေက မဲပြားတွေကို ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မဲရုံစောင့်ကြည့်ရေးကိုယ်စားလှယ် ရှေ့နေ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။ "၆ ရက်နေ့မှာ ဖယောင်းသုတ်တယ် ဆိုတဲ့ ကိစ္စကို NLD နဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ ပြည်နယ်ကော်မရှင်ရယ်၊ ခရိုင်ကော်မရှင်ရယ်၊ မြို့နယ် ကော်မရှင်ရယ်၊ နောက် ကျမတို့ ပါတီ ၂ ခုက ကိုယ်စားလှယ် ၂ ယောက်ရယ်၊ ၅ ဦးပါတဲ့ အဖွဲ့ကနေပြီးတော့ ဖယောင်းသုတ်တယ်လို့ စွတ်စွဲခံရတဲ့ မဲရုံက မဲကဒ်ပြားတွေကို ဖောက်ဖွင့်ပြတယ်။ ကျမတို့ ကြည့်တယ်။ ဖယောင်းသုတ်ထားတာ လုံးဝမရှိဘူး။" ဒီမဲရုံသုံးရုံကို ပြန်စစ်ဆေးခဲ့ရတာဟာ ကလောမဲဆန္ဒနယ်က မဲပြားတွေမှာ မဲပေးလို့မရအောင် ဖယောင်းသုတ်ထား တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တဲ့အတွက် ပြန်စစ်ဆေးဖို့ ပြောဆိုလာတာကြောင့် ပါတီကြီး ၂ ခုရဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူပြီး စစ်ဆေးခဲ့တာလို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ဒါပေမယ့် ဒီတိုင်တန်းမှုဟာ နယ်ခံ NLD က တိုင်ကြားတာမဟုတ်ဘဲ နယ်ခံပြည်သူတွေက တိုင်ကြားခဲ့တဲ့အတွက် အဖွဲ့ချုပ် အောင်နိုင်ရေးမှူး ဦးဥာဏ်ဝင်းက ကော်မရှင်ကို တင်ပြခဲ့တဲ့အတွက် အခုလို စစ်ဆေးတာလို့ ဆိုပါတယ်။ ရှမ်းပြည်တောင်ပိုင်းက ပြည်သူ့လွတ်တော်နေရာမှာ NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည ပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချူပ် ပါတီနဲ့ ကျားဖြူပါတီ စတဲ့ ပါတီ ၅ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်သန်းငွေ က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့နေရာ ဖြစ်ပါတယ်။
RFA
မဲပြားမှာ ဖယောင်းပါဝင်နေမှုအပေါ် တိုင်တန်းချက် နယ်ကော်မရှင်စစ်ဆေး
Reviewed by သစ်ထူးလွင်
on
21:17
Rating:
7 comments:
မဲပြားတွေက ဘယ်သူ့လက်ထဲမှာ သိမ်းထားတာလဲ?
မဲပြားပိုမိုခိုင်ခန့်ရန်အတွက် ဖေ၇ာင်းသုတ်ပေးထားခြင်းဖြစ်ကြောင်း ကော်မရှင်မှပြန်လည်ဖြေ
ကြားကြောင်း သတင်းရရှိ ။
မဲပြားတွေကို သူတို့ ဟာသူတို့ လဲတော့ရော ဘယ်သူကသိမှာလဲ?
ကြံ့တွေဖွတ်တွေရဲ့ အကျင့်ကို မသိတာလဲမဟုတ်ဘူး
မဲပေးပြီးသား တွေကိုမစစ်နဲ့လေ.... မဲမပေးခင်က ဖြစ်တယ်ဆိုတဲ့ မဲပြားတွေကို အဲဒီကတဲက မှတ်တမ်းမှတ်ရာနဲ့ သိမ်းဆည်းထားမှပေါ့...အခုကျမှ ပြန်စစ်လို့ကတော့...ဟင်း....ဟင်း....သနားတယ်..ကိုယ့်ကိုယ်ကို သူခိုးလိုတော့ ဘယ်သူမှအဖြစ်ခံမှာ မဟုတ်ဘူးနော်....သဘောပေါက်....
ဒီအချိန်မှ စစ်ဆေးနေလည်းအပိုဘဲ။ ဘယ်ရှိတော့မလည်း လဲလိုက်ပြီးပေါ့။
ဖယောင်းသုတ်တာလည်းသူတို့ပဲ
မဲပြားတွေသိမ်းတာလည်းသူတို့ပဲ
ဖယောင်းသုတ်တာနဲ့မသုတ်တာ..လဲတာလည်းသူတို့ပဲ
တာဝန်ခံတွေကို...ရိုက်စစ်လိုက်ရင်ပေါ်တာမှဟိုဘက်တောင်လွန်သေး....
ကျုပ်ကမန္တလေး၈၄လမ်းမဲ၇ုံမှာမဲ၇ည်တော.သက်သေထဲပါလို.တောက်လျှောက်ငုတ်တုတ်ထိုင်ကြည့်ခဲ.တာ။..ပယ်မဲ၇ဲ.၉၀၇ာနှန်းကအမှန်ခြစ်တာအားမ၇လို.နှစ်ခါခြစ်မိလို.ပယ်ခံ၇တာတွေ။နှမျောစ၇ာဗျာ။
ကြံဖွတ်မဲတွေကအနီးကပ်သင်းတန်းပေးပြီးတေ.ဖြုတ်ထားလို.အမှားနဲတယ်။
နောင်ကိုသတိထားစ၇ာတွေပေါ.။မဲပေးမဲ.လူစာ၇င်းရှာ၇တာစာရွှက်
တထပ်ကြီးနဲ.ဗွက်တွေကိုပေါက်လို.။
လက်တော(ပ)တလုံးနဲ.တမြို.လုံးကစာ၇င်းကိုတထိုင်ထဲရှာပေးလိုက်ခြင်
တယ်။၂၀၁၅ကြ၇င်ကျုပ်လက်တော.(ပ)အစုတ်နဲ.တ၇ုတ်ဟဲန်းဆက်ဘေးခြ
ဲပြီးလမ်းထောင်.မှာအခမဲ.ကို၇ှာပေးအုံးမှာ။အေ၇းမပါလိုက်တာ။....
ီ
Post a Comment