ဧရာဝတီမြစ်ဆုံကိစ္စအား ကန့်ကွက်ကာကွယ်တားဆီးမှုများ ပြုလုပ်သွားမည်

ဝင့်သင်ဇာကျော် (မြစ်မခ)
ဧပြီ ၄ ၊ ရန်ကုန်မြို့။

ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် တရုတ်နိုင်ငံ CIA ကုမ္ပဏီမှအကြောင်းကြားစာ ရောက်ရှိခြင်းအပေါ်တွင် မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် တတ်ကြွလှုပ်ရှားသူများအနေဖြင့် ကန့်ကွက်ကာကွယ်တားဆီးမှုများအား  တတ်နိုင်သမျှ ဖြစ်ကြောင်း သိရှိရသည်။

“မြစ်ဆုံကို ပြန်လုပ်ဆောင်နေပြီလို့ ပြောကြဆိုကြတာပဲလေ မလုပ်ဖို့ကိုတော့ ဦးတို့အနေနဲ့ တတ်နိုင်သလောက် ကြိုးစားနေကြတယ် ကချင်ပြည်နယ် ဒေသခံတွေရော ဦးတို့အနေနဲ့ဆိုရင် ဒီမြစ်ဆုံမှ မဟုတ်ဘူး ကျောက်ဖြူကိစ္စကိုရော ရပ်တန့်ဖို့ ကြိုးစားနေပါတယ် “ ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွင် တတ်ကြွလှုပ်ရှားသူ ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံ သမ္မတအနေဖြင့် လုပ်သက် သက်တမ်း ၅နှစ်အတွင်း ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားရန် ပြည်သူများအား ကတိပေး စကားပြောကြားခဲ့ခြင်းနှင့်အညီ ကတိစကားတည်ရန်နှင့် မတည်ပါက ပြည်သူများ ၊ အနုပညာရှင်များ ၊ အတတ်ပညာရှင်များ၏ second wave ဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် တတ်ကြွလှုပ်ရှားသူများထံမှ သိရှိရသည်။

“သမ္မတကြီးကနေ ပြည်သူတွေကို သက်တမ်း ၅နှစ်အတွင်းမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကတိပေးထားတယ်လေ အဲ့ကတိစကားကို ဖောက်ဖျက်ပြီး ဆက်လုပ်မယ်ဆိုရင် new government ၊ good government ၊ clean government မဖြစ်ဘူး နောက်ပြီး ပြည်သူတွေရဲ့ second wave ဖြစ်ပေါ်လာနိုင်တယ် အရင်ကလဲ မြစ်ဆုံစီမံကိန်းကို လက်မခံလို့ ပြည်သူတွေ အော်ကြ တောင်းဆိုခဲ့ကြတာ အခုဆက်ပြီးလုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ အသံက အရင်ကထက် ပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် တတ်ကြွစွာ လှုပ်ရှားသူ တစ်ဦးဖြစ်သူ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်ပမှ စီးပွားရေးပိတ်ဆို့ခြင်းမှာ ဖြေလျော့သွားနိုင်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြုပ်နှံမှုတိုင်းကို စီစစ်ပြီးမှ လက်ခံသင့်ကြောင်း သို့မဟုတ်ပါက စက်ရုံများ တည်ဆောက်ခြင်းကြောင့် လေထုညစ်ညမ်းခြင်းများ ထပ်မံ ဖြစ်ပေါ်လာနိုင်ပြီး သဘာဝန်ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

“နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတိုင်းကို လက်ခံလို့ မဖြစ်သေးဘူး ဆုံးရှုံးမှုတွေများမဲ့ စီမံကိန်း ဘာတွေရှိမလဲဆိုတာ စဉ်းစားသင့်တယ် ဘာလို့လဲဆိုတော့ ဘတ္တရီ စက်ရုံတွေ ဓာတ်မြေသြဇာ စက်ရုံတွေ ဆောက်မယ်ဆိုရင် လေထုညစ်ညမ်ခြင်းတွေ ၊ ရေတွေ ညစ်ညမ်းမှုတွေ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ် “ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် တတ်ကြွလှုပ်ရှားသူ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ၂၀၁၁ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် ဧရာဝတီမြစ်ဆုံ ဆည်ကြီးအား ပြည်သူများ၏ သဘောဆန္ဒကို အတည်ပြုသောအားဖြင့် သမ္မတ သက်တမ်း ၅နှစ်အတွင်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဧရာဝတီမြစ်ဆုံကိစ္စအား ကန့်ကွက်ကာကွယ်တားဆီးမှုများ ပြုလုပ်သွားမည် ဧရာဝတီမြစ်ဆုံကိစ္စအား ကန့်ကွက်ကာကွယ်တားဆီးမှုများ ပြုလုပ်သွားမည် Reviewed by သစ်ထူးလွင် on 14:52 Rating: 5

11 comments:

bomberman said...

irrawaddy saving social network တွေ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ခိုင်ခိုင်မာမာ တပြည်လုံးအတိုင်းအတာနဲ့ ကြိုတင်လုပ်ထားကြဖို့ တိုက်တွန်းချင်ပါတယ်

gwantaylay said...

ပြန်စမယ်ဆိုရင်တော့စစ်ပွဲကြီးတစ်ခုထပ်ဖြစ်လာနိုင်တယ်..ရပ်တန်းကရပ်အောင် အားလုံးဝိုင်းဝန်းပြီးဆန္ဒပြမှဖြစ်မှာနော်..။

shweminthar said...

ဒီကိစ္စက ကျွန်တော်တို့ ဗမာလုမျိုးတွေကို သွေးတိုးစမ်းတာပ။ငါတို့လုပ်ချင်သလိုလုပ်လို့ရပါတယ်ဆိုပြီးအချုပ်အချာကိုပါထိ
ိပါးတာ။ငြိမ်ခံနေတဲ့ကောင်တွေက ငြိမ်နေပေမဲ့ ကျုပ်တို့ပြည်သူတွေ လက်တွဲညီဖို့တော့လိုပြီ ဗျ။တယုတ်ဆိုတဲ့ကောင်တွေကို မောင်းထုတ်ဖို့အချိန်ကျပြီလို့ဆိုချင်ပါတယ်။တဖြေးဖြေးနဲ့ကျုပ်တို့ထဲက လောက်ကောင်တွေနဲ့ပေါင်းပြီးတိုင်းပြည်ကို ဗိုလ်ကျစိုးမိုးချင်လာတာသိသာလာပြီ။အားလုံးပဲအင်တိုက်အားတိုက်ဆောင်ရွက်
်ကြစို့ဗျ။ခုလဲကြည့် ပိုလို့ရောင်းပါတယ်ဆို့ကောင်တွေ ..ပြည်သူတွေအတွက်ဘယ်လောက်ထိလုပ်ပေးနိုင်လဲ။ထွက်သွားသင့်ပြီကွ။
ရှက်သင့်ပြီကွ။
ဲမြစ်ဆုံအရေး ဆက်ပြီး တိုက်ပွဲဝင်ကြစို့ရောင်းရင်းတို့။

မန်းလေးသား said...

ဟာဒါဆိုရင်တော့ .... အရမ်းသတိထားရတော့မယ်..ညီအကိုတို့သေသေချာချာ စဉ်းစားကြနော်... သူတို့က မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်... အဲးဒီလိုလုပ်ရင် ပြည်သူတွေက ဆန္ဒပြမယ် .. အဲဒီဆန္ဒပြတဲ့အထဲမှာ သူတို့လူတွေထည့်ပြီး အကြမ်းဖက်အောင်လုပ်...ပြီးတော့မှ တိုင်းပြည်ကိုငြိမ်းချမ်းအောင် တပ်မတော်ကနေ မလွှဲသာလို့ အုပ်ချုပ်ရပါသည်..ဆိုတဲ့အကွက်တွေရွှေ့တော့မှာ... နောက်တစ်ချက်က ရာထူးတွေ ဘာမှန်းမသိဘဲ တိုးနေတယ်... ရွေးကောက်ပွဲကာလမှာ လုပ်ခဲ့တဲ့လုပ်ရပ်တွေ အတွက်ဘာမှအရေးယူမူ့မရှိသေးဘူး ....မီးတွေဖြတ်.. ရေတွေဖြတ်.. connection တွေဖြတ်..တိုင်းပြည်ဆူပူအောင် သက်သက်လုပ်နေတာ... ၁၉၈၈ တုန်းက ဒီပုံစံမျိုးချိုးခဲ့တယ်... ၁၉၈၀ ခု ပါတ်ဝန်းကျင်က မှတ်တမ်းတွေ စာအုပ်တွေမှာသေသေချာချာ ရေးထားတာတွေရှိတယ်... အခုလောလောဆယ် အမေစုအနိုင်ရတာဟာ ပြည်သူတွေကချစ်လို့ထောက်ခံတာဆိုပေမယ့် နိုင်ငံခြားကိုလှည့်ဖို့ ဆိုတာလဲဖြစ်နိုင်သေးတယ်နော်... ကျွန်တော့်ရဲ့အမြင်ကိုပြောခြင်းပါ ... ကျွန်တော်အစိုးရိမ်လွန်တာလဲ ဖြစ်နိုင်ပါတယ်... ညီအကိုတို့ရဲ့အမြင်ကိုလဲသိချင်ပါတယ်.... အမြဲတမ်း ကြံ့ဖွတ်တွေကို ဆဲနေတာထက်စာရင် တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဖလှယ်ပြီးတော့ အမေစု နဲ့ ကျွန်တော်တို့နိုင်ငံ စစ်အုပ်ချုပ်ရေးလက်အောက် ပြန်မရောက်အောင်ကြိုးပမ်းရအောင်ဗျာ...

Anonymous said...

ဧရာဝတီမြစ်ဆုံကိစ္စဟာ မြန်ပြည်က ပြည်တွင်းသုံးဖို့အတွက်တည်ဆောက်မယ်ဆိုရင်တောင် ဒီကိစ္စကို တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေအတွက်တားမြစ်ရမှာ။အခုဟာ က တရုပ်ပြည်သူလူထူ့ တရုပ်အစိုးရကောင်းစားဖို့အတွက်တည်ဆောက်မှာဆိုတော့
အမျိုးသားရေး မို့ တမျိုးသားဝန်းဝိုင်းကန့်ကွက်ရမှာပါ။

feels said...

ပြန်စမယ်ဆိုရင် အကုန်လုံးကန့်ကွက်ကြပါ...

zzmyoe said...

ဧရာဝတီ အရေးဟာမြန်မာနိုင်ငံသား အားလုံးရဲ့အရေးဖြစ်ပါတယ်၊ဒါကြောင့်ကျွန်တော်တို့အားလုံး ဧရာဝတီ ကိုအသက်နဲ့ကာကွယ်သွားမှာပါ၊ဆရာအုန်း တို့နောက်မှာကျွန်တော်တို့ရှိနေပါမယ်.....၊ဧရာဝတီ နဲ့ပတ်သက်တဲ့တွေဆုံဆွေးနွေးမှုတွေ ကိုကြိုတင် ကြေငြာပေးပါ၊လာရောက်ပါမယ်။

Aung Soe Oo said...

တရုတ်နဲ့ပတ်သက်ပြီးလုပ်တဲ့လုပ်ငန်းအားလုံးရပ်ဆိုင်းသင့်တာပါ မြန်မာတွေသွားရောက်လုပ်ကိုင်နေတဲ့တိုင်းပြည်တွေမှာအယုတ်မာဆုံးဟာ တရုပ်လူမျိုးတွေပါ...............

kk said...

ဧရာဝတီအရေးအတွက် မြန်မာရော တိုင်းရင်းအားလုံးညီညီညာညာ စည်းစည်းလုံးလုံး လက်တွဲမပျက်ကန့်ကွက်ကြပါဆို့။

ရာရာ said...

မြစ်ဆုံရဲ့ သဘာဝ အလှအပတွေ ဘာတွေညာတွေ ခဏဖယ်ထားပါဦး။ ဒီမြစ်ကြီးကိုမှီတင်းပြီး ဘ၀ဖြစ်တည်နေကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် တကယ်အရေးကြီးတာပါ။ ဒီမြစ်ကြီးမရှိတော့ရင် သူတို့အတွက်ဘာနဲ့ဘယ်လိုစခန်းသွားကြရမယ်မသိပါဘူး။
ဒါကိုမသိမဟုတ် သိသိကြီးနဲ့ဆက်လုပ်နေတာကတော့ မိုက်ရိုင်းလွန်းအားကြီးပါတယ်။

pyaponthu said...

မြစ်ဆုံးကိစ္စ ကို လုံးဝ လုံးဝ ကန့်ကွက်တယ်။တရုတ်ကောင်းစားရေး ။မြန်မာပြည်သူတွေ ကို လုပ်ခြင်သလို လုပ်မယ်။ဂရုစိုက်စရာမလိုဘူး လို့ တရုတ်က ထင်နေတယ်။တရုတ်လောက် လူပါးဝတာ မတွေ့ဘူးသေးဘူး ။ခုချိန် ဦးရွှေမန်း နှားစေးတယ်။ပြောပါလား။။သမ္မတ ကိုတောင် ထောက်သေးတယ်။

Powered by Blogger.