၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကယားပြည်နယ်ခရီးစဉ်သွားရောက်ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ခေတ္တ၀င်ရောက်


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ  ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်တို့ဦးဆောင်သော အဖွဲ့သည် ယနေ့ (4.4.2012)ရက်နေ့ နေ့လည်13း0 နာရီအချိန်တွင် ဟဲဟိုးမြို့မှတစ်ဆင့် အောင်ပန်းမြို့သို့ ရောက်ရှိလာပါသည်။
 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့်အတူ ဖယ်ခုံမြို့နယ်မှ ကယန်းလူငယ်အဖွဲ့စည်း၊

 ဒီမိုကရေစီအင်အားစု၊ ကျောင်းသားလူငယ်အဖွဲ့အစည်းတို့မှ ဟဲဟိုးမြို့သို့သွားရောက်
ကြိုဆိုခဲ့ကြခြင်းဖြစ်ပြီး အောင်ပန်းမြို့တွင် အောင်ပန်းမြို့မိမြို့ဖများ၊ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီအင်အားစု၊ နိုးကြားတက်ကြွသော လူငယ်များနှင့်အတူ အောင်ပန်းမြို့ NLD အောင်နိုင်ရေးအဖွဲ့ နှင့် အောင်ပန်းစာကြည့်တိုက်တာဝန်ခံကိုဘိုဘိုနှင့်လူငယ်များ 
တို့အား ရင်းရင်းနှီးနှီးတွ့ဆုံပြီး ဆွေးနွေးခဲ့ကြပါသည်။


 ၈၈ မျိုးဆက်ကျောင်းသားများနှင့်အဖွဲ့သည် အောင်ပန်းစာကြည်တိုက်မှ တည်ခင်းဧည့်ခံသော နေ့လည်စာကိုသုံးဆောင်ကြပြီးနောက် အောင်ပန်းမြို့မှ တစ်ဆင့် ဖယ်ခုံမြို့သို့ ထွက်ခွာသွားကြပါသည်။
 
အောင်ပန်းစာကြည့်တိုက်တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပွင့်လင်းသောလူ့အဖွဲ့အစည်းဖြစ်
ဖို့အတွက် ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီရမှာဖြစ်ကြောင်း၊ 
ကချင်ပြည်နယ်တွင် မဲဆန္ဒနယ်(၃)နယ်ဟာ 
ငြိမ်းချမ်းမှုမရှိလို့ မလုပ်နိုင်တာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းမှုရှိမှသာ ဒီမိုကရေစီရမှာဖြစ်တဲ့အကြောင်း ၊ အထူးသဖြင့် တိုင်းရင်းသားများနစ်နာဆုံးရှုံး
နေတဲ့အရာအားလုံးကို ကျနော်တို့တန်းတူ ဖြစ်စေချင်ပါကြောင်း၊
ရှေ့သို့ညီညီညွတ်ညွတ် သေသေသပ်သပ်နဲ့ လှမ်းနိုင်အောင် လမ်းစတွေဖော်သွားကြပါစို့ ဟု တိုက်တွန်းပြောကြားသွားကြောင်း သတင်းရရှိပါသည်။

 
ထို့အပြင် နောက်ခရီးစဉ်များတွင် အောင်ပန်းမြို့သို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ စုံစုံညီညီနှင့် ထပ်မံလာရောက် ဦးမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။


Myanmar News Now
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကယားပြည်နယ်ခရီးစဉ်သွားရောက်ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ခေတ္တ၀င်ရောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကယားပြည်နယ်ခရီးစဉ်သွားရောက်ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ခေတ္တ၀င်ရောက် Reviewed by သစ်ထူးလွင် on 17:43 Rating: 5

4 comments:

တွတ်ပီ said...

လေးစားပြီးသားပါ..အကိုတို့ ဦးလေးတို့ ခင်ဗျား
တွတ်ပီအနေနဲ့ .. ပြည်သူတွေခံစားနေရတဲ့ မတိုင်ရဲ တဲ့ကိစ္စတွေမှာ
ပါဝင်ဆောင်ရွက်ပေးစေလိုပါတယ်..၈၈သူရဲကောင်းများခင်ဗျား

Anonymous said...

ကြိုဆိုပါတယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ခင်ဗျား....
အောင်ပန်းတင်မကပါ ရောက်လေရာရာမှာ ပြည်သူလူထုတွေကို
နွေးနွေးထွေးထွေးနဲ့ အသိပညာများပေးခဲ့ပါ...ဒါမှသာ ပြည်သူလူထု
တွေ အသိပညာတိုးပွားပြီးတော့ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ ဒီမိုကရေစီ
ဖော်ဆောင်ရာမှာ...အမေဒေါ်စုရှေ့ကရပ်နိုင်မှာပါဗျာ..
မင်္ဂလာအပေါင်းနဲ့ပြည်စုံပါစေ...

Anonymous said...

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အောင်ပန်းမြို့ကိုရင်းရင်းနှီးနှီး
ဝင်ရောက်တဲ့အတွက် အရမ်းဝမ်းသာပါတယ်..
အောင်ပန်းတင်မကပါ အခြားနေရာဒေသများတွင် ဘယ်အရပ်မဆို
ဝင်ရောက်ပြီး ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးအတွက်
တိုင်းရင်းသားအရေးအတွက် လိုအပ်တာတွေအများရှိနေတော့
နွေးနွေးထွေးထွေး ပြည်သူနဲ့တသားတည်း ရှိစေချင်ပါတယ်..
အမေဒေါ်စုရဲ့ဘေးမှာ အမြဲတန်းရပ်တည်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသား
များအဖွဲ့ကို ကျေးဇူးတင်ပါတယ်...
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့..

phyu hninhtwe said...

၈၈မျိုးဆက်ကျောင်းသားများကိုကျေးဇူးတင်ပါတယ်ရှင် ။အောင်ပန်းမြို.သာမကတစ်ခြားနေရာတွေကိုလဲသွားစေချင်ပါတယ် ။ ၈၈မျိုးဆက်ကျောင်းသားများအနေနဲ.အမေစုကိုဝန်းရံပေးတဲ.အတွက်ရယ် ။ပြည်သူတွေအတွက်အမှန်တရားတွေကိုလုပ်ဆောင်ပေးတဲ.အတွက် ရှေ.ဆက်လျှောက်မယ်.လမ်းမှာအောင်မြင်ပါစေ ။

Powered by Blogger.