တရားဟောခွင့်ပိတ်ခံထားရတဲ့ ဒယ်အိုးဆရာတော် (၇) ရက် တရားချီးမြှင့်မည်


အေးနိုင် DVB ၁၁ ဧပြီ ၂၀၁၂

မနှစ်ဒီဇင်ဘာ ၉ ရက်နေ့ကနေ တနှစ်တိတိ တရားဟောပြောခွင့်ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလဟာ ဆရာတော်ကြီးတွေထံ ခွင့်ပန်လျှောက်ထားပြီး ဧပြီ ၁၁ ရက်နေ့ကျနေ ၁၇ ရက်နေ့ထိ တနေ့ကို တရားပွဲနှစ်ပွဲချီးမြင့်မှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော် ဟောပြောတဲ့တရားပွဲတခုမှာ တရားဟောပြောခွင့်ကို ပိတ်ပင်တာဟာ အလွန်အပြစ်ကြီးတဲ့အကြောင်း ပါရှိတဲ့အပေါ် ထေရ၀ါဒပိဋကတ်တော်တွေနဲ့မညီ. အာဏာပိုင်တွေကို ထိပါးပုတ်ခတ်တယ်လို့ အကြောင်းပြုပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တနှစ်တရားဟောခွင့် ပိတ်ခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းတဲ့ ကိုအေးနိုင်ကို ဆရာတော်က မိန့်ကြားထားပါတယ်။

တရားဟောခွင့်ပိတ်ခံထားရတဲ့ ဒယ်အိုးဆရာတော် (၇) ရက် တရားချီးမြှင့်မည် တရားဟောခွင့်ပိတ်ခံထားရတဲ့ ဒယ်အိုးဆရာတော် (၇) ရက် တရားချီးမြှင့်မည် Reviewed by သစ်ထူးလွင် on 07:16 Rating: 5

28 comments:

MMT said...

အာဏာပိုင်တွေကိုက မဟုတ်တာတွေ လုပ်နေတော့ အမှန်ပြော အမှန်လုပ်တဲ့သူ ဘယ်သူနဲ့ မဆို ညှိမှာပဲ

ဝေဖန်ရေးသမား said...

ဝိနည်းတော်နှင့်အညီ ဟောတာဖြစ်လို့  တရားဟောခွင့်ပိတ်တာတွေ မလုပ်သင့်တော့ပါဘူး သံဃနာယကအဖွဲ့ တွေကို အာဏာပိုင်တွေက ချုပ်ကိုင်တာတွေရပ်သင့်ပါပြီ

soethettun said...

ဘုန်းကြီးကလည်းဟောလိုက်ရင် မြန်မာတွေမကောင်းဘူးဆိုတာချည်းဘဲ သူကဘာလူမျိုးလည်း..ဘယ်လောက်မှန်နေလို့ လည်း..နေတာထိုင်တာက ၀ိနည်းနဲ့ ညီရဲ့ လား..မှော်ဘီကကျောင်းကိုကြည့်ပါဦး.. ကျောင်းနဲ့ မတူဘူး Hotel ကြနေတာပဲ

a said...

အမှန်တရားမြတ်နှိုးတဲ့ဘုရားသားတော်တွေကိုစစ်အစိုးရအဆက်ဆက်ဒီလိုလုပ်နေတာဟာအမှန်တရားကိုမနှစ်သက်ဘူး၊မကြိုက်ဘူးဆိုတာရုပ်ပျက်ဆင်းပျက်ပေါ်လွင်နေပါတယ်၊သူရုတ်မာတွေပါ။

nan win said...

ဆ၇ာတော်၇ဲ.တ၇ားတွေနာ၇လို.လူတွေလမ်းမှန်ေ၇ာက်မယ်မကြံသေးဘူး.အော်ဆ၇ာတော်.ဟောတဲ.တ၇ားတွေကိုနားထဲမှာကြားယောင်မိပါတယ်.သောက်စားနေ၇င်တော.ဘယ်သူမှဘာမမပြောဘူးတဲ.အမှန်ပြောတဲ.သူဆို၇င်တော.ဝိုင်းပြီးထိုးနှက်ချင်ကြပီတဲ.အ၇ှင်ဘု၇ားကျန်းမာပါစေ

Dr. အောင် said...

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်တော်တော်များများ(အဆင့်စုံ)က သံဃအရေးထက် အာဏာရရေးနဲ့နိုင်ငံရေးကိုပိုလုပ်ပါတယ်။ အဖွဲ့မှာအဆင့်ဆင့်အရွေးခံရဖို့ကြိုးစား ကြတာမှာ တကဲ့နိုင်ငံရေးသမားတွေ လိုသံဃအာဏာအတွက် ပြိုင်ဆိုင် လာဘ်ထိုးကြ တိုက်ခိုက်ကြတာလဲ စိတ်မကောင်းစရာပါ။
သာသနာရေးသက်သက်ကိုသာကြည့်သင့် ကျင့်သင့် ပါတယ်။
မှားတာပါရင်ခွင့်လွှတ်ပါ။ တကယ်အဖြစ်မှန်တွေအများကြီးပါ။

Anonymous said...

တရားတော်ကအမှန်အမှား
အကောင်းအဆိုးအကြောင်းအကျိုး
ကိုတ၇ားပြတာပဲ။တိုက်ဆိုင်မှာပဲတယောက်
မဟုတ်တယောက်ယောက်နဲ့တိုက်ဆိုင်နေမှာပဲ။
ကိုယ့်အမှားကိုယ်ပြင်နိုင်ရင်
လူတော်ပဲ...ဘေးကိုပတ်မရမ်းသင့်ဘူး။
တရားဟော်တာပဲ။အရှိကိုအရှိအတိုင်း
ဟောနေတာကိုပိတ်ပင်တယ်ဆိုတာ
တော်တော်လေးအပယ်လားမှာသေချာတယ်။

Anonymous said...

သာသနာရေးဝန်ကြီးဌာနကို အသစ်ပြန်လည် ဖွဲ့စည်းသင့်ပါတယ်။ သာသနာရေး ၀န်ကြီးဌာနဟာ သာသနာကို အထောက်အပံ့မဖြစ်စေတာ အဆန်းတော့မဟုတ်ဘူး။ တကယ်တမ်းမှာ စစ်အစိုးရက ကိုင်တွယ်ရခက်တဲ့ သံဃာကိုနှိပ်ကွပ်ဖို့ ဘုရား၊ တရား၊ သံဃာကို မကြည်ညို အယုံအကြည်မရှိသူများနဲ့သာ သာသနာရေးဝန်ထမ်းအဖြစ် ရွေးချယ်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်။ ဒါတကယ့်အမှန်တရားပါ။ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအရ မြင်တဲ့အတိုင်းပြောတာပါ။ ထိုနည်းတူပဲ
နိုင်ငံတော်သံဃာ့အာဏာရှင် မဟန တစ်ဖွဲ့လုံးကိုလည်း ရဟန်းများမဲပေးစနည်နဲ့ သံဃာက အသိအမှတ်ပြုသူများနဲ့သာ ပြည်လည်ရွေးချယ် ဖွဲ့စည်းသင့်ပါတယ်။
သာသနာ အရှည်တည်တံ့ဖို့က သံဃာ အာဏာရှင်ဖြုတ်ချရေးနဲ့ သာသနာကွယ်ရေးဝန်ကြီးဌာန လူု/မူပြောင်းလဲရေး မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။

သတင်းချစ်သူ said...

တိုင်းပြည်က ဆရာတော်တော်တွေလဲ အနိုင်ကျဗိုလ်လုပ်ချင်နေတဲ့လူတွေ လက်ထက်မှာ နေရင်းနဲ့ပဲ သာသနာ့အလုပ်တွေ ကိုပိတ်ပင်ခံနေရတယ်။
အားမနာတမ်းပြောရလျှင် စစ်တိုက်ဖို့၊ ဖမ်းဖို့ချူပ်ဖို့ပဲ သိနေတော့ ဘယ်ကလာ ဘာသာရေးယုံကြည်တော့မှာလဲ။ (သဘောထားမတူရင် နိုင်ငံသားချင်းသတ်ဖို့ပဲ ကြံနေတဲ့) အာဏာရူးတွေလက်ထဲက လွတ်ပြီး ကိုယ့်မြန်မာလူမျိုးတစ်မျိုးသားလုံး ကောင်းစားရေး၊ ၀ဖြိုးရေးကိုပဲ ကြည့်တဲ့ခေါင်းဆောင်ကောင်း ရဖို့ မြန်မာလူထုအားလုံး သဘောထားအမှန်ကို ပြသဖို့ လိုအပ်နေပြီ။
မှတ်ချက်။ ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အစိုးရနောက်လိုက် ဆရာတော်တွေ များနေပြီ။

ပုသိမ်သား...ဆင်မ said...

ဆရာတော်ဘုရားကြောင့် အသိပညာ..ဗဟုသုတရတဲ့ သူတွေ အများကြီးပါ..မဟနလားဟမနလာ..သေချာလည်းမသိဘူး..သူတို့ ကြောင့် ဘာကျေးဇူးတွေများရဘူးပါသလည်း..သူတိုက ဘာသာရေး သာသနာရေး..နိုင်ငံရေး လူမျိုးရေး...အများကောင်းကြိုးဘာလုပ်ဘူးပါလည်း....လုပ်နေတဲ့ သူတွေကိုလိုက်ပြီးကလန့် တိုက်နေတာ.....ကျနော်တို့ ရဲ့ ဂေါတမမြတ်စွာဘုရားနဲ့  နိုင်ပြောရရင်တော့ ဒေ၀တဒ်များလားလို့ ထင်မိပါတယ်...ဘုရားရှင်ဟောထားတဲ့ တရားတခု့ ရှိပါတယ်.....ချစ်သားတို့ ..မိမိရဲ့ ဒကာ..ဒါရိကာမများ ဒုက္ခ အခက်အခဲနဲ့ တွေရင်ကူညီနိုင်ပါတယ်လို ဟောဘူးပါတယ်..အဲတာဝတ်နည်းချိုးဖောက်တယ်လို့ .ထင်ရင်လည်း ဘု၇ားထက်ကြီးတဲ့ ..ဘုရားကြီးတွေပေါ့ ဗျာ.......သဘောပါသလား....တရားပွဲရဲ့ ကုသိုလ် ကောင်းမှူ့ ဆိုတာဘယ်လောက်.မြင့် မြတ်တယ်ဆိုတာ..အဲဒီတားတဲ့ သူတွေသိပါတယ်...အကုသိုလ်ဆိုတာလည်း..ဘယ်လောက်ထိေ၇ာက်သွားမယ်ဆိုတာသိမှာပါ..ပြောရရင် မိချောင်းမင်းရေကင်းပြ..ဘုန်ကြီးစာချမလုပ်ချင်ဘူးဗျာ.....သဘောပါသလာ....ဆရာတော်ဘု၇ား တပည်တော့ ကိုခွင့် လွတ်ပါ..စကားလေးယူသုံးမိလို့ ..

Anonymous said...

ဧပြီ၁၁မှ၁၇၇က်အထိ တနေ့ တ၇ားပွဲ ၂ပွဲ ဟောခွင့် ပြုသည့် အတွက်ဝမ်းမြောက်မိ ပါတယ်။ ဒီခေတ်ကြမှဘဲ တ၇ားဟောဘို့  ၇ာခွင့် ပြုချက်တောင်းခံ၇တာစိတ်မကောင်းစ၇ာပါ။မြတ်စွာဘု၇ား၇ဲ့ တ၇ားတော်တွေလူအများနားလည်သဘောပေါက်ခြင်းသည်အဖက်ဖက်မှကောင်းမွန်သောလက္ခဏာပါ။သူတော်ကောင်းတို့ ၏တ၇ားဓမ္မ သံများမြန်ပြည်တ၀ှမ်းအစဉ်အမြဲ ကြားနာခြင်ပါသည်ဘု၇ား။

aungzawmoe said...

ဒယ်အိုးဆရာတော်ရဲ့ တရားတော်ဟောပြောမှုဟာ ဒကာ ဒကာမတွေရဲ့ စိတ်နှလုံးကို ငြိမ်းချမ်းမှု မပေးနိုင်ပါဘူး၊ ပလ္လင်ပေါ်တင်ပြီး အရက်သမားရန်လုပ်သလို ဆူပူ ကျိန်းမောင်း ပြစ်တင် ပြောဆိုနေတာပဲ ကြားနေရတယ်၊ သူတစ်ပါးတည်းပဲ သာသနာတော်ကြီးကို ထမ်းဆောင်နေသလိုလို အခြားရဟန်းတော်များက အလုပ်မလုပ်ပဲ နေကြသလိုလို ဟောပြောမှုတွေဟာ မကောင်းပါဘူး။
သူတစ်ပါးကို ထိခိုက်ပြောဆိုမှုတွေ တော်တော်လုပ်တာ ကြားနာနေရတယ်။
တရားဟောမယ်ဆိုရင် စာပေကို များများလေ့လာပြီး ကိုယ်တိုင်လည်း ပဋိပတ်ကို ကျကျနန အားထုတ်ပြီးမှ ဟောသင့်ပါတယ်။

ashinpandita said...

တရားဟောအပိတ်ခံရတဲ့ကိုယ်တော်ဟာ ပရိယတ္တိအခြေခံလည်းမရှိ ၀ိပဿနာလည်းကောင်းကောင်းအားမထုတ်ခဲ့ နောက်ပြီးဟောတဲ့တရားကလဲ တရားဟောတာနဲ့လုံးဝမတူပဲ စာပေဟောပြောပွဲမှာ ဟောပြောနေတာနဲ့တူနေတယ် နောက် ပရိယတ္တိကိုလဲ ပုတ်ခတ် စာသင်သားတွေကိုလဲ ပုတ်ခတ် ကိုယ်ထင်ရာလျှောက်ပြောနေတဲ့ကိုယ်တော် အခုလို ပရိယတ္တိနဲ့ ကန့်သတ်လိုက်တာဟာ အတော်ကောင်းပါတယ် သံဃာ့မဟာနာယက ဟာ အခုလိုလုပ်ချင်းဟာအကောင်းဆုံးပဲ (ဒီလိုမျိုးနေရာတွေမှာတော့ထောက်ခံပါတယ်) အဲဒီလိုပုဂ္ဂိုလ်မျိုးပိတတာဟာ သာသနာအတွက်မနစ်နာဘူး သာသနာအတွက်ကောင်းတယ် ပြောစရာတွေကျန်သေးတယ် စာသွားတွေရှည်မှာစိုးလို့ ဒီလောက်ပဲနော်

dingyi said...

ဘယ်ကလာ မတန်မရာစကားတွေနဲ့ လာပြောနေသေးတယ်.... ဘုရားလက်ထက်လေး ဘာလေးနဲ့ ဘုရားလက်ထက်က ဓမ္မကထိကတွေက
ပါဠိတော်တွေကို ပီပီသသ ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း ဟောနိုင်ပြော
နိုင်ကြတယ်.... အရှင်ဘုရား(ဒယ်အိုးဆရာတော်အမည်ရသူ)က ပါဠိကိုလည်း ပီပီသသမရွတ်တတ်ဘူး .... အနက်အဓိပ္ပါယ်ကိုလည်း ကောင်းကောင်းနားမလည်ပဲနဲ့ ဘုရားလက်ထက်ကနဲ့များ လာနှိုင်းနေသေးတယ် .... မိုးကြိုးပွတ်နေပါဦးမယ်ဘုရား
ဟောတဲ့အခါမှာလည်း အတ္တနောမတိတွေကို ထည့်လိုကထည့်ပြီးပြောနေသေးတယ် .. သတိတော့ထားနော်ဘုရား
အရှင်ဘုရားဟောတာကို ဘုရားဟောတာတော့ မလုပ်ပါနဲ့ဘုရား....
လယ်တီဆရာတော်ဘုရားကြီးရဲ့ တစ်ပိုင်းကြောင်ကျက်စာရရုံနဲ့
ခက်ပါလှသဘောဥာဏ် ထက်မာနအပြောသန်တယ် ဒေါသမာန်ထူပွား
ဆိုတဲ့လင်္ကာလို ဖြစ်နေပါဦးမယ်ဘုရား ....

Anonymous said...

ဆရာတော်ဘုရားဆုံးမမှုတွေ သည် အမျိုး၊ ဘာသာ၊ သာသနာ အတွက် အဓိကထား၍ ရဲရဲဝံ့ဝံ့ ဝန်ထမ်းနေခြင်း ဖြစ်သည့်အတွက် တပည့်တော်တို့ ဝမ်းမြောက်မိပါသည်ဘုရား......မြန်မာလူမျိုးများအများစု၏ ကိုယ်ကျင့်တရားနှင့် ပါတ်သက်၍ ပြုပြင်စေလိုသော စေတနာဖြင့်သာ ဆုံးမတော်မူခြင်း ဖြစ်သည်ဟု တပည့်တော် အနေဖြင့် ရဲရဲဝံ့ဝံ့ယုံကြည်ခြင်း ဖြစ်မိပါသည်ဘုရား.... တပည့်တော်တို့ မြန်မာလူမျိုးတိုင်း ပြုပြင်ရမည့် စိတ်ဓါတ်၊ အကျင့် သီလ စသည်တို့သည် အရှိတရားကို လက်ခံသူတိုင်း အမှန်ကို မြင်နိုင်ကြပြီး ဖြစ်လိမ့်မည်ဟုလည်း တပည့်တော်ယုံကြည်ပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ညွှန်ပြခဲ့သော မြတ်စွာဘုရားအဆုံးအမအရ စေတနာသည်သာအဓိကဖြစ်သည် နှင့်အညီ ဆရာတော်ကျောင်းတိုက်၏ ရုပ်သဏ္ဍာန်သည် သာမညသာဖြစ်၍၊ နှလုံးသွင်းမှန်ခြင်းသာ အဓိကဖြစ်သည်ဟု တပည့်တော် ယုံကြည်ပါသည်....တပည့်တော်၏ ယခု ရေးသားချက်များသည် လေ့လာဆဲတရားရှာသူများ သံဃာအပေါ် သံသယပွါးမည့်ကိစ္စများအတွက် ရှင်းလင်းလွယ်နိုင်ရန်သာ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်ဘုရား...

Anonymous said...

ဘာတရားကိုဟောလို့ ဘာကြောင့်တရားဟောခွင့်ပိတ်တယ် ဆိုတာ ကိုတော့မသိပါ။ ၀ိနည်း၊ သိက္ခာတွေကိုလည်း နားမလည်ပါ။
ဒီလိုကိစ္စဆိုတာ တစ်ပါးတည်းနဲ့ ဆုံးဖြတ်လို့မရပေ။ သံဃာ့နာယကအဖွဲ့တွေ အားလုံး စည်းဝေးပြီးမှ ဆုံးဖြတ်ချက်ချတယ်လို့ ထင်မြင်မိပါတယ်ဘုရား။
မြတ်စွာဘုရား၏တရားတော်များသည် တရားစာပေရေးသားခြင်းပဲဖြစ်ဖြစ်၊ တရားဟောကြားခြင်းပဲဖြစ်ဖြစ် လုံးဝမှားယွင်းမှု မရှိစေရဟု ထင်မြင်မိ ပါသည်။ ဟောကြားသောတရား၊ ရေးသားသောတရားစာပေများ မှားယွင်းမှုများရှိခဲ့ပါက တရားနာယူသူနှင့် စာပေဖတ်သူများ သံသရာ တစ်လျှောက်လုံး အသိမှား အမှတ်မှားဖြစ်သွားရင် မကောင်းပါဟု ထင်မြင်မိပါသည် ဘုရား။
ပုထုဇဉ် လူသားများအဖို့ လောဘ ဒေါသ မောဟ တရားများ ရှိကြစမြဲပင်။ တရားဟောကြားသာပုဂ္ဂိုလ်တို့သည် လောဘ ဒေါသ မောဟ တရားများကို နည်းနိုင်သမျှ နည်းအောင်ပြောရပါမည်။ လူအများ ဒေါသဖြစ်စေမည့် စကားလုံးတို့ကို မဟောပြောသင့်ပေ။ တရားနာနေစဉ်မှာလည်း မိမိတို့ရဲ့ စိတ်ကို အေးမြစေရမည်။ တရားနာယူပြီးချိန်တွင်လည်းဆရာတော် ဟောကြားသည့်တရားများကို ပြန်လည်အောက်မေ့ပြီး စိတ်ကို ရွှင်လန်းအေးချမ်းစေရမည်။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ)၊ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလ၊ ဆရာတော်ဦးဃောသိတ ဆရာတော်ကြီးများ နှင့် ပခုက္ကူဝိပသနာသင်တန်းပြ ဆရာကြီး ဦးကြင်ရွှေ တို့သည် မြတ်စွာဘုရား၏ တရားတော်များဟောကြားသောအခါ သတ္တ၀ါ အားလုံးအပေါ်မှာ ခွဲခြားစိတ်မထားပဲ မေတ္တာ၊ စေတနာ၊ ဂရုဏာ တွေအပြည့်နဲ့ တကယ့်ကို သံသရာလွတ်မြောက်ကြောင်းတရား နိဗ္ဗာန်ရောက်ကြောင်း တရားများကိုဟောပြောလမ်းညွှန် ဆုံးမထားပါသည်။ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်ဟောပြောခြင်းမျိုး လုံးဝ မရှိပေ။ တရားဟောသူရော တရားနာယူသူတို့၏ စိတ်နှလုံး ကို အေးချမ်းစေသည်။
ဆရာတော်ဦးသုမင်္ဂလ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်နေ့ထိ တရားဟောခွင့်ရလို့ ၀မ်းသာပါတယ်ဘုရား။ ဆရာတော်လည်း ကျန်းမာပါစေ။ ဆရာတော်ဦးသုမင်္ဂလ ဟောတဲ့ ပဌာန်းတရား လည်းတရားနာယူရတာ အရမ်းကောင်းပါတယ်ဘုရား။
အားလုံးကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Hell King said...

သူများကိုယ်မပြောခင် ကိုယ့်ကိုကိုယ် ပြန်ပြီး
ဆန်းစစ်စမ်းပါ အုံး...။
ကိုယ်က ရော ဘယ်လောကဟုတ်နေလို့ လဲ??????

kaungkin said...

တရားဟောပိတ်တယ်ဆိုတာဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဆရာတော်ဟောတာတွေ မှားနေရင် မှားတဲ့ဟာတွေကို ထောက်ပြရမယ်။
ရှင်းလင်းချက်တောင်းရမယ်၊ ပြည်သူတွေကိုချပြရမယ်၊ မှားတယ်မှန်တယ်ဆိုတာ တစ်ဦးတည်းအမြင်နှင့်မရဘူး။
ပုထုဇဉ်ဆိုတာမှားနိုင်တယ်။ မှားတာကို ဘာကြောင့်မှားတယ်ဆိုတာပြောရမယ်။ ဒါမှဒီမိုကရေစီကျမယ်။

aungzawmoe said...

လူအတော်များများက ပွဲဆူအောင်ဟောတတ်ပြောတတ်ရင်ကို လက်ခုပ်သြဘာပေးတတ်ကြတယ်...တကယ်တော့ သာသနာထဲကပုဂ္ဂိုလ်အကြောင်း သာသနာထဲကအချင်းချင်းသိကြပါတယ်...ဒယ်အိုးဆရာတော်သည် ဓမ္မကထိကအင်္ဂါရပ်နှင့်မကိုက်ညီကြောင်း သံဃာတော်အရှင်မြတ်များ မကြာခဏပြောလေ့ရှိကြပါသည်...အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ မိမိသူတစ်ပါး နှစ်ဦးသား ထိခိုက်မှုများ မရှိစေရ...ဟု ဘုရားဟောပိဋကတ်မှာ တရားဟောပုဂ္ဂိုလ်အင်္ဂါရပ် အနေနဲ့ ဟောထားပါသည်။ အမှန်တကယ် ဖြစ်သင့်ပါသည် ပရိယတ္တိအရည်အချင်း ပဋိပတ်အရည်အသွေး မရှိပဲ တရားဟောလျှင် အန္တရာယ်ကြီးပါသည်။။ သာမန်အရပ်သားမျက်စိနဲ့ကြည့်လျှင် တရားဟောပိတ်ခံရတာ ပိတ်သူအပြစ်...တကယ် တရားရှုထောင့်ကကြည့်လျှင် ပိတ်သင့်ပါသည်။။။ဒါမှ နောင်လာနောက်သားများလည်း သင်ခန်းစာ...တရားနာများအတွက်လည်း ချင့်ချိန်စရာ...မြန်မာလူမျိုးများအတွက် အထူးတရားပွဲဆိုတာတွေလည်း ပြုပြင်စရာ....များစွာရှိနေပါသေးသည်။

pyaponthu said...

ဘာဘဲပြောပြော ပြည်သူတွေ ကိုအသိဥဏ်ပေး ဟောပြောတဲ့ ရဟန်းများကို တရားဟောခွင့်တော့မပိတ်ပင်သင့်ပါဘူး။ပြန်စီစစ်ကြပါ။နိုင်ငံတော်ထိခိုက်အောင်ဟောတယ်ဆိုတာ မဟုတ်ရင်နာစရာမရှိဘူး။ဟုတ်မဟုတ် အများအသိပါ။

စစ်မုန်း said...

ဆရာတော်ကတရားကိုနားလည်အောင်ဟောတာပါ။အသံကောင်းအောင်ဟောတာာမဟုတ်ပါဘူး။
ဒါကိုနားလည်ဖို့လိုပါတယ်။

Anonymous said...

တ၇ားဟောခွင်.က မသင်.တော်လို.ပိတ်တာလား ? အာဏာ၇ှင် က ” ဟေ.-- နားထောင်လို.အဆင်မချောဘူး --- ပိတ်ကွာလို.အမိန်.ပေးလို. --- ကြီးကျွန်ကြီးတွေ ပီပီ --- အမိန်.ပြန်ပေး၇တာလား ---- ? ?

Anonymous said...

မ.ဟ.န ကို ခေါင်းခေါက်ခိုင်း လို.ရတဲ.သံဃာတွေ နဲ.ဖွဲ.ထားတာလို.အများကပြောနေကြပါတယ်ဘု၇ား ၊ မဟုတ်ဘူးဆို၇င်လည်း တဖွဲ.လုံးနှုတ်ထွက်ပြီး ဒီမိုကေ၇စီ ကျကျ ပြန်အေ၇ွးခံပြလိုက်ကြပါဘု၇ား ၊ မ.ဟ.န ဆိုတာ ခိုင်တာလုပ်၇မယ်. အဖွဲ.အစည်းမျိုး မဟုတ်၇ပါဘူးဘု၇ား ။

KO NAING said...

စေတနာဖြင့်ဆရာတော်အားမကောင်းပြောနေသောသူများအားပြောပရစေ။ဆရာတော်ဟောသောတရားများဖြင့်ဝိပသနာအကျိုးကျေးဇူးရသူများအမြာက်အများရှိပါတယ်။ ကျွန်တော်လည်းတစ်ယောက်ပါဝင်နေလို့ပါ။ ဟောပြောခွင့်ပိတ်တယ်ကြားရတုံးကအံ့အားသင့်မိသွားပါတယ်။အလကားနေရင်းအားကုသိုလ်မဖြစ်စေချင်လို့သတိပေးတာပါ။

sean said...

ဆရာတော်ကြီးဘုရား ဦးတိုက်ပါတယ်... မိမိစိတ်ထဲမှ အလိုရှိသလို ဒကာ ဒကာမ တွေ ကို ဆို ဆံးမတော်မူပါဘုရား...

ukeiktizaya said...

လူတစ်ချို့က သူတို့ထင်ရင် ကုဋင်ကို ရွှေနန်းထင်နေကြတယ်
ပုဂ္ဂိုလ်စွဲ လွန်လွန်းတယ် မှားလို့ ပြောရင်တောင် ပြောတဲ့သူကို
မနာလိုလိုတဲ့။ .. သူဟောတဲ့ တရားတော်တွေ ပိဋကတော်နှင့်
တိုက်ဆိုင်ကြည့်ပါအုံး. ပြီးမှ ချီးမွမ်းခံဖွင့်ပါ..

Anonymous said...

soethettum ခင်ဗျာ ဆ၇ာတော်၇ဲ.တ၇ားခွေတွေကိုနားထောင်ဘူးပါလား ဆ၇ာတော်ကမြန်မာတွေမကောင်းဘူးလို.ပြောတာ စေတနာနဲ.ကောင်းစေချင်လွန်းလို. ပြီးတော.မကောင်းတာတွေပြင်စေချင်လွန်းလို.ဂ၇ုဏာဒေါသနဲ.ပြောတာပါ ဆ၇ာတော်ပြောတာတွေကအားလုံးအမှန်တွေပါဘဲ မြန်မာတွေကိုတိုးတက်စေချင်တယ် စည်းကမ်း၇ှိစေချင်တယ် မခိုးမဝှက် မလိမ်ညာဘဲ လူကောင်းတွေဖြစ်စေချင်တဲ.စေတနာတွေပါ ဆ၇ာတော်၇ဲ.ဘုန်းကံကြောင်.ဆ၇ာတော်၇ဲ.ကျောင်းကဟော်တည်ဖြစ်နေပါစေ ဝမ်းသာ၇ မှာပါ ကိုယ်မလျူနိုင်လို.သူများတွေလျူကြတာကို ဝမ်းတောင်သာ၇အုန်းမှာပါ ဆ၇ာတောင်၇ဲ.တ၇ားခွေတွေကိုသေချာပြန်နားထောင်လိုက်ပါအုန်း soethettumေ၇ာမြန်မာတစ်ယောက်ဟုတ်ပါ၇ဲ.လား

ဖိုးသားလေး said...

ဆရာတော်ဘုရားကို ဦးခိုက်ပါ၏
အထက်တွင် ရေးထားသော ဆရာတော်အားတိုက်ခိုက်နေသောစာများသို့
မိမိတို့ကိုယ်တိုင်ရော အများကောင်းကျိုးဘယ်နှစ်ယောက်ကို လုပ်ပေးဖူးပါသလဲ။
အများစိတ်ကြည်နူးမှုကို ဘယ်လောက်လုပ်ခဲ့ဖူးပါသလဲ
ကိုယ်မျက်ချီးကို မြင်အောင်ကြည့်။ ဆရာတော်ဘုရားကို တိုက်ခိုက်တာ တစ်နေ့ မလွဲမသေ ဒုက္ခကြီးကြီးခံရမည်ကို စာနဲ့သာပြောခွင့်ရလို့ပြောလိုက်ပါသည်။

Powered by Blogger.