ထိုင်းစက်မှု ဥက္ကဌ ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော် ရင်းနှီးမြုပ်နှံရန် လာရောက် ဆွေးနွေးမည်

ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol
ရန်ကုန်၊ ဧပြီ ၂၄

ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ရင်းနှီးမြုပ်နှံရန် အတွက် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ တစ်နာရီခွဲတွင် UMFCCI အသင်းချုပ်၌ မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း UMFCCI အသင်းချုပ်၏ သတင်း ထုတ်ပြန် ကြေငြာချက်အရ သိရသည်။

ယင်း စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့တွင် မော်တော်ယာဉ် အပိုပစ္စည်း စက်မှုလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ ရေနံ ဓာတုနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ စက်ပစ္စည်း၊ သကြား ထုတ်လုပ်မှု လုပ်ငန်း၊ သံ၊ စတီး စက်မှုလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ ကြွေထည် မြေလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတို့ ပါဝင်ကြောင်း ယင်းထုတ်ပြန် ကြေငြာချက်တွင် ဆက်လက် ဖော်ပြထားသည်။


The Voice Weekly
ထိုင်းစက်မှု ဥက္ကဌ ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော် ရင်းနှီးမြုပ်နှံရန် လာရောက် ဆွေးနွေးမည် ထိုင်းစက်မှု ဥက္ကဌ ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော် ရင်းနှီးမြုပ်နှံရန် လာရောက် ဆွေးနွေးမည် Reviewed by သစ်ထူးလွင် on 08:50 Rating: 5

1 comment:

Ko Nyo Khant ( Mdy university.) said...

ကျွန်တော်(၈)တန်းအောင်တော့ မန္တလေး THS ကျောင်းတက်ရန်ကျိုးစားဖူးသည်။မတက်ဖြစ်ခဲ့(၄)နှင့်(၈)တန်းကျသဖြင့် ကျောင်းထွက်ကာဝပ်ရှော့ဝင်လုပ်ခဲံကြသောသူငယ်ချင်းများသည်ကျွန်တော်ဘွဲ့ ရသောအချိန်တွင်ဝပ်ရှော့ဆရာများဖြစ်နေကြပြီ။ကျွန်တော့်မှာအလုပ်သမားမှတ် ပုံတင်ရုံးများတွင်သွားကာ အလုပ်ရှာနေဆဲဖြစ်သည်။ ဖခင်ဖြစ်သူမှကူးသန်းရောင်းဝယ်ရေးကျောင်းတက်ခိုင်းသဖြင့်ရရာသင်တန်းလက်ရေးတိုလက်နှိပ်စက်သင်တန်းတက်ဖြစ်ခဲ့ သည်။သင်တန်းဆင်းတော့ မန်းစည်ပင်မှာနေ့စားဝင်လုပ်သည်။ သည်နောက်ကျောင်းဆရာဝင်လုပ်ခဲ့ရသည်။ သည်နောက် သိပ္ပံဘွဲ့ကိုပစ်ကာ ကူးသန်းရောင်းဝယ်ရေးကျောင်းလက်မှတ်ဖြင့် သစ်တော ဦးစီးဌာနတွင် လက်ရေးတို လက်နှိပ်စက်စာရေးရခဲ့သည်။ သိပ္ပံဘွဲ့လက်မှတ်ဖြင့် ၁၃၀လစာစကေးရသော်လည်း၊ကူးသန်းရောင်းဝယ်ရေး ကျောင်းဆင်းလက်မှတ်ဖြင့် ၂၁၀ လစာစကေးရခဲ့သည်။ ဒါတွေကိုဘာကြောင့်ပြောပြသနည်းဆို သော် အသက်မွေးဝမ်းကြောင်းပညာ၏အသုံးဝင်အရေးပါမှုကိုဖော်ပြလိုခြင်းကြောင့် ဖြစ်ပါသည်။ယ္ခုအချိန်အခါသည်လူငယ်များအဖို့အသက်မွေးဝမ်းကြောင်းပညာရပ်များကိုသင်ယူစေလိုပြီးငါဘွဲ့ရပညာတတ် ဆိုပြီးအလုပ်ကိုထိုင်စောင့်လိုက်ရှာမည်ဆိုပါကအချိန်ကုန်လူပန်းဖြစ်ပေမည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာပါကလူငယ်များအဖို့လုပ်ငန်းခွင်နှင့်အကျွမ်းတ၀င်ဖြစ်ရန်လိုအပ်ပါသည်။ထို့ကြောင့်အသက်မွေးဝမ်းကြောင်းပညာရပ်များကိုလည်းမဖြစ်မနေသင်ယူကြစေလိုကြောင်းဖောပြအပ်ပါသည်။

Powered by Blogger.