အစိုးရတပ်က ကေအိုင်အို ဗဟိုဌာနချုပ်ကို အခုရက်ပိုင်း အတွင်း
လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် တိုက်ပွဲတွေလည်း အဆက်မပြတ်
ဖြစ်ပွါးနေတာကြောင့် ဗဟိုဌာနချုပ်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့
ကေအိုင်အို အရာရှိတွေ က ပြောပါတယ်။
ဒီနေ့ဆိုရင် လက်နက်ကြီးတွေနဲ့ မနက်စောစော ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပြပါတယ်။
"ဒီနေ့မနက် အစောကြီး တနာရီပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာအမြောက်နဲ့
ပစ်တုံးပဲ။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ရဲ့ နယ်မြေအတွင်း
ကျရောက်တာတွေရှိတယ်။ ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်မှာလည်း ပစ်တယ။်
ဗဟိုဌာနချုပ်ရဲ့ တပ်နယ်မြေလို့ ပြောလို့ရတယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက်
တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ
ဟောင်ဝစ်ဇာနဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်
ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။"
ကေအိုင်အို လိုင်ဇာဌာနချုပ် အနီးဝန်းကျင် တစ်ဝိုက်မှာလည်း တိုက်ပွဲတွေ
အဆက်မပြတ် ဖြစ်ပွါးနေပြီး အစိုးရတပ်က စစ်အင်အားတွေ တိုးချဲ့နေတာကြောင့်
ဗဟို လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
"နေ့တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ညအချိန်ပုံစံ
လုပ်လာတဲ့အခါကျတော့ ဗဟိုလုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်လာတာပေါ့။
ကေအိုင်အို တပ်တွေကလည်း နယ်မြေအနှံ့ လှုပ်ရှားမှုတော့ လုပ်ရတော့မှာပဲ။
ဒါကြောင့် တိုက်ပွဲတွေကလည်း နယ်မြေအနှံ့မှာ ဖြစ်လာတဲ့သဘောလို့
ပြောလို့ရတယ်ခင်ဗျ။ မျက်နှာစာအားလုံးမှာ သူတို့တပ်တွေက အင်နဲ့အားနဲ့
ချထားတာမျိုး ရှိတယ်။"
လိုင်ဇာဌာနချုပ် ကားလမ်းအနောက်ဖက်ခြမ်းရှိ တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနဲ့
လိုင်စင် ဗဟိုဌာနချုပ် အဟောင်းနဲ့ လိုင်ဇာ အကြားရှိ နားဖော့စခန်းမှာ
အစိုးရတပ်အင်အား ဖြည့်ထားတာ အားလုံး ထောင်ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။
ကေအိုင်အို နဲ့ အစိုးရကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့မှာ
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်တွေ့ဆုံ
ဆွေးနွေးဖို့ အတွက် အစိုးရက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၁၇
ရက်နေ့က ကမ်းလှမ်းထားတာကို ကေအိုင်အိုက စစ်ရေးအရ တိုက်ခိုက်နေတဲ့ အခုလို
အချိန်မျိုးမှာ အဲဒီမှာ တွေ့ဆုံဖို့ မဖြစ်နိုင်တဲ့အကြောင်း ဧပြီ ၂၀ ရက်နေ့က
အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
RFA - Burmese
RFA - Burmese
အစိုးရတပ်က ကေအိုင်အို ဗဟိုကို လက်နက်ကြီးနဲ့ တိုက်
Reviewed by သစ်ထူးလွင်
on
00:45
Rating:
12 comments:
KIA မျိုးတုန်းမှ... ကချင်လူမျိုးနဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းပြီး.. ကချင်ပြည်နယ်က လူထုလဲ ကောင်းကောင်းမွန်မွန်နေရမှာပါပဲ..
နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခရောက်တာ
maungmin ကြီး က မျိုး တုန်း စေချင်တာလား (KIA)ကချင်လူမျိုးတွေကို
ဘာမသိညာမသိပဲနဲ့  လျှောက်ပြီးတော့ cmt မပေးပါနဲ့ မျိုးတုန်းစေချင်တယ်ဆိုတဲ့စိတ်ရှိတဲ့သူက တော်တော်လေးကို အောက်တန်းကျတဲ့ ဗျ မြစ်ဆုံ ဆည်ကြီး မဆောက်လုပ်ဖို့ ဘယ်အဖွဲ့ အစည်းက စပြီး လှုပ်ရှားခဲ့တာလည်း ကချင်ပြည်နည်အကြောင်းကို ကချင်ပြည်နယ်မှာ မွေးကတည်းက အို တဲ့အထိနေထိုင်ခဲ့တဲသူတွေက အသိဆုံးပါ....comments ကို ဆင်ဆင်ခြင်ခြင်ပေးပါ.. အကို
toxiesboyရေ အခုဖြစ်နေတဲ့စစ်ကကေအိုင်အေ ဆိုတဲ့
သူပုန်လုပ်စားနေတဲ့အဖွဲ့နဲ့ပါ။ကချင်လူမျိုး
တွေနဲ့မဟုတ်ပါဘူး။လာပီးရောမချပါနဲ့
အခုလဲကြည့် ကေအိုင်အေစစ်ရှုံးလာတော့
ရထားမိုင်းထောင်ပီးပြည်နယ်သားတွေသေ
ကုန်ပီ ကဲကေအိုင်အေဆိုတာဘာလဲရှင်းတယ်နော်
အေးလေ စစ်တပ်မနိုင်တာနဲ့ ဘာလို့ မိုင်းတွေလိုက်ခွဲနေတာလဲ၊ လုံးဝသဘာဝမကျဘူး။ ဒါလားကချင်ပြည်သူတွေအတွက်ဆိုတာ၊ ဒါဆို မိုင်းထောင်တာက ပြည်သူတွေနဲ့ စစ်တပ် ဘယ်သူကပိုပြီးတော့ ထိခိုက်လဲဆိုတာသိသင့်တယ်။ ဒီအဖွဲ့အစည်းကို လုံးဝကန့်ကွက်တယ်။
ကေအိုင်အေဆိုတာ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ကချင်လူမျိုးနဲ.တကွ ရှမ်း..ဗမာ..အခြားသော လူမျိုးတွေအတွက်ဘာတွေလုပ်ပေးခဲ့လို.လည်း..စပ်ကြေးကောက်မယ်..လမ်းပိတ်မယ်..ပေါ်တာဆွဲမယ်..မုဒိန်းကျင့်မယ်...ပြီးခဲ့လတွေတုန်းက ကေအိုင်အေ သူပုန်းတွေက မုဒိမ်းကျင့်တယ်..ဘာလို.ခုထိအရေးယူတာမတွေ.ရတာလည်း..ပြီးတော့ သူတို.မုဒိမ်းကျင့်တာ..ကချင်မလေးတွေပဲဖြစ်တယ်..ဒါကိုစဉ်းစားကြည့်ရင် ကေအိုင်အေ..ဆိုတာ ဘာလည်းဆိုတာ သိသာတယ်..တရုတ်အားကိုးနဲ.မိုက်နေတဲ့ သူပုန်အဖွဲ.ပါ..
အစိုးရရော KIO ရော သေချာစဉ်းစားချင့်ချိန်ပြီး မှ ဆက်လုပ်ကြရင် ကောင်းမယ်ထင်တယ်။ လက်ရှိထိခိုက်နေတာ အပြစ်မဲ့ပြည်သူတွေပဲ ဆိုတာ ခေါင်းထဲထည့်ထား။ သတ္တိရှိရင် နှစ်ဖက်လုံး ကွင်းပြင် ကြီးကြီး တခုမှာ ချိန်းပြီး ချကြ။
မောင်မောင်ရေးထားတာ မှန်တယ်။ ကေအိုင်အေ ဆိုတာ ဟိုးအရင်တွေတုန်းကတည်းနဲ့ တရုတ်တွေကချင်ပြည်နယ်ထဲမှာ ကျောက်ခိုးတူးဖို့၊ သစ်ခိုးထုတ်ဖို့၊ ရွှေရှာဖို့ နယ်မြေမငြိမ်မသက်အောင်လုပ်ဖို့ သွေးထိုးပေး၊ လက်နက်ထောက်ပံ့ပေးပြီး ကချင်ပြည်နယ်လွပ်လပ်ရေးရအောင် ဘာညာနဲ့မှိုင်းတိုက်မြှောက်ပေးထားတဲ့အဖွဲ့အစည်းတစ်ခု။ သူတို့လုပ်တာ မိုင်းထောင်၊ ဆက်ကြေးကောက်၊ စုဆောင်းရေးဆွဲ...ဘာတစ်ခုမှ ကချင်ပြည်နယ်အတွက် ကောင်းတာမလုပ်ခဲ့ဘူး။ အဲ့ဒီကေအိုင်အေ ဆိုတဲ့အဖွဲ့ရဲ့ အကြီးအကဲတွေကိုလည်းကြည့်လိုက်ဦး။ ကချင်နာမည်တွေမှည့်ခေါ်ထားတဲ့ တရုတ်တွေချည်းပဲ။ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ တရုတ်နဲ့ စစ်အစိုးရနဲ့ ပလဲပနံ သင့်သွားတဲ့အခါ တရုတ်တွေက ကေအိုင်အေကို ပံ့ပိုးမှု ရပ်လိုက်တယ်..။ အဲ့ဒီအချိန်မှာ ကေအိုင်အေက ကချင်လွတ်မြောက်ရေးတပ်မတော်ဆိုတာကနေ ဓါးမြအဖွဲ့တစ်ဖွဲ့လောက်ပဲဖြစ်သွားတယ်။ အခု ဒီမိုကရေစီအစိုးရလက်ထက် တရုတ်နဲ့ သိပ်အဆင်မပြေတဲ့အခါမှာ တရုတ်ဖက်ကပံ့ပိုးမှုစတင်ရလာပြီး သူတို့ရဲ့အကြမ်းဖက်မှု တွေ ပြန်လည်စတင်လာပါတော့တယ်။ ဒါကြောင့် ကေအိုင်အေ တွေဟာ ကချင်ပြည်နယ်အတွက်နဲ့ကချင်တိုင်းရင်းသားများအတွက်ရော၊တိုင်းပြည်အတွက်ရော ဘယ်လိုမှမရှိသင့်တဲ့၊ အမြစ်ပါလှန်ပစ်သင့်တဲ့ သောင်းကျန်းသူအဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။
ကေအိုင်အေမှာအဲဒီလိုပေါ်တင်စိန်ခေါ်ပီး
မချရဲလို့ဗုံးတွေဘဲလိုက်ခွဲနေတာပေါ့
တရုတ်အားကိုးနဲ့မိုက်နေတာ။ကချင်ပြည်သူကိုသူတို့ကမှဒုက္ခပေးတာ။စစ်ရေးလေ့ကျင့်နေတာ။ေ-ာက်ရူးတွေ အာဏာရူးတွေပြောတိုင်းလျှောက်လုပ်နေတယ်။
ဟုတ်တယ်....ပေါ်တင်မချရဲ့ လို့ သေချာတယ်။ငကြောင် ငကြောက်တွေ
လက်နှပ်မဲ့တဲ့ပြည်သူကိုဘဲလုပ်ရဲတာပါ။လက်နတ်ရှိတဲ့လူကိုတော့ကြောက်တာပေါ့
ုကျွန်တော်ကအခုလက်ရှိဖားကန့်မှာအလုပ်လုပ်နေတာ။ဒီမှာတော့အေးဆေးပါ။KIA
ကတကယ်မကောင်းတာပါ။
Post a Comment