ဧပြီ ၃၀ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ(YPI)
မွန်ပြည်သစ်ပါတီမှ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို အစိုးရမှ ယနေ့ နံနက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နေ့လည်ပိုင်းတွင် မွန်ပြည်သစ်ပါတီထံ သို့ ပြန်လည်လွှဲ အပ်ပွဲကို မော်လမြိုင်မြို့ strand ဟိုတယ် တွင် ကျင်းပခဲ့သည်။
အဆိုပါ လွှဲ ပြောင်းပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် အမှတ် လျှပ်စစ် စွမ်း အားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် နှင့်အဖွဲ့ဝင်များ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ခဲ့ကြသည်။
“မွန်ပြည်သစ်ပါတီက အင်မတန်လိုလားနေတဲ့ နိုင်ယက္ခနဲ့နိုင်မျိုးသွေး ကို မွန်ပြည်သစ်ဥက္ကဋ္ဌ လက်ထဲကိုလွှဲ အပ်လိုက်ပါပြီး ဒါက သမ္မတကြီး ရဲ့လက်ဆောင်အဖြစ်ယူဆလို့ရပါတယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့် အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုသွားသည်။
ယခုလွတ်မြောက်လာသော မွန်ပြည်သစ်ပါတီမှ နိုင်ယက္ခနှင့် နိုင်မျိုးသွေး (ထောင်မှတ်တမ်းတွင် “ထွေး” ဟုမှားယွင်းထည့်သွင်းခဲ့) မှာ ဖောက်ခွဲမှုဖြင့်စွပ်စွဲ ခံရပြီး ၂၀၀၃ ခုနှစ်တွင် စတင်ဖမ်းဆီး ထောင်ချခံခဲ့ရသည်။
ကြိုးမိန့်ပေးခံ ခဲ့ရာမှ အယူခံအောင်မြင်၍ တသက်တကျွန်းအဖြစ်သို့ လွှဲ ပြောင်းကျခံခဲ့ရာမှ ၉ နှစ်အကြာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့်လွတ်မြောက်လာခြင်းခြင်းဖြစ်သည်။
နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီဧ။်ခရိုင်စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင် နိုင်မျိုးသွေးမှာ စစ်ဘက်ဆိုင် ရာတွင် ဗိုလ်ကြီးအဆင့်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့ကြသည်။
“ကျွန်တော်တို့ လွတ်တယ် ဆိုတာ ကြိုမသိခဲ့ဘူး ဒီမနက်မှသိရတာပါ ၊ကျွန်တော့်ကိုသာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းပေးတာ သုံးရက်ရှိပြီး ၊ဂျာနယ်တွေဖတ်ရကတည်းက လွတ်တော့မယ်ဆိုတာတော့ သိတယ်၊ ဘယ်တော့မှန်းတော့ သေချာမသိတာပါ” ဟု နိုင်မျိုးသွေးကဆိုသည်။
၎င်းတို့ကို ၀န်ကြီး ဦးဇော်မင်းက ဦးဆောင်သည့်အဖွဲ့မှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး နေ့လယ် တနာရီဝန်းကျင်တွင် ရန်ကုန်မှ မော်လမြိုင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
မွန်ပြည်သစ်မှ နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို လွှတ်ပေးရန် အတွက် ငြိမ်းချမ်းရေးအဆင့်စတင်ဆွေးနွေးစဉ်က မွန်ပြည်သစ်ပါတီဘက်မှ တောင်းဆိုခဲ့ကြပြီး ပြီးခဲ့သည့် ဧပြီ၁၁ ရက်နေ့က စတုတ္ထအကြိမ် အစိုးရနှင့်မွန်ပြည်သစ် ပါတီ ဆွေးနွေးစဉ် အဆိုပါကိစ္စကို ထပ်မ့ဆွေးနွေးခဲ့ရာ အစိုးရဘက်မှ လွှတ်ပေးရန် သဘောတူညီချက်ရရှိခဲ့ပြိး ၁၉ ရက်အကြာတွင် ယခုကဲ့သို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ မွန်ပြည်သစ်မှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ဥက္ကဋ္ဌ နိုင်ထောမွန်က “အပစ်ခတ်ရပ်ပြီးနောက်ပိုင်းလွှတ်ပေးမယ် လွှတ်ပေးမယ်နဲ့ အတိအကျအချိန်မပေးနိုင်ဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ မသေချာဘူးဆိုရင် ယုံကြည်မှုကိုတည်ဆောင်တဲ့အခါမှလည်းအခက် အခဲဖြစ်တယ် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အခုလိုလွှတ်ပေးမယ်လို့ ဆွေးနွေးပြီးဆယ်ရက်အတွင်း ပြန်အပ်ပေးတာ ကျွန်တော်တို့ အနေနဲ့ ၀မ်းသာပါတယ်”ဟုဆိုသည်။
မွန်ပြည်သစ်ပါတီမှ ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို မွန်ပြည်သစ်အဖွဲ့ ၀င်များ ၊မွန်အမျိုးသားဒီမိုကရေစီပါတီမှ အဖွဲ့ ၀င်များ ငြိမ်းချမ်းရေး အကျိုးဆောင်များက သောင်းသောင်းဖျဖျကြို ဆိုခဲ့ကြသည်။ ။
Yangon Press Internationa

သမ္မတကြီး၏ လက်ဆောင်အဖြစ် အကျဉ်းခံ မွန်ပြည်သစ်ပါတီဝင် နှစ်ဦးကို မိခင်ပါတီထံ ပြန်လွှဲ
Reviewed by သစ်ထူးလွင်
on
16:56
Rating:
7 comments:
ကျန်တဲ့ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေ
ကောဘာလို့မလွတ်တာလဲသိချင်တယ်။
အားလုံးကိုလွတ်ပေးသင့်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာအနေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွတ်ပေးရင်ပိုကောင်းပါတယ်။ကွဲကွာနေတဲ့မိသားစုတွေပြန်ဆုံတွေ့ခွင့်ရတာကြည်နူးဘို့ကောင်းပါတယ်။
နိုင်ငံရေးအကျဉ်းသား နှစ်ယောက်ကိုလွတ်ပေးတာဝမ်းသာပါတယ်၊ကျန်ရှိနေသေး သောနိုင်ငံရေး အကျဉ်းသားအားလုံးကိုအမြန်ဆုံးလွတ်ပေးပါ။ဒါမှ စစ်မှန်သောဒီမိုကရေစီ စနစ်ကို သွားနိုင်မည်။
ကိုသစ်ထူးလွင်ရေ
လျှပ်စစ်ဝန်ကြီးဦးဇော်မင်းမပြုတ်သေးဘူးလား။မြန်မာပြည်သူတွေအပေါ်ကောင်းကျိုးမပေးတဲ့ဝန်ကြီးအမြန့်အမြန်ဆုံးပြုတ်ပါစေဆုတောင်းပါတယ်။မနေ့ကရပ်ကွက်ထဲမှာလူတွေဝန်ကြီး ၅ ဦးတာဝန်မှရပ်ဆဲခံရတဲ့အကြောင်းတွေပြောပြီးပျော်နေကျတာအခုတော့လွဲသွားပြီဗျို့ငိုချင်တယ်ကိုသစ်ထူးလွင်ရေ
မွန်ပြည်သစ်ပါတီမှကိုနိုင်ယက်ခနှင့်ကိုနိုင်မျီုးသွေးတို့ကိုလွတ်ငြီမ်းချမ်းသာခွင့်ပေးတဲ့အတွက်သမတဦးသိန်းစိန်ကိုကျေးဇူးအထူးတင်ပါတယ်။
ဝမ်းသာပါတယ် ဗျာ
သက်ရှိတွေကို သက်မဲ့လို သဘောထားပြီး လက်ဆောင်လို့ သုံးနှုန်းတာဟာ
ပဒေသရာဇ် ငွေဝယ်ကျွန်ခေတ်ကို ပြန်ရောက်နေသလိုလို.. တမျိုးကြီးပဲဗျာ..
ကျန်ရှိနေသောနိုင်ရေးအကျဉ်းသမား များစွာကျန်နေသေးသည်။လွတ်သွားသော
သူကျန်ရှိနေသောသူများကိုမေ့နေကြပြီလာ.......။အားလျော့နေပြီ...
Post a Comment