Photo (Education Digest) |
သွားရောက်လည်ပတ်ဖို့ ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေးကြောင်း
အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုးကားပြီး ရန်ကုန်ကပေးပို့တဲ့ အေအက်ပီသတင်းမှာ ရေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးနဲ့ ဘရစ်တိန်ဝန်ကြီးချုပ်
ဒေးဗစ်-ကင်မရွန်းတိုရဲ့ ဖိတ်ကြားချက်အရ လာမဲ့ဇွန်လမှာ နော်ဝေနဲ့ ဗြိတိန်နိုင်ငံ
တွေဆီ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။
အမည်မဖေါ်လိုတဲ့ အစိုးရအရာရှိတဦးရဲ့ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ
အနဲဆုံး ပြည်ပနိုင်ငံ ၃-ခုကို သွားရောက် လည်ပတ်မဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ အေအက်ဖ်ပီသတင်းမှာ ရေးသားထားပါတယ်။
ဒီဗွီဘီ (Facebook)
ဒေါ်အောင်ဆန်းစုကြည် ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေး
Reviewed by သစ်ထူးလွင်
on
08:43
Rating:
13 comments:
သြော် မြန်မာပြည် အစိုးရ
ဦးသိန်းစိန်
ဘာတွေ ပြောပြီး
ဘယ်လိုလုပ်ကြမှာလဲ
အစိုးရဲ့ ဂုဏ်သိက~ခာ
သုံးစားမရဘူး
ဖြစ်ပါ့မလား............ တော်ကြာ နောက်ကြောင်းတော့ ပြန်မလှည့်ဘူး ဒါပေမဲ့ ရှေ့ ဆက်မသွားဘဲ ဘေးတိုက်ထွက်သွားမှဖြင့် ဒုက္ခ....
အမေစုခင်ဗျာ.မသွားလို့မရဘူးလား.
တော်ကြာ.အမေလဲမရှိရော.နောက်ကနေစစ်တပ်က သမတနဲ့လွတ်တော်ကြီးကို
ဆွဲစိလိုက်ရင်ကိစ္စတုံးရော.မယုံမရှိနဲ့လုပ်နေကျ.
အန်တီစု သွားရင် re-entry visa တစ်ခါတည်း ယူသွားနော် . . စိတ်ပူလို့ ပါ . .
ပတ်စ်ပို့ကတော့ ရမှာပါကွာ။ ဒါကအသေးအဖွဲကိစ္စလေးပဲ။
သေသေချာချာ re-entry ယူမှအဆင်ပြေပါလိမ့်မယ်-
ဒီလိုလုပ်ရင်တောင်မှစိတ်ချရပါ့မလား-စိတ်ပူတတ်လို့ပါနော်-
MPP...မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သောမြန်မာနိုင်ငံသားတိုင်းမြန်မာနိုင်ငံကိုပြန်ဝင်လျှင် visa မလိုပါ။အန်တီစုကမြန်မာနိုင်ငံကူးလက်မှတ်နဲ့မြန်မာနိုင်ငံသားပါ။စိတ်ပူစရာမလိုပါ။
အမေ...
မသွားပါနဲ့အုံးလား။
အမေထွက်သွားပြီးပြန်လာခွင့်မပေးရင်
ကျမတို့ပြည်သူတွေကိုကယ်မည့်သူမရှိတော့ပါ။
ဘာပါဝါဘာစွမ်းပကားမှမရှိအောင်ပြည်သူတွေကို
နင်းခြေထားတဲ့ဘ၀များစွာနလံထူမယ်မထင်ဘူး။
အမေမရှိရင်နိုင်ငံတကာကောထိရောက်တဲ့
ကူညီမှုတွေပျောက်ကွယ်သွားမလား။
အားငယ်မိသလိုပဲ...ပြည်သူတွေရဲ့
သွေးစက်များစွာနဲ့ပေးဆပ်ခဲ့တာတောင်
လူသားခြင်းစာနာတဲ့လိုက်လျောမှုတွေ
သမိုင်းမှာမရှိခဲ့ပါ။အမေစုကြောင့်
ဒီမိုကရေစီလမ်းကြောင်းကို
မအီမသာနဲ့ပြောင်းပေးနေတာလား
မြန်မာပြည် passport ကိုင်ထားတဲ့လူကို ပေးမ၀င်လို့ကတော့ ဒီလက်ရှိအစိုးရ ကမ္ဘာမှာ ဂွမ်းပြီပေါ့...ပြန်ပေးဝင်မှာပါ....
အမေစုနိုင်ငံခြားမသွားသင့်သေးဟုယူဆပါသည်။
သွားတဲ့နိုင်ငံကအမေစုအတွက်လုံခြုံရေးဝန်ယူမှာလား။
လုံခြုံရေးမပေးရင်မသွားပါနဲ့အမေ။ပြည်တွင်းမှာသိတ်အ
ရေးကြီးတဲ့အချိန်ဖြစ်နေလို့အမေ ပြည်ပခရီးမသွားသင့်
သေးဟုသား တောင်းပန်ပါတယ်အမေ။
မင်းစိုးအောင်
ဒေါ်အောင်ဆန်းစုကြည် passport လျွှောက်တာ ကြာနေတာလဲ သမတဦးသိန်းစိန်မှာတာဝန်ရှိတာပါလား၊
တကယ်မသိလို့ မေးချင်တာတခုရှိတယ်။ လျှောက်လွှာမှာ ဘယ်လောက်ကြာမယ်လို့ ဖေါ်ပြထားတာရှိလား၊ သိတဲ့သူတွေ ပြောပြပါဦး
အမေသွားရင် သိပ်မကြာစေနဲ.နော် သားတို.နိုင်ငံကကြီးနိုင်ငယ်နင်းဘိုကျတာက ခပ်များများအမေရဲ.(ကရင်လေး)ကိုရီးယား
Post a Comment