မြန်မာနိုင်ငံမှာ နေပူရှိန်မြင့်တက်နေတာဟာ အန္တာရယ်ရှိတဲ့ အဆင့်ကိုရောက်နေ


နေ့စဉ်ရက်ဆက် နေပူချိန်တွေတက်ပြီး၊နေပူရှိန်မြင့်တက်နေတာဟာ အန္တာရယ်ရှိတဲ့ အဆင့်ကိုရောက်နေတာမို့ အပူဒဏ်ကို သတိပြုကြနေထိုင်ကြဖို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က နှိုးဆော်လိုက်ပါတယ်။အကျိုးအကြောင်း အပြည့်အစုံသိရအောင် ဦးထွန်းလွင်ကို ကိုရွှေအောင် ဆက်သွယ်မေးကြည့်ထားပါတယ်။
ဒီဗွီဘီ
မြန်မာနိုင်ငံမှာ နေပူရှိန်မြင့်တက်နေတာဟာ အန္တာရယ်ရှိတဲ့ အဆင့်ကိုရောက်နေ မြန်မာနိုင်ငံမှာ နေပူရှိန်မြင့်တက်နေတာဟာ အန္တာရယ်ရှိတဲ့ အဆင့်ကိုရောက်နေ Reviewed by သစ်ထူးလွင် on 17:19 Rating: 5

6 comments:

Anonymous said...

သစ်ပင်တွေမတရားခုတ်နေတော့ရာသီဥတုတွေလဲဖေါက်ပြန်တာပေါ့။
အဓိကတရားခံကတေဇပဲ.သူ့ယောက္ခမဝိတ်နဲ့သစ်တွေမတရားခုတ်နေတဲ့
တရားခံပဲ။

Bravo said...

အသိဥာဏ်မဲ့စွာ တောခုတ်ကြတဲ့ လက်တဆုပ်စာ လူတစုအကျိုးစီးပွါးကြောင့် တမျိုးသားလုံး၊ တတိုင်းပြည်လုံး အပူဒဏ်ကိုခံနေရတဲ့ အချိန်မှာ အဲဒီလူတစုကတော့ အအေးခန်းထဲ အငယ်အနှောင်းများနဲ့ ပျော်ပါးရယ်မောနေမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ထားတယ်။

win said...

တနှစ်ထက်တနှစ် ပို ပိုပူလာတယ် ဆိုတာကောင်းကောင်းတော့သတိထားမိပါတယ်
မေလကိုရင်ဆိုင်ရမှာတောင်တော်တော် လန့်နေမိတယ်
မြေပြန့်မှာပိုပူမယ်နဲ့တူတယ်နော်
မဖြစ်မနေ အပြင်ထွက် အလုပ်လုပ်ရတဲ့သူတွေအတွက်
ဆောင်ရန် ရှောင်ရန် ပညာပေးစေချင်ပါတယ်

လင်းသစ် said...

သူငယ်ချင်းတို့ရေ...
နီးစပ်ရာ ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်သလောက်များများသိအောင်
သတိပေး သတင်းဖြန့်ပေးကြပါဦး...

မောင်ငွေ said...

ရေစကြိုမှာလည်း အပူလွန်တာ ၃ ရက်ရှိပြီဗျာ။ ၁၀၉-၁၁၀F လောက်ရှိပါတယ်။ နေ့စဉ်လည်း ဖြူစင်ကားတွေ နားမနေကြရဘူး။အသုဘပို့ရ။လူနာပို့ရနဲ့ပေါ့။ အားလုံး ဆင်ဆင်ခြင်ခြင် နေနိုင်ကြပါစေ..။

ko said...

ကျွန်တော်က သစ်ပင်တွေ ဘာကြောင့်လဲလဲဖြစ်နိုင်ရင် နဂိုအတိုင်ပြန်ထောင်
တည့်မက်စေချင်တယ်။

Powered by Blogger.