မန္တလေး ပြည်ခိုင်ဖြိုးရုံး ခဲပေါက်ခံ ရမှု အမှုဖွင့်

မန္တလေး၊ ဧပြီ ၉

ကြားဖြတ် ရွေးကောက်ပွဲ အကြိုညနှင့် ကျင်းပ သည့်ရက် ညပိုင်းတွင် ပြည်ခိုင်ဖြိုးရုံးသို့ ခဲဖြင့် ပစ်ပေါက်ခြင်း ဖြစ်စဉ် များကို အမှတ် ( ၃ ) ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ထားကြောင်း ယင်းပါတီမှ မန္တလေး ခရိုင် တာဝန်ခံက ပြောကြားသည်။

မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၁ရက်နေ့ ညပိုင်း ၁နာရီခန့်တွင် ပြည်ခိုင်ဖြိုး တိုင်းရုံးသို့ ခဲနှင့် ပစ်ပေါက် ရာမှ အဆောက် အအုံ ရုံးခန်း မှန်ကွဲသည့် ဖြစ်ရပ် များဖြစ်ပွား ခဲ့ကြောင်း၊ ယင်းကြောင့် လုံခြုံရေး အရ ဥပဒေနှင့် အညီ အကာ အကွယ် ပေးနိုင်ရန် ဧပြီလ ၁ရက် နေ့တွင် အမှတ် ၃ ရဲစခန်းသို့ ပထမ သတင်း ပေးတိုင်တန်း ချက် အမှတ် ၁၈၁ ဖြင့် အမှု ဖွင့်ထားကြောင်း၊ ပြည်ခိုင်ဖြိုး တိုင်း ပါတီ ကော်မတီ ဝင် ဦးသိန်းလှက ပြောကြား သည်။

"အဲ့ဒီညမှာ လူအုပ် လိုက်ထောင်ချီတယ်။ ရုံးရှေ့ မှာ သွားလာရင်း ပစ်တာ မဟုတ်ဘူး။ တမင်ကို ရပ်ပြီး ဆဲဆိုတယ်။ ပြီးတော့ ခဲနဲ့ ပေါက်တယ်" ဟု ၎င်းက ဆိုသည်။

ယခု လက်ရှိတွင် ဖြစ်ပွား သည့် အချိန်တွင် ရှိနေသည့် လုံခြုံရေး အစောင့် များကို ရဲစခန်းက စစ်ဆေး နေပြီး အဆိုပါ ဖြစ်ပွား ချိန်တွင် ရိုက်ယူ ထားသော ဓာတ်ပုံများနှင့် ဗီဒီယို ဖိုင်များကို အမှတ် ၃ ရဲစခန်းသို့ ပေးပို့ ထားကြောင်း လည်း ၎င်းက ဆက်လက် ပြောကြား သည်။

မဟာ အောင်မြေ မြို့ နယ်ရှိ ပြည်ခိုင်ဖြိုး ပါတီ ရုံးရှေ့ တွင်လည်း ဧပြီ ၁ရက် နေ့ညက ခဲနှင့် ပစ်ပေါက်ခြင်း ကြောင့် ရုံးခန်း မှန်များ ကွဲခဲ့ သော်လည်း အမှုဖွင့် တိုင်တန်း ထားခြင်း မရှိကြောင်း တိုင်း ပြည်ခိုင်ဖြိုး ပါတီ ရုံးထံမှ သိရသည်။


 The Voice Weekly
မန္တလေး ပြည်ခိုင်ဖြိုးရုံး ခဲပေါက်ခံ ရမှု အမှုဖွင့် မန္တလေး ပြည်ခိုင်ဖြိုးရုံး ခဲပေါက်ခံ ရမှု အမှုဖွင့် Reviewed by သစ်ထူးလွင် on 18:14 Rating: 5

16 comments:

အမြင်သစ် said...

အန်အယ်ဒီ ပါတီဝင်တွေလို့တော့ လွှဲမချနဲ့အုံးနော် ဆရာသမား
ိုတို့ မင်းတို့ကို ပြည်သူလူထုက မကျေမနပ်ဖြစ်နေတာ

ထွန်းထွန်း မြန်မာပြည်သား said...

ဦးသိန်းလှ နှင့် ပြည်ခိုင်ဖွတ် အဖွဲ့  စဉ်းစားနော် ထိုင်နေတုန်းက အကောင်း ထသွားတော့မှ ကျိုးမှန်းထပ်သိအုံးမယ် အရှုံးနဲ့ ရပ်တာကောင်းမယ်ထင်ပါတယ် နောက်ထပ်ရှုံးရင် မိအေးနှစ်ခါနာဖြစ်မယ်.........

ပုဂံစစ်သည် said...

ဒီလောက်တော့ခွင့်လွှတ်သင့်ပါတယ်ကွာ။ မင်းတို့တတွေကတော လူတောင်လုပ်ကြံသေးတာပဲဟာ။ အခုဟာက ဒီပဲယင်းလို လူသတ်မှုမဟုတ်ပါဘူးကွ။ သိပ်လဲကြောက်မနေကြပါနဲ့။

shwe man thar said...

ဖွင်.ကွာ....ဖွင်. ....ဖွင်. ......
အောင်သောင်းကားနဲ.တိုက်တာလဲဖွင်.
တောင်ငူနားမှာအမေစုကားတန်းဂဲနဲ.ပေါက်တာလဲဖွင်.
NLD ဆိုင်းဘုတ်တွေအလှုလိုဖြဲခံ၇တာလဲဖွင်.
မကွေးမှာရဲတိုက်တ၇ားပွဲအုတ်ခဲနဲ.ထုတာလဲဖွင်.
ပုလဲမှာတရွာလုံးမီးလောင်တာလဲဖွင်.
အမေစုပုံကွန်ပြူတာနဲ.ယုတ်မာပြတာလဲဖွင်.
ဒီပဲ၇င်းကကြံဖွတ်တွေလူ၅၀ကျော်၇ိုက်သတ်တာလဲဖွင်.
NLD တ၇ားပွဲနားစပါးပုံမီး၇ို.တာလဲဖွင်.
၂၀၁၀ က မဲဗျောင်ခိုးတာတွေလဲဖွင်.
ဖွင်. ....ဖွင်. ........ဖွင်. .........

Myar said...

လူတွေက အမျိုးမျိုးရှိနေတော့ ဘယ်သူ ဘယ်ပါတီ ဆိုတာ ပြောရခက်ပါတယ်။ တစ်ချို့ကဘာရယ်မဟုတ်လောက်ဘူး အမြင်ကပ်လို့လဲ ပါရင်ပါမယ်။
NlD ပါတီက လို့ပြောလို့မရ သလို၊ အဖျက်အမှောက် လုပ်ချင်တဲ့လူလဲ ဖြစ်ချင်ဖြစ်မယ်လို့ထင်တယ်။ (KKZ)

leoumyo said...

တစ်ရွာလုံးနဲ့တစ်ယောက်ဆိုတော့
ဒီလောက်တော့ လုပ်ခံရမှာပေါ့
မင်းတို့က ပြည်သူ့ အချစ်တော်တွေလေ
အားလုံးက မေတ္တာထားတာ မင်းတို့ သိပြီမလား
အမ်ြင်မှန်ရရင် လမ်းကြောင်းပြောင်းလေ
အချိန်မှီပါသေးတယ်

ကိုကိုညို said...

တိုင်းပြည် အတွက်ပြည်သူအတွက် လုပ်ပေးဖို့ အလုပ်မရှိဘူးလား ရုံးကို ခဲနဲ့ ပေါက်တာကို စာဖွဲ့ ပြီး အမှုဖွင့် ပြသာနာမရှိ ပြသာနာရှာ အဲဒီ ရုံးကကော မင်းတို့ ပိုင်တာလား ပြည်သူပိုင်တာလား ။၂၀၁၅အတွက် ရင်လေးတယ် တိုင်းပြည် တိုးတက်ရေးမှာ မကူညီရင်နေပါ အနှောက်ယှက်ပါနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေး
၊မြန်မာတမျိုးသားလုံးအတွက်အရေးကြီးနေချိန်မှာ ပြသာနာမရှိ ပြသာနာ ရှာတတ်တဲ့ နေရာလိုချင်သော လူ၊အဖွဲ့ ၊ပါတီ တွေကို ပြည်သူတွက အလိုမရှိ တော့ဘူးဆိုတာ သိထားစေချင်တယ်

casper said...

အော်..........ကိုယ်အလှည်.ကျတော. သိတတ်လိုက်တာ...ဥပဒေနဲ. အညီတဲ. ...ခဲနဲ. ပေါက်တာ နည်းသေးတယ်....နောက်ဆို အမြှောက်နဲ. ပါ ပစ်ခံရဦးမယ်...

အာကာထက် said...

ဒီမိုကရေစီနိုင်ငံတော် အဖြစ်ပြုပြင်ပြောင်းလဲရေးလုပ်နေချိန်တွင် အလွန်သတိထားဖို့လိုပါသည်-ပြုပြင်ပြောင်းလဲရေးကို မလိုလားသည့် နောက်ပြန်ဆွဲချင်သူများက ထိုပါတီ ၂ ခုကိုကြားကနေ ရန်တိုက်ပေးခြင်း ပြသနာများဖြစ်အောင်ဖန်တည်းပေးခြင်း ထိုမှတဆင့် တိုင်းပြည်ငြိမ်သက်မှုမရှိဟုဆိုကာ အာဏာသိမ်းမှုဖြစ်စဉ်များကိုဖန်တည်းပါလိမ့်မည်။သာဓကများရှိခဲ့ပါသည်၊ ၁၉၈၈ တွင် တိုင်းပြည်အာဏာကို သိမ်းဖို့အတွက် အစိုး၇မှ စေလွတ်သည့်သူများက ခေါင်းဖြတ်မှုများကိုဖန်တည်းခြင်း၊မီးရှို့ခြင်းများကို လုပ်ဆောင်ပြီး တိုင်းပြည်တည်ငြိမ်မှုမရှိဟုဆိုကာ အာဏာသိမ်းလိုက်ပါသည်၊လွန်စွာမှ သတိထားရမည့်အချိန်ဖြစ်ပါသည် ခဲတလုံးတည်းနှင့် စာ ၂ ကောင်ကိုပစ်ရိုးထုံးစံရှိခဲ့ပါသည်

မျိုးချစ်လူငယ် said...

ကြံ့ဖွတ်က အမေစုကို လိုက်လဲကြံစည်သတ်တုံးက ဥပဒေတို့ အမှတ် (.. ) ရဲစခန်းတို့ ကို တိုင်ကြားခွင့် မရလိုက်ပါ။
ပြည်သူတရပ်လုံးက လေးစားတဲ့ အမေစု(အသက်၆၀ကျော်၊အဖွားကြီး)ကို လိုက်ဒုက္ခ မပေးစေချင်ပါနဲ့ ကြံ့ဖွတ်က အူကြောင်ကြောင်ကောင်တွေရယ်။

Sugar Moon said...

ခဲ နဲ့ပေါက် တာ ကို ပဲကျေးဇူး တင်ပါအုံး

van sui nei said...

ပြည်သူပိုင်အဆောက်အဦးနှင့် လူမှု့ရေးအဖွဲ့ဆိုပြီးလိမ်လည်တောင်းခံထားသည့်ငွေကြေးများ အရင်ရှင်းပါ
ခဲနဲ့ပစ်တာ ပြည်သူပိုင်လား
ကြံ့ဖွတ်ပိုင်လား ဆိုတာလေးပါ သိချင်ပါတယ်၊၊

မုန်းနိုင်ဦး said...

အပေါ်ကမှတ်ချက်ပေးကြတဲ့အစ်ကိုတို့ရေခင်းဗျာတို့လိုချင်တဲ့ဒီမိုကရေစီကဒါလား
စဉ်းစားကြည့်ပါဦးဗျာ။ကွမ်းတံ့တွေးတောင်တွေးချင်တဲ့နေရာတွေးလို့မရဘူး။ဒါကကျောက်ခဲနဲပေါက်တာလေဗျာ။ခင်းဗျာတို့ကနိုင်ငံရေးခံယူချက်ရှိမယ်ဆိုရင်ဒီလိုတစ်
လုံးကမ်းအယူဝါဒကိုပြင်ကြပါဗျာ။

TZ said...

သူ့လူတွေကိုခဲနဲ့ပေါက်ခိုင်းပြီး အမှုဖွင့်တာလဲဖြစ်နိုင်တယ်။

Anonymous said...

မုန်းနိုင်ဦး..
နင်ကစစ်ဗိုလ်လား?
စစ်ဗိုလ်ဆိုရင်ဒီနေရာကနေထွက်
အမြင်မတူI.Qမတူလို့စစ်ဗိုလ်ဖြစ်နေတာ
ခဲနဲ့ပေါက်တာသူတို့လူကိုလုပ်ခိုင်းပြီးတ၇ားခံရှာတာ..
N.L.Dကိုခဲနဲ့ပေါက်တာဂျင်ကလိနဲ့ပစ်တာကို
အ၇င်အေ၇းယူလိုက်..ငါတို့ပြည်သူတွေ
နာကျင်ခဲ့တာကိုခဲနဲ့ပေါက်တာလောက်နဲ
့မချေဖျက်နိုင်ပါဘူး။
ဖြစ်နိုင်၇င်စစ်အာဏာရှင်တွေကို
အရှင်လတ်လတ်မီးသဂြိုလ်ချင်တာ..
ငါတို့ပြည်သူတွေဒီကနေပဲရင်ထဲက
စကားတွေေ၇းနေလို့
ဖြေသာနေတာ...ကိုယ်ချင်းစာ..

nandarllay said...

မှန်တယ်။ဟန်နီ ပြောတာ။ လူတွေများ ကိုယ်ကို ခဲလေးနဲ့တခါလေးအပေါက်ခံရတာနဲ့ ( ဒါလည်းလန်ကြုပ်လုပ်ထားတာလားမှမသိတာ) အော်နေလိုက်တာ ရင်တောင်ကွဲတော့မယ်။ မေ့မနေနဲ့လေ။ နင်တို့က စစ်အရေခွံလဲထားတဲ့ကောင်တွေနဲ့ဖွဲ့ထားတဲ့ အသင်းလေ။ ဒါလေးတောင်ခံနိုင်ရည်မ၇ှိဘူးလား။တပ်မတော်က သွေးထွက်များအောင်လေ့ကျင့်ပေးလိုက်တယ်ဆို။ သွေးထွက်များတဲ့လူတောင် ခဲလေးနဲ့အပေါက်ခံ၇တာနာရင် သွေးမထွက်ခဲ့ဖူးတဲ့ ပြည် သူတွေကို သွေးဒလဟော စီးဆင်းအောင်လုပ်ခဲ့တုန်းက ဘယ်လိုခံ၇တယ်ဆိုတာသိပီလား။ကြားဖူးလားမသိဘူးနော်။ ဆရာတော် ဦးဗုစ် က နန်းမတော်မယ်နု ကို ပြော သလိုပေါ့။ သူအကြွေး ရှိရင်ဆပ်လိုက်ဆိုတာလေ။ အခုတော့ နင်တို့ သူများအကြွေးကိုဆပ်ဖို့အချိန် တန်ပီ။။လူတွေ ပြောနေတဲ့နေရာ မှာ ပြည်သူထမင်းစားပီးလူပါးဝနေတဲ့ စစ်ဗိုလ်တွေ ၀င်မပါနဲ့ ။ဒါဘဲ။

Powered by Blogger.