ရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုခံခဲ့ရတဲ့ အိမ်ဖော်မိန်းကလေး မအေးယုအောင် ရဲ့ မိခင်
ဒေါ်ကြူ (ကျောက်ကြီးမြို့နယ် နေသူ)အား နှိပ်စက်ခဲ့သူ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီး
ကတော် ဒေါ်ဖြူဝင်းသက် မှ တဆင့်ဖုန်းဖြင့် ဧပြီလ (၅)ရက်နေ့ က ဆက်သွယ်ဖုန်းပြောလာ
ပါတယ်။
"ဖုန်းထဲမှာ ကောင်မလေး ဘာမှ မဖြစ်ဘူး ကောင်းကောင်းမွန်မွန် ပဲ ...အဲဒီအတွက် ဘာမှ
စိတ်မပူပါနဲ့ လို့ ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူသို့ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြူက သမီး ဘာမှ မဖြစ်ဘူးဆိုရင် သမီးနဲ့ တွေ့ချင်တယ် ဖုန်းပြောချင်ပါတယ်။
လို့ ပြောတဲ့ အတွက် အေးယုအောင် ကို မိခင်ဖြစ်သူ ဒေါ်ကြူနဲ့ ဖုန်း ပေးပြောပါတယ်။
ကလေးမလေး က ငိုနေပါတယ်တဲ့...ပြီးတော့ သမီးဆီကို လိုက်မလာပါနဲ့နော် သမီးဆီကို လိုက်မလာပါနဲ့နော် ဆိုပီး ငိုပဲငိုနေပါတယ်တဲ့...နောက်ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူကို
လိုက်မလာဖို့ ကျမတို့လည်း ပဲခူးမှာ ရှိမှာ မဟုတ်ဘူး နေပြည်တော် (သို့) ရန်ကုန် (သို့)
နယ်မြို့ တစ်ခုခု မှာ ရှိနေမှာ ဖြစ်တဲ့ အတွက် လိုက်မလာနဲ့လို့ သာ ပြောပါတယ်...နောက် အခု ကောင်မလေး ရတဲ့ ဒဏ်ရာက ဆီပူပေါက်လို့ ရတဲ့ ဒဏ်ရာ ဖြစ်ကြောင်း ပြောပြီး ဖုန်းကို ချလိုက်ပါတယ်။"
မအေးယုအောင် ရဲ့ မိခင်ဒေါ်ကြူ နဲ့ သွားရောက်တွေ့ ဆုံခဲ့သူတဦး က Myanmar News Now
ကို ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။
မရှိသေးကြောင်း အမှုကိုလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
Myanmar News Now

အခုချိန်ထိတော့ ပဲခူးမြို့ မှ တာဝန်ရှိ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာ
မရှိသေးကြောင်း အမှုကိုလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
Myanmar News Now
မီးပူနဲ့ ကပ်တဲ့ တရားသူကြီး ကတော် အိမ်ဖော်မလေးရဲ့ မိခင်ထံ တဆင့်ဖုန်းဖြင့် ဆက်သွယ်လာ
Reviewed by သစ်ထူးလွင်
on
15:42
Rating:
22 comments:
အမျိုးသမီးရေးရာတွေ ဘယ်ရောက်နေပြီးလဲ
ကျောင်းတက်နေရမယ့် ကလေးတွေ ဒုက္ခပင်လယ်ဝေနေတာ ဘယ်တောလောက် ပြီးဆုံးမှာလဲ။
ပဲခူးက ရပ်မိရပ်ဖ များလဲ ပေါက်ရောက်မဲ့ နေရာကို ထိထိ ရောက်ရောက်တိုင်းကြား ကြရန်နဲ့ လူယုတ်မာ အဖွဲ့ ကောင်မလေးကို ဘယ်ကို ခေါ်သွားမလဲ ဘယ်ကိုပြောင်းသွားလဲ ဆိုတာ မျက်ခြေမပျက် စောင့်ကြည့် သတင်းပေးစေချင်ပါတယ် . . အမျိုးသားရေး စိတ်ဓါတ်ဖြင့် ကာကွယ်စောင့်ရှောက်ခြင်းသည် မြန်မာ အမျိုးသားတိုင်း၏ တာဝန်ဖြစ်သည် . .
အလကားမိန်းမတွေ အဲလိုဟာမတွေက အထက်ဖားအောက်ဖိ အကြင်နာကင်းတဲ့ဟာတွေ တရားရေးကဆိုတော့ ဥပဒေလက်တလုံးခြားလုပ်တတ်မှာပေါ့ သူတို့အစားရှက်လိုက်တာသေတော့မယ် မြန်မာပြည်တွင်းမှာအာဏာတပဲသားလောက်များရရင်အသည်းယားအောင် လုပ်ချင်ကြတယ် ကိုယ့်ထက်မြင့်ရင်ဖား ကိုယ့်ထက်နိမ့်ရင် အနိုင်ကျင့် တဲ့ ဘာကတော်ညာကတော်ဆိုတဲ့စနစ်က ဘယ်တော့ပြောင်းမလဲ တကိုယ်လုံးမှာဆင်ထားသမျှဘာမှမတွက်နဲ့ ကတော်ဆိုတာလဲမတွက်နဲ့လူတယောက်အနေနဲ့ဆိုရင် ၂ ပြားတောင်မတန်ကြတဲ့ဟာတွေ ကိုယ့်အချင်းးချင်း အနိုင်ကျင့်လို့ကောင်းနေလိုက်ကြတာ ခုချက်ချင်းတယောက်ထဲ နိုင်ငံခြားလေဆိပ်ကို ချပေးလိုက်စမ်း ဘာလုပ်တတ်သလဲ ဘယ်လိုစခန်းသွားမလဲ ကြည့်ချင်လိုက်တာ
MNN ကနေ အဲဒီ ကလေးမလေးရဲ့ မိခင်ကို ဖုန်းဆက်ပြီး အမှုဖွင့်ခိုင်းလိုက်လေ ... မဖွင့်တတ်ရင်လဲ နည်းလမ်းလေး ပြောလိုက်ရင် ပိုက်ကောင်းမယ်ထင်ပါတယ် .. . ဒီသတင်းက ဒီလောက်ထိ တိကျနေတာပါဘဲ .. လက်လှမ်းမီသ၍ ၀ိုင်းဝန်းကူညီကြစေချင်ပါတယ်..
ခုထိဒီတိုင်းကြည့်နေကြတယ်လားဗျာ..
တရားသူကြီးကတော်ဆိုပြီး ဥပဒေ ကိုလက်တလုံးခြားလုပ်လို့ ရတယ်လို့ ဥပဒေမှာ မပါ ပါဘူး။ ။အဲဒီဒဏ်ရာကဆီပူပေါက်လို့ ဖြစ်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ခလေးမလေးခြိမ်းခြောက်ခံနေရတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ။ဘာမှမသိဘူးဆိုပြီးလုပ်ချင်ရာလုပ်လို့ ရတယ်လို့ လုပ်နေရင်အဲဒီပုံစံတွေကပြီးတော့မှာမဟုတ်ဘူး။ ။အဲဒါလူမဆန်တဲ့လုပ်ရပ်ပဲ။ ။သားသမီချင်းကိုယ်ချင်းမစာတာပဲ။ ။လက်လှမ်းမီသူများ NLD ရုံးကိုညွန်ပြကြပါ။ ။လိုက်ပို့ နိုင်ရင်လည်းလိုက်ပို့ လိုက်ကြပါ။ ။ NLD ရုံးချုပ်က ရန်ကုန်တိုင်း ဗဟန်းမြို့ နယ်မှာရှိပါတယ်။ ။ရုံးချုပ်ရဲ့ ဥပဒေရေးရာကမှတစ်ဆင့် တစ်ခြားအဖွဲ့ တွေနဲ့ ဆက်သွယ်ပြီးလုပ်ဆောင်ပါလိမ့်မယ်။ ။ဒီလုပ်ရပ်က တစ်ရားသူကြီးကတော်တစ်ယောက်ရဲ့လုပ်ရပ်မဟုတ်ဘူး။ဖာရုံကဖာသည်ခေါင်းတို့  လူကုန်ကူးတဲ့လူတွေရဲ့ လုပ်ရပ်နဲ့ တူနေပါတယ်။တရားသူကြီးကတော်မကလို့  သမ္မတကတော်ဘဲ ဖြစ်ဖြစ်ဂရုစိုက်စရာမလိုပါဘူး။ ။အရေးကြီးတဲ့ဖုန်းနံပါတ်များလိုအပ်ပါကဆက်သွယ်နိုင်ပါတယ်။ ။ ။
လုပ်တုံးကလုပ်ပြီး ကိုယ်ခံရမှာကျတော့
ကြောက်တတ်လိုက်တာ ကိုယ်ချင်းမစာ
တတ်တာ ဗမာတွေမှဟုတ်ရဲ့လား
ဥပဒေသမားတွေ လိုက်ပိုက်ကြည့်နေမှာလား
ကူညီပါရစေ ဆိုသူတွေ ဘာလုပ်နေတာလဲ
လာတိုင်မှထလိုက်မှာလား ပြည်သူ့ရဲ ဆို
ပြည်သူတွေကိုကာကွယ်ပေးရမှာမဟုတ်ဘူးလား
ပြည်သူရဲတွေ အားကိုးပါရစေ....။
အမှုဖွင့်ကြပါ။ ဝိုင်းဝန်း ကူညီကြပါ။ ကလေးကို ဒီအတိုင်း ပစ်မထားပါနဲ့။
ပြင်းထန်စွာအရေးယူသင့်ပါတယ်ဗျာ
ပြင်းထန်စွာအရေးယူသင့်ပါတယ်ဗျာ
ပဲခူးတိုင်းဒေသကြီး၇ဲ့လွတ်တော်ဥက္ကဌ ဦးဝင်းတင်အိမ်မှာ
ဌားနေတာကြောင့်ကိုင်တွယ်ဖြေ၇ှင်းပိုင်ခွင့်မ၇ှိတာလား။
သက်သေလဲထင်၇ှားနေတာဘဲ ဒီလိုဥပဒေမ၇ှိလုပ်မယ်ဆို
၇င်တော့ဘယ်တ၇ားမျှတမလဲ စစ်အစိုး၇နဲ့ပတ်သတ်တဲ့သူတွေ
ကဥပဒေတမျိုးပြည်သူအတွက်ကဥပဒေကတမျိုးဆို၇င်တော့မမျှ
တဘူးနော်
ပဲခူးသားတွေ ကြည်.ကြက်လုပ်လိုက်ကြကွာ ။ မလွတ်ပါစေနဲ. ။
ပဲခူးမြို့ ရဲစခန်း အနေနဲ့ ဒီလို သတင်းမျိုး အပေါ်မှာ လျစ်လျူ မရူသင့်ဘူးလို့ ထင်ပါတယ်။ မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးပါရန် တိုက်တွန်းလိုက်ပါတယ်။
Contact to Legal aid project Group.
They help under 18year and specialty for girls.
phone no: 098618196, 095160784, 01398397, 01398215.
ဦးစွာပထမပြောချင်တာက..သားသမီးချင်းကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘူးနော်..တခါတရံမှာလည်း အပိုလေးတွေပါတတ်ကြတယ်..အများသောအားဖြင့်စာတတ်နေကြပြီ...မှန်
သောသူကံကောင်းပါစေ...
အဲဒီ မိန်းမကြီးကိုတရားစွဲသင့်တယ် ပြင်းပြင်းထန်ထန်လုပ်ကြပါ စံနမူနာဖြစ်အောင်လုပ်ပေးကြပါ
ပြင်းပြင်းထန်ထန် တရားစွဲသင့်တယ် ဒါလု့ အခွင့်အရေးချိုးဖောက်တာ မှတ်သွားအောင်လုပ်သင့်တယ် ဝိုင်းဝန်းကူညီကြပါ
အဲဒီ မိန်းမကြီးကိုတရားစွဲသင့်တယ် ပြင်းပြင်းထန်ထန်လုပ်ကြပါ စံနမူနာဖြစ်အောင်လုပ်ပေးကြပါ
အမြန်ဆုံးအမှုဖွင့်လိုက်ပါ
ကိုသစ်ထူးလွင်ရေ...
ကောင်မလေး အမေကတော့ ကျောက်ကြီးမြို့ကို ပြန်ရောက်နေပီ...ကောင်မလေးတော့ ပြန်ပါမလာဘူးတဲ့...ဘာတွေဘယ်လို ဖြစ်ခဲ့လည်း ဆိုတာကို ဒီနေ့ သူငယ်ချင်းဆီ ဖုန်းဆက်မေးလိုက်ပါ့မယ်..
တရားသူကြီးကတော်ကိုယ့်အပြစ်ကိုဝန်ခံပါ ခင်များလုပ်တုန်းကတော့လုပ်ရဲတယ်ခုမှကြောက်မနေနဲ့ သူများကိုနာအောင်လုပ်ရင်တော့ခင်များအလှည့်ခုရောက်တောမယ်ဘယ်မှမသွားနဲ့ 
ဲခံကိုခံရမှာစောင့်နေလိုက်
Post a Comment