ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်

ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး ကျန် ၂ ရက်တွင် ၁၈ နာရီစီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားတော့မည်ဖြစ်ကြောင်း

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်တို့ကပြောသည်။

သို့သော် နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများကဆက်လက်ပြောသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီး

တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်ဖြစ်ပြီး စက်မှုဇုန်များသို့ ညပိုင်းလျှပ်စစ်မီးပေးဝေမှု ရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုးချဲ့ပေးရန် စီစဉ်ခြင်းမှာ မြို့ခံလူထုအဆင်ပြေရန်ဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသော ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်ဆိုသော သတင်းများနှင့် မသက်ဆိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် စက် ၂ လုံးထပ်မံတပ်ဆင် လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂၀ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။

သုံးရက်လျှင် တစ်ရက် ၂၄ နာရီနှင့် ၂ ရက် ၁၈ နာရီစီပေးဝေမှုမှာ ယနေ့ညနေမှ စတင်မည်ဖြစ်သည်။ ထိုသို့ပေးဝေသောအခါ အုပ်စုသုံးအုပ်စုကို ထိုမီးပေးသည့်အချိန်တိုင်း အလှည့်ကျပေးဝေသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အများဆုံးအချိန်တွင် ၆၂၂ မဂ္ဂါဝပ်၊ အနည်းဆုံးအချိန်တွင် ၃၀၂.၉ မဂ္ဂါဝပ်ရှိပြီး ပျမ်းမျှ ၄၈၅ မဂ္ဂါဝပ်ကျော်ရှိသည်။
 7Day News Journal
ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည် ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည် Reviewed by သစ်ထူးလွင် on 20:26 Rating: 5

15 comments:

အရှိအတိုင်း said...

အင်း..နေပြည်တော်က အလှဆင်မီးတွေ ပိတ်ထားရင် ရနိုင်ပါတယ်...

aye year htun said...

အော်ဘာဖြစ်လို့များ လျှပ်စစ်ပိုလျှံတယ်လို့ ပြော၇တာလဲမသိဘူးနော်

kaungkinn said...

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀ံကြီး ဇော်မင်းဆိုတဲ့ ပုဂ္ဂိုလ်က မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီး သူ့လောက် ဘယ်သူမှ မသိဘူး ဆိုတဲ့ စကားက သူကိုယ်တိုင်က ဘာမှ မသိဘူး ဘာမှ မလုပ်တတ်ဘူး လို့ ပြောတာ ဖြစ်မှာ... ဒါကြောင့် မီး အချိန်ပြည့် မပေးနိုင်တာ...

cnc said...

ရန်ကုန်မြို့အတွက် လျှပ်စစ်မီး

တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည် ဆိုတာ ဘယ်လိုကြီးလဲ။ ဘာ့ကြောင့်လဲ။ သိပ်တော့နားမလည်ပါဘူး။ ကျနော်တွေးတာကတော့ နယ်မှာလျှပ်စစ်မီးသုံးနေသူတွေလည်း လူတွေပါပဲ။ သူတို့လည်းမီတာခဆောင်ပြီး သုံးကြတာမဟုတ်ဘူးလား။ ဘာလို့လဲ။

katherina said...

ကောင်းပါတယ် ဖြစ်နိုင်ရင် အားလုံးကို ၂၄နာရီ ပေးပေါ့

kiddykid said...

နေပြည်တော်ရော ပါသလားဟင်???

kotut said...

တော်သေးတာပေါ့။ ပျက်ချိန်နည်းသွားလို့။

Yo Yo said...

အခုလ ၈ ရက်နေ့ကျရင် ရတနာနဲ့ ရဲတံခွန် ကမ်းလွန်ဓါတ်ငွေ့ထုတ်လုပ်ရေးက Maintenance အတွက်ထုတ်လုပ်မှု ၇ ရက်ကနေ ၁၀ ရက်လောက်ရပ်ဦးမယ် ကြားတယ်။ အဲဒီအချိန်ကျရင်ပိုဆိုးမယ်ထင်တယ်။ ဖြေရှင်းဘို့စဉ်းစားထားကြပါဦးဗျို့။

han htoo lwin said...

နယ်မှာရောမီးရှိလို့လား အဟိ မသိလို့ပါနော်

Myanmar said...

များမကြာခင် အဲဒိနယ်ကို မီးပေးမယ်တဲ့ နေပြည်တော် ပိုခြံခဲ့ရင်ပေါ့နော်
အကုတော့ နေဦး

ep said...

၃ ရက်မှာမှ ၁ ရက် ၂၄ နာရီရမှာဆိုတော့ ဝန်ကြီးစကားက ၃ ခွက် ၁ ခွက်တင်ပေါ့ ---
ဝန်ကြီးထက် လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့" ကြီး " က ပို " ကြီး " သလိုဖြစ်နေလားလို့ ???
ရွေးကောက်ပွဲရက်အထိတော့ ပေးနိုင်နေပြီးတော့ --- ခုကျမှ ---------
မီဂါဝပ် ၁၅၀၀ ထုတ်တာတောင် သုံးလို့မကုန် ဝန်ကြီးပဲ ပြောတယ်

naungnaung said...

တော်သေးတာပေါ့ဗျာ..မီးပျက်တဲ့အချိန်နဲသွားပြီဗျ ဖြစ်နိုင်ရင်တစ်နိုင်ငံလုံးမီးလုံလုံလောက်လောက်ပေးရင်ပိုကောင်းပါတယ် လုံလောက်စွာလဲပေးလို့ရပါတယ် သူတို့စားလို့မ၀သေးလို့ထင်တယ်ဗျ....ကျွန်တော်အမြင်...

min yar zar said...

နေပြည်တော်မှာ ၃ ရက်လောက် အခုလိုလုပ်ကြည့်ပါလား။။ ကိုယ်ချင်းစာတတ်အောင်လို့ပါ..

ko gyi said...

လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် စက် ၂ လုံးထပ်မံတပ်ဆင် လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂၀ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။
နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများကဆက်လက်ပြောသည်။
တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်....
ဆိုတော့ နယ်မှပြည်သူတွေက လူသားတွေမဟုတ်ဘူး...အရေးမပါဘူးဆိုလိုလေသလား၊ တတိုင်းတပြည်လုံး ကို ၂၄ နာရီပေးလာခဲ့ပြီးမှ ... မဲလည်းရှုံးရော ချက်ချင်း လျှပ်စစ်ဓါတ်ကပါ မလောက်င တော့တာ..???????
နိုင်ငံအပေါ် အမှန်တကယ် တိုးတက်စေလိုသော စေတနာ ရှိရင်၊ တတိုင်းတပြည်လုံး ကို ၂၄ နာရီ မီးရအောင်အရင် လုပ်ပါကွာ...

ရာရာ said...

အခြားတပါးနိုင်ငံများကဲ့သို့ ပတ်ဝန်းကျင်နိုင်ငံများမှ သဘာဝဓါတ်ငွေ့၊ ရေအားလျပ်စစ်တို့ကို ၀ယ်ယူဖြန့်ဝေနေရပါလျင် မြန်မာနိုင်ငံသားတို့အဖို့ အစိုးရနှင့် လျှပ်စစ်ဝန်ကြီးဌာနအပေါ် သဘောပေါက် နားလည်ခွင့်လွှတ်နိုင်ပါလိမ့်မည်။ ထွက်သမျှသဘာဝဓါတ်ငွေ့၏ ရာခိုင်နှုန်းပြည့်နီးပါး အကုန်ရောင်းစား၍ မိမိနိုင်ငံသားများအတွက်မူ ရေအားနည်းပါးသည်ဆိုကာ လင်းစေလိုသောနေရာကိုလင်း၊ အမှောင်ချချင်သည့်နေရာကိုအမှောင်ချပြီး ပေါက္ခရ၀တ်သ မီးကွက်ကြားပေးနေခြင်းကို မည်သို့မျှနားလည်ခွင့်လွတ်ရန် မဖြစ်နိုင်ပါ။ ရေအားနည်းပါးသဖြင့် မီးဖြတ်သည့်လုပ်ရပ်မှာ သူငယ်တန်းကလေးတစ်ယောက်ဦးဏှောက်ဖြင့်ပင်ဖြေရှင်းတတ်သောနည်းတရပ်အဖြစ်မြင်ပါသည်။ စွမ်းအင်လုပ်လောက်ရန်မည်သို့ ဆောင်ရွက်မည်ဟု ခန့်ခွဲနိုင်သော အရည်အချင်းမှီသည့် အစီအစဉ်ကိုသာ ပြည်သူများအပူတပြင်းတောင့်တပါသည်။

Powered by Blogger.