နာရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူ ပြည်သူ့ဂုဏ်ရည်ပွဲ တက်ရောက်မည်

အမေရိကန်ပြည်ထောင်စု မေလ (၂၇)ရက်နေ့ နယူးရောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံက
နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ တက်ရောက်မှာ ဖြစ်တယ်လို့
ပြည်သူဂုဏ်ရည်အသင်းက အာအက်ဖ်အေကို အတည်ပြုပြောဆိုပါတယ်။

ဦးကျော်သူ နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်လည်းလိုက်ပါလာမှာဖြစ်ပြီး
မြန်မာလူမှုရေးလုပ်ငန်း အခြေအနေတွေနဲ့ပတ်သက်လို့အမေရိကန်
ပြည်နယ်တချို့ကို လှည့်လည်ဟောပြောမယ်လို့ ပြည်သူ့ဂုဏ်ရည် အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်း က ပြောပါတယ်။

ဦးကျော်သူဟာ ပြည်သူ့ဂုဏ်ရည်ဆု ပထမဦးဆုံးဆုရှင်ဖြစ်ပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ဖို့ ပဏာမအမည်စာရင်း အယောက် (၂၀)ကိုလည်း ဧပြီလ (၁၇)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထူးခြားချက်အနေနဲ့ ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက် နေတဲ့ ကချင်လူငယ် လဖိုင်နော်မိန်း အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တစိုက်မတ်မတ်ဆောင်ရွက်နေသူ သစ်တောပညာရှင် ဦးအုန်း နဲ့ မနှစ်က မင်္ဂလာတောင်ညွန့် မေတ္တာမွန် ကုန်လှောင်ရုံကို မီးငြိမ်းသတ်ရင်း အသတ်စွန့်သွားကြတဲ့ မီးသတ်သမား (၅) ဦးရဲ့ အမည် စာရင်းတွေလည်း ပါဝင်ပါတယ်။

လာမည့် ဧပြီလ (၂၂)ရက်နေ့နောက်ဆုံးထားပြီး ဆန်ကာတင် ဆုရှင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့ အမည် စာရင်းကိုပေးပို့ကြဖို့လည်း ပြည်သူဂုဏ်ရည် အသင်းက ကြေညာထားပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်း
စေတနာ့ဝန်ထမ်း လူမှု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေ ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ကို ၂၀၀၉ခုနှစ်ကတည်းက နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဆုအတွက် အမေရိကန်ဒေါ်လာ (၁) သောင်း ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။
RFA
နာရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူ ပြည်သူ့ဂုဏ်ရည်ပွဲ တက်ရောက်မည် နာရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူ ပြည်သူ့ဂုဏ်ရည်ပွဲ တက်ရောက်မည် Reviewed by သစ်ထူးလွင် on 10:05 Rating: 5

11 comments:

Anonymous said...

good

Nay Nwaye said...

ဦးကျော်သူအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်၊ နောင်တွင်လည်းပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါသည်။

zin zaw said...

"ဒီနှစ်လည်း ဦးကျော်သူ ဆု ရပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ် ခင်ဗျာ

kokomaung said...

လေးစားပါတယ် ဦးကျော်သူ။ဝမ်းလည်းသာပါတယ်။

အောင်သာယာ said...

ဝမ်းမြောက် ဂုဏ်ယူပါတယ်. . .မိမိ တို့ရဲ့ ကေါင်းကြောင်းပြုခဲ့တာ တွေ ကေါင်းကျိုး ခံစါးရတဲ့ အခွင့် အခါ ရောက်ပါပြီ အဲ တဖက်မှာ လဲ ဆိုးကြောင်းပြုချက်တွေ ရဲ့ ဆိုးကျိုးတွေ ကလဲ ဒီသဘော အတိုင်းပါဘဲ လို့ နာကြား မှတ်သါးဖူးပါ၏။

ရွာသား said...

ဦးကျော်သူစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်နေနိုင်ပါစေ။

Thurein said...

Congratulation Ko Kyaw Thu :)

ဧနဒီ said...

သာဓု...သာဓု...သာဓု...ပါဗျာ။ ။

mon lay said...

ကောင်းတာလုပ်ရင်ကောင်းတာကိုရမှာပေါ့ဦးကျော်သူ
သာဓုလို့ထပ်ခါခေါ်နေတဲ့သူတွေအများကြီးရှိတယ်
ဆက်လုပ်သွားပါဦးလူ့ဘ၀ကြီးမှာရှိတုန်းခဏပဲလုပ်ရတာပါ
ဦးကျော်သူ ကောင်းမှု့များများလုပ်နိုင်ဖို့အသက်ရာကျော်
ရှည်ပါစေ....

tat said...

ကိုကျော်သူအတွက် လေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ..ကဲ ..ကိုကျော်သူတို့ကတော့ ကိုယ့်သမိုင်းကို လှအောင်ရေးနေပြီနော်..လူဆိုးလူ
မိုက်.သူခိုးကြီးများ..အတုယူပြီး..သမိုင်းလှအောင်အမြန်ဆုံးပြုပြင်နိုင်ကြပါစေ
လို့ဆုတောင်းပေးလိုက်ပါတယ်...
တောင်ပေါ်သား

Anonymous said...

ဂုဏ်ယူပါတယ်ကိုကျော်သူ

Powered by Blogger.