ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀
ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့်ဇွန်လတွင် နော်ဝေနှင့်
ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း အေအက်ဖ်ပီနှင့်
ရိုက်တာသတင်းဌာနများက သတင်းဖော်ပြသည်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံ
သို့ ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ လာမည့်ဇွန်လတွင် လာရောက်လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဆွေးနွေးခဲ့ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာ နမှ
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းဌာနက
သတင်းဖော်ပြထားသည်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံ
နော်ဝေအပြင် ဒေါ်အောင်ဆန်းစုကြည်သည်
ဗြိတိန်နိုင်ငံသို့ပါသွားရောက်မည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို
ကိုးကား၍ ရိုက်တာသတင်းဌာနကလည်း သတင်းရေးသားထားသည်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ဇွန်လ၌ ဗြိတိန်လို့
လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ၂
နှစ်က ထိုသို့ဖိတ်ကြားပါက ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်သည်ဟုသာ
ပြောနိုင်ပြီး မလာနိုင်ဟု ပြန်ဖြေမည်ဖြစ်ကာ လက်ရှိအခြေအနေတွင်
ခရီးစဉ်မှာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
7Day News
ဒေါ်အောင်ဆန်းစုကြည် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်
Reviewed by သစ်ထူးလွင်
on
16:45
Rating:
5 comments:
တကယ်သွားမလို့လားဟင်?
စိတ်တော့ပူပါတယ်- ဘာဘဲဖြစ်ဖြစ်အလုပ်ပြီးရင်တော့မြန်မြန်ပြန်လာပါလို့
ုမြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက လေးစားတဲ့သူတစ်ယောက်အနေနဲ့ နိုင်ငံတကာကိုသွားပြီး ပြည်သူ့အကျိုးအတွက် ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ပြီးတော့ အခုအခြေအနေကလည်း အကောင်းဆုံးအချိန်ပဲလို့ ထင်ပါတယ်..
အမေစု...အကြာကြီးမနေနဲ့နော်...လွမ်းလို့။
အမေပြည်ပခရီးအောင်မြင်ပါစေ။
အမေ အခုလို ကမ္ဘာ က ခေါင်းဆောင်တွေ အလေးအမြတ်ထား ဖိတ်ကြားလို့ အလည် သွားရမှာ ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်အမေ ။ မြန်မာနိုင်ငံအတွက်လည်း အမေ့ စွမ်းပကားတွေနဲ့ ကောင်းသတင်း တွေ ဆောင်ကျဉ်း လာလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ် အမေ ။
ဒါပေမယ့် အမေရယ် .. အမေ မြန်မာပြည်ကြီးနဲ့ခဏတာ ခွဲခွာဝေးနေရမှာ ကို တွေးရင်း အားတော့ ငယ်မိတယ် အမေရယ် ။ အမေ ရှိနေလို့ မြန်မာပြည် သားတွေ ခွန်အား ရှိနေခဲ့တာပါ အမေ ရယ် ။ တစ်သက်လုံး အမေ့ကို အားကိုး အတူနေလာခဲ့ပြီး တစ်ခါမှ မ မခွဲဘူးတာ ကိုး အမေရဲ့ ။ အမေ မရှိလို့ မဖြစ်ပါဘူး အမေရယ် ။ ။
Post a Comment