နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည်

မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး
ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။

လာမယ့် ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ပေးဖို့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာပြည် နောက်ပြန် မလှည့်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုရင် ယာယီ ဆိုင်းငံ့ထားတဲ့ အီးယူ ပိတ်ဆို့မှုတွေ အားလုံးဟာ လုံးဝ ပွင့်သွားနိုင်ပါတယ်လို့ ၀ါဆောမြို့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အီးယူက ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ သစ်လုပ်ငန်း၊ သစ်အချောထည် လုပ်ငန်းနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်ကြတဲ့ ကုမ္ပဏီ (၈၀၀) ကျော်နဲ့ ကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ( ၅၂) ခုမှာ ရင်းနှီးမြှုပ်နှံခွင့်၊ စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ ပုဂ္ဂိုလ် စုစုပေါင်း (၄၉၁) ယောက်အပေါ် ဥရောပ၀င်ခွင့် ဗီဇာပိတ်ပင်ထားတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ယာယီ ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ပစ္စည်း
ရောင်းချမှု မပါဝင်ပါဘူး။ မြန်မာအပေါ် ပိတ်ဆို့မှု (၁၂) လတိတိ ယာယီ ဆိုင်းငံ့ထားစဉ်အတွင်း အခြေအနေ တိုးတက်မှုရှိမရှိကို အီးယူက အနီးကပ် အသေအချာ စောင့်ကြည့်နေမှာဖြစ်ပြီး အောက်တိုဘာလမှာ ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အီးယူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒါအပြင် သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေတယ်ဆိုရင် (၁၂) လ မတိုင်ခင်အတွင်း အီးယူအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားနိုင် တယ်လို့ ဆိုပါတယ်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးကလည်း ပိုလန်နိုင်ငံဟာလည်း စစ်အစိုးရ လက်အောက် ကျရောက်ခဲ့ရဖူးပါတယ်။ အသွင်ကူးပြောင်းရေး
ဆောင်ရွက်လိုက်လို့ ပိုလန်ဟာ နောင်တမရတဲ့အပြင် စံနမူနာ ယူစရာတောင် ဖြစ်လာခဲ့ပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်များ အတွက်လည်း နမူနာယူစရာပါလို့ ပြောဆိုပါတယ်။
RFA
နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည် Reviewed by သစ်ထူးလွင် on 09:55 Rating: 5

8 comments:

လင်းသစ် said...

ဦသိန်းစိန် ခင်ဗျား...
ကိုယ့်နိုင်ငံသားအချင်းချင်း ကိုယ်နဲ့အယူအဆမတူလို့ ထောင်ထဲထည့်ထားတာ
သူတပါးနိုင်ငံက ချော့ပြီးအခွင့်အရေးပေးမှလွှတ်ဖို့ အရေးတယူလုပ်မယ်ဆိုကတည်းက
သမ္မတကြီးရယ်...
ရင်မချိဘူး....

ဇာမဏီ said...

ကျန်းကျိမ်ဆိုရမဲ့ စာသားလေးလည်း ပြင်ပေးမှ ရုပ်သိမ်းမယ်ဆို
ရင် ပိုကောင်းမယ်ဗျ။

shingyi said...

ဒို့မြန်မာတွေလုပ်ပြလိုက်စမ်းပါ။International model ဖြစ်သွားမယ်။

Anonymous said...

စီးပွားရေးပိတ်ဆို့မှု့ခံရတဲ့အဓိကအကြောင်းအရင်ကလူ့အခွင့်အရေးမရှိလို့ဖိနှိပ်ချုပ်ချယ်မှု့တွေရှိလို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုနှစ်ရှည်ထောင်ဒါဏ်တွေချပြိးမတရားဥပဒေတွေကိုအသုံးချလို့နိုင်ငံရေးနဲ့ဆက်စပ်သူအားလုံးကိုစီးပွားရေးလူမှု့ရေးအဖက်ဖက်ကနှိမ့်ကျသွားအောင်ဆောင်ရွက်မှု့တွေကြောင့်ဆိုရင်တော့စီးပွားရေးပိတ်ဆို့မှု့ကိုပြန်ရုပ်သိမ်းဖို့ဆိုတာစေားလွန်းနေပါသေးတယ်နောက်ပြိးစီးပွားရေးဟာလည်းလူတစ်စုနဲ့နီးစပ်သးတွေရဲ့လက်ထဲးမှာပဲးကျွန်တော်တို့နိုင်ငံသားများဟာအစစအရာရာစီးပွားရေးလက်ဝါးကြိးအုပ်ခံထားရတုန်းပါ။

tkm said...

ကဲနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမလား...
ဆက်ပြီးထိန်းထားမလား....
အဲဒီနှစ်ခုထဲကဘာဟာရွေးမလည်းစဉ်းစားကြနော်
စစ်မှန်တဲ့ဒီမိုကရေစီစိုရင်...လွှတ်ပေးလိုက်ပါ
သူတို့ကိုဖမ်းထားလို့ဘာမှအကြိုမရှိဘူး..
မြန်မာနိုင်ငံကြီးတကယ်ပဲတိုးတက်ချင်ပြီလား
အဓိကနဲ့သာမညခွဲခြားကြနော်

a said...

ကျန်နေသေးတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးဟာပြန်ပေးလက်ထဲရောက်နေသလိုပါပဲ၊နိုင်ငံတကာကရွေးဖို့ကြိုးစားနေရတယ်။

honey said...

ပြစ်မှုမဟုတ်သူတွေကိုထောင်ထဲထည့်ထားတာ
ဝဋ်လည်မယ်နော်...
ပြစ်မှုကိုတော့လွတ်ငြိမ်းချမ်းသာခွင့်တဲ့
မြန်မြန်လွတ်ပေးပါ။
မိသားစုရဲ့မျက်ရည်စက်တွေကူးလိမ့်မယ်

ကိုသစ်ရဲ့ ပရိတ်သတ် said...

"a" ပြောတဲ့အတိုင်းပါပဲ။ တရားဝင် လက်နက်ကိုင် ဓါးပြတိုက်ပြီး ပြန်ပေးလက်ထဲရောက်နေသလိုပါပဲ။ အာလုံးက နိုင်ငံသားအချင်းချင်းပါ။
အားလုံးရဲ့ အသံကို နားစွန့်ကြည့်ပါ။
ရမ်းရမ်းပြီး ကိုယ်လုပ်ချင်တာတွေ လုပ်တတ်တဲ့ သန်းရွှေလို ၁ကမ္ဘာလုံးနဲ့ ၁ယောက် မလုပ်ပါနဲ့။
နိုင်ငံကို ကာကွယ်တတ်ယုံနဲ့(စစ်တိုက်တတ်ယုံနဲ့) နိုင်ငံခေါင်းဆောင်မဖြစ်ထိုက်ဘူးဆိုတာ လွန်ခဲ့တဲ့ နှစ် ၄၀ ကတည်းက အဖက်ဖက်က နိမ့်ကျပြီး၊ နိုင်ငံတကာမှာ အကြွေးပတ်လည် ၀ိုင်းနေတာက သက်သေပါပဲ။
တိုတိုပဲပြောချင်တယ်။ နိုင်ငံကောင်းဖို့ ခေါင်းဆောင်"ခေါင်း" ကောင်းဖို့လိုတယ်။ လူမျိုးချစ်တတ်ဖို့လိုတယ်။ အမှန်တရား ဘက်က အမြဲ ရှိတတ်ဖို့လိုတယ်။

Powered by Blogger.