မြိတ်မြို့မှ စ-ရ-ဖ တပ်ကြပ်ကြီး ဇော်လွင်ဦး၏ မတရားလုပ်ဆောင်မှုများ

ဧပြီလ ၇ ရက်နေ့ ၂၀၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးတံတား
တွင် FOB - Import & Export Check Point ရှိပါသည်။
ယခင်စစ်အစိုးရလက်ထက်က Check Point သို့ စစ်ဘက်ရေးရာလုံခြုံရေး စ-ရ-ဖ မှ
လာရောက်သတင်းယူခြင်းများ ပြုလုပ်ပါသည်။

ယခု သမ္မတကြီး ဦးသိန်းစိန်၏ ဒီမိုကရေစီ အစိုးရလက်ထက်တွင် အခြားသော
ပို့ဆောင်ရေးကဏ္ဍများတွင် စ-ရ-ဖအနေဖြင့် ကိစ္စကြီးငယ်မရှိဘဲ
သတင်းယူခြင်းများ မပြုလုပ်တော့သော်လည်း ၄င်း ငါးလေလံဈေး Check Point
သို့ စ-ရ-ဖ တပ်ကြပ်ကြီးအဆင့်ရှိ ဇော်လွင်ဦး ဆိုသူမှ
ယခင်အတိုင်း သတင်းယူခြင်းများ ဆက်လက်ပြုလုပ်နေသည့်အပြင်
သြဇာအာဏာအသုံးပြုကာ ငွေတောင်းခံခြင်း၊ ပစ္စည်းတောင်းခြင်း ကိစ္စများကို
ငါးလုပ်ငန်းရှင်များနှင့် အခြားသော ကုန်လှေပိုင်ရှင်၊
ပြင်ပစီးပွားရေးသမားများပါမကျန် နည်းမျိုးစုံဖြင့်
မတရားတောင်းယူလျက်ရှိပါသည်။

တပ်မတော်မှ သာမန်တပ်ကြပ်ကြီးအဆင့်ရှိသူ ဇော်လွင်ဦးမှ
မတရားတောင်းယူထားသောငွေများဖြင့

် ကိုယ်ပိုင်အိမ်တစ်လုံးဆောက်လုပ်ကာ
၎င်းအိမ်အား စီးပွားရေးလုပ်ငန်းရှင် ကုန်သည် ဦးဘိုကြီးအား ကျပ်သိန်း၃၀၀
နှင့် ရောင်းချထားပါသည်။

ထိုကဲ့သို့ စီးပွားကုန်သည် လုပ်ကိုင်စားသောက်နေကြသော ပြည်သူများအား
အနိုင်ကျင့်/ငွေတောင်းခံခြင်းမျ
ားပြုလုပ်နေတာဟာ
စ-ရ-ဖ တပ်မှ တပ်ရင်းမှူး မသိလို့လား။ ပြည်သူတွေလဲ အနိုင်ကျင့်တာ
မခံနိုင်တော့ပါ။ သိရှိလျှင် ၄င်းကိစ္စများ မှန်မမှန်ဆန်းစစ်ပြီး
မဖြစ်သင့်တာမဖြစ်ခင် တာဝန်ရှိသလို စစ်ဆေးတားမြစ်ပေးစေချင်ပါသည်။

တာဝန်သိပြည်သူများ
မြိတ်မြို့မှ စ-ရ-ဖ တပ်ကြပ်ကြီး ဇော်လွင်ဦး၏ မတရားလုပ်ဆောင်မှုများ မြိတ်မြို့မှ စ-ရ-ဖ တပ်ကြပ်ကြီး ဇော်လွင်ဦး၏ မတရားလုပ်ဆောင်မှုများ Reviewed by သစ်ထူးလွင် on 02:59 Rating: 5

8 comments:

soe maung said...

ငါတို့နိုင်ငံမှာ သူတောင်းစားတွေများလှချည်လားကွယ်...

ေ၇ာသမမွှေ said...

တိုက်ကြက်ကြီး ဇော်လွင်ဦးေ၇ေ၇ှ့ကလူတွေတောင်းသွားတာကိုလိုက် မတုနဲ့ ပြောင်းလဲမှု့းတွေ အ၇င်လိုမဟုတ်တော့ဘူး မင်းဘဲဒုက္ခေ၇ာက်လိမ့်မယ်

lwannaymie said...

ဇော်လွင်ဦး...စွတ်မလာနဲ့တော့...လက်ရှိခေတ်ကိုမျက်စိဖွင့်ပြီးကြည့်...မင်းလက်ထိပ်စားမိဖို့နီးနေပြီ...နောင်တ...ကမင်းကိုမကယ်ဘူး။
သမ္မတကြီးကနိုင်ငံကောင်းအောင်ကြိုးစားနေတလောက်...မင်းလိုစုံးပြူးတွေကြောင့်...နိုင်ငံဆင်းရဲတာဘဲ။

Aung Soe Oo said...

အဲဒီလိုကောင်မျိုးကိုသေဒဏ်ပေးသင့်ကြောင်းပါသမ္မတကြီးခင်ဗျား

Philip Kotler said...

မှန်ပါတယ်ခင်ဗျား

Anonymous said...

အပေါ်ကပြောတဲ့ တိုက်ကြက်ကြီး ဇော်လွင်ဦး လိုပါပဲ.. ရန်ကုန်လေဆိပ် မှာ လည်း အစိုးရပြောင်းလဲချိန်က စပြီး လုံခြုံရေးအလုပ်ကို ဌာနရဲ့  ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့  အညီ ရဲတပ်ဖွဲ့  ကို လွှဲပြောင်းပေးဖိုကို စ.ရ.ဖ ဆိုတဲ့ ကောင်တွေက သူတို့  စီးပွားပျက်မှာ.. ထမင်းငတ်မှာ စိုးတာနဲ့  အခုချိန်ထိ မျက်နှာပြောင်တိုက်ပြီး ထွက်မပေးကြဘူး.. လေဆိပ်ထဲမှာ ဒီကောင်တွေရဲ့  အလုပ်က ဘာတစ်ခုမှ မည်မည်ရရ မရှိပဲနဲ့  ကုန်သည်တွေ နဲ့  ပေါင်းပြီး အထုပ်ပို့ မယ်.. လေယာဉ်လုံခြုံရေးလိုက်တဲ့ ကောင်တွေ မတရားသယ်လာတဲ့ အထုပ်တွေထဲက ဝေစုခွဲမယ်..တရားမ၀င် တားမြစ် တာတွေကို ဂွင်ဖန်တီးပြီး သယ်ပေး/ပို့ ပေးမယ်.. ဒါတွေကြောင့်လဲ လေဆိပ်က ထွက်ပေးရမယ်ဆိုတာ သိသိနဲ့  အပေါ်ကအမိန့်  မရှိလို့ ဆိုပြီး မရမက ကပ်တွယ်နေတယ်.. တကယ်တန်း ဥပဒေကို မလိုက်နာတာ အဲဒီ ကောင်တွေပဲ....

အလင်းကြိုက် said...

္လဟုတ်လို့လား==ဒီလိုလူတွေလည်းရှိနေသေးသလား၊

အလင်းကြိုက် said...

တပ်မှူးဘဲကွာ-ဇော်လွင်ဦးလုပ်ဆောင်ချက်အားလုံးကိုမသိဘဲနေမလား၊သိပ်သိတာပေါ့-တပ်မှူးကိုယ်တိုင်ကိုက ကုမ္ဗဏီတွေဆီကနေပြီး၎လပါတ်တစ်ကြိမ် ကျပ် ၃၀၀၀၀၀ စီအမြဲအလှူခံတောင်းနေတာဘဲဟာကို။ တပ်မှူးနာမည်ကဗိုလ်မှူးဌေးလွင်ဦးတဲ့..ကုမ္ဗဏီတွေက ၅၀ရှိရင်သူ့ဝင်ငွေ ကိုခန့်မှန်း ကြည့်.. တစ်နှစ်ဆိုတော့ သိန်းခြောက်ရာလောက်တော့ရမှာပေါ့-ဒါတောင်ဒီကိစ္စတစ်ခုထည်းရှိသေးတာ...အာဏာရှိတုန်းအာဏာကိုအသုံးပြုမတရားငွေစုနေတာ ဘာလုပ်ဖို့ဘာလိမ့်။
အသိအမိုက်မှောင်ထဲမှာနေလို့ ဥာဏ်အလင်းမရ ဒုက္ခတွေ့မှနောက်ကျနောင်တနဲ့
မတရားလုပ်ခဲ့တဲ့အမှားတွေ အတွက်ပေးဆပ်ရမှာကို တန်တယ်လို့ထင်နေကြတဲ့သူတွေပေါ့..

Powered by Blogger.