အိမ်ရှင်က မီးပူနဲ့အထိုးခံရပြီး ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ ပဲခူးမြို့က
အိမ်အကူ မိန်းကလေးငယ်အမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လာရောက် စစ်ဆေးသလို
အမှုကို သတင်းမထုတ်ဖော်ဖို့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကို
တားဆီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပဲခူးမြို့ ဥဿာမြို့သစ်၊ အမှတ်(၇) ရပ်ကွက်၊ ဗိုလ်တေဇလမ်းမှာ နေထိုင်တဲ့ ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီး ဒေါ်ဖြူဝင်းသက်က မိမိအိမ်မှာ လာရောက်ပြီး အိမ်အကူအလုပ် လာရောက် လုပ်ကိုင်နေတဲ့ ကျောက်ကြီးမြို့နယ် သိန်းတန်းရပ်ကွက်က အသက် (၁၅) နှစ်အရွယ် မအေးယုအောင်ကို မတ်လ (၂၅) ရက်နေ့က မီးပူနဲ့ထိုးကပ်တဲ့ အတွက် လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ လိုက်ပါကူညီသူ (၃) ဦးဖြစ်တဲ့ ဦးကြည်လင်း၊ ပန်းရောင်းတဲ့ မမာမာအေးနဲ့ စားသောက်ကုန် ရောင်းချတဲ့ ကိုနေစိုးအောင်တို့ (၃) ဦးကို ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီလောက်က တိုင်းအဆင့်ရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးတို့က ယဉ်ယဉ်ကျေးကျေး လာရောက်မေးမြန်းတာပါလို့ ဦးကြည်လင်းက ပြောပါတယ်။
“လူကုန်ကူးမှု အထူးနှိမ်နင်းရေးအဖွဲ့က လာမေးတာပါ။ ကျွန်တော်တို့ အဲဒီနေ့က ဖြစ်တဲ့ အဖြစ်အပျက်လေးပါ။ ကျွန်တော် ဘယ်လို နေရာကနေပြီးတော့ မြင်ခဲ့တွေ့ခဲ့ ဆောင်ရွက်ပေးခဲ့တယ် ဆိုတဲ့အကြောင်းလေးပေါ့ခင်ဗျာ။ သူတို့ကလည်း သူတို့အဖွဲ့ အထက်အရာရှိလူကြီးက မေးခိုင်းလို့ပါတဲ့။ ဒီဥစ္စာလေးရဲ့ ဖြစ်ပျက်အကြောင်းအရာလေး၊ ပြည့်ပြည့်စုံစုံ သိချင်လို့ပါ ဆိုပြီးတော့ မေးသွားတာခင်ဗျ။ ဘာလုပ်မယ်ဆိုတာ သူတို့လည်း သေချာ မသိသေးဘူး။” မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူတိုက်တာကြာလို့လို့ ပြောဆိုပြီး သူမကို ကပ်ခဲ့တာပါလို့ သူတို့ရဲ့ မှတ်တမ်းတင် ဗီဒီယိုအခွေမှာ မအေးယုအောင် က ငိုယို ပြောဆိုခဲ့ပါတယ်။
ဒီလိုဖြစ်ပွားပြီး (၅) ရက်ခန့်အကြာမှ ဈေးဝယ် ထွက်ရာကနေ ပတ်ဝန်းကျင်က လူတွေက သတိထားမိပြီး မေးမြန်းတော့မှ သူက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသိသိခြင်းပဲ ဦးကြည်လင်းတို့အဖွဲ့က ရဲစခန်းကိုသွားရောက်ပြီး အမှုဖွင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ တရားသူကြီး ဦးအောင်ဖုန်းဝင်းက ရဲစခန်းလိုက်လာတာနဲ့ မအေးယုအောင် ကို မနစ်နာရအောင် ဆောင်ရွက်ပေးဖို့ ပြောပြီး ပြန်ထည့်ပေးခဲ့တယ်လို့လည်း ဦးကြည်လင်း ကပြောပါတယ်။ ဒီလိုဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်လို့ ဧပြီလ (၂) ရက်နေ့ကလည်း မြို့နယ် တရားသူကြီး (၅) ဦးခန့်က ဦးအောင်ဖုန်းဝင်းရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် လမ်းပြကြယ် ဦးအေးမြင့်ကိုလည်း ဒီသတင်းဖြန့်ဝေမှု မပြုလုပ်ဖို့ လာရောက်ပြောကြားခဲ့တယ်လို့ ဦးအေးမြင့်က ပြောပါတယ်။
“ဦးအောင်ဖုန်းဝင်း ဆောင်ရွက်တာ မဟုတ်ပေမယ့် သူတို့မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ တိုင်းတရားရုံး တပြည်လုံးမှာရှိတဲ့ တရားသူကြီးတွေကအစ ဂုဏ်သိက္ခာကတော့ ဒါကြီးကကျတဲ့အလုပ်ဖြစ်နေတယ်၊ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနဲ့ တရားသူကြီးနဲ့ဆိုင်တဲ့ နောက်ကဇနီးသည်ရဲ့ မှားယွင်းချက်ကြောင့် တရားသူကြီးကို ဂုဏ်သိက္ခာလည်းထိခိုက်မယ်၊ အလုပ်လည်းထိခိုက်မယ် ဖြစ်တဲ့အကြောင်း ကျနော်တို့ကို ပြောပြပါတယ်။” အခုနောက်ပိုင်းမှာတော့ အဆိုပါ အနှိပ်စက်ခံခဲ့ရသူ မအေးယုအောင်ဟာ ပဲခူးမြို့ကနေ ပျောက်ဆုံးနေသလို၊ ဦးအောင်ဖုန်းဝင်းနဲ့ ဇနီးသည် ဒေါ်ဖြူဝင်းသက်တို့လည်း အိမ်ကိုပိတ်ပြီး ဘယ်ရောက်နေမှန်း မသိဘူးလို့ ဦးကြည်လင်းက ပြောပါတယ်။
RFA

ပဲခူးက အိမ်ဖော်မိန်းကလေးအမှု အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေ
Reviewed by သစ်ထူးလွင်
on
23:45
Rating:
22 comments:
ဂုဏ်သိက္ခာ ကျရအောင် ဂုဏ်သိက္ခာ ရှိလို့လား..?
၅ရက်တောင်ကြာပီးတဲ့ထိ တရားသူကြီးက မသိဘူးလား..ဖုံးဖိထားတယ်..ဆေးတောင်ကုပေးပုံမရဘူး..ဒီလိုတရားသူကြီးမျိုးတွေ ခေတ်သစ်ကူးပြောင်းချိန်မှာမလိုတော့ဘူး။
လူတောထဲနေပီး လူမဆန်တဲ့ သားသမီးခြင်းမစာနာတဲ့ တရားသူကြီးလင်မယားကို ထိုက်သင့်တဲ့အပြစ်ဒါဏ်ပေးရမယ် အခုလို ခေတ်ပြောင်းချိန်မှာ ငွေများတရားနိုင်ဆိုတာ မရှိတော့၊ အမြန်ဆုံး အရေးယူပေးကြပါခင်ဗျား
တော်တော်တတ်လဲတတ်နိုင်တဲ့သူတွေ တပြည်လုံးက
တ၇ားသူကြီးတွေသိက္ခာကြမတဲ့လား မတ၇ားလုပ်၇ပ်ကို
အဆုံးအဖြတ်မပေးနိုင်တဲ့ တ၇ားသူကြီးတွေ၇ဲ့အဖြစ်ကသ
နားစ၇ာပဲ ဖြစ်၇ပ်မှန်ကိုသိပါ၇ဲ့နဲ့ အဆုံးအဖြတ်မပေးနိုင်တဲ့
တ၇ားသူကြီးတွေကိုတော့လေးစားပါတယ်ပြည်သူ့အတွက်
တ၇ားမျှတတဲ့ဥပဒေကိုလက်ကိုင်မထားနိုင်မှတော့ ဂုဏ်
သိက္ခာဆိုတာကိုလိုချင်နေသေးလာခင်ဗျာ
အစစ အရာရာ အားနည်းသူတွေကို
မတရား မလုပ်ကြပါနဲ့။ဒီမိန်းမ လူစိတ်မှရှိသေးရဲ့လား။
ကလေးဘဲဗျာ၊ပါးစပ်နဲ့ပြောဆိုဆုံးမပေါ့။
စိတ်ဓါတ်က ခေါက်ရိုးကျိုးနေတဲ့စိတ်တွေဆိုတော့ ဂုဏ်သိက္ခာဆိုတဲ့စကားကို သူတို့နားတောင်လည်မှာမဟုတ်ဘူး
ခလေးမလေး ကိုလိုက်ပါကူညီကြတဲ့ ဦးကြည်လင်း ၊ပန်းရောင်းတဲ့မမာမာအေး ၊ကိုနေစိုးအောင် တို့ကို လူသားချင်းစာနာထောက်ထားသူ ၊ ကူညီသူအဖြင့်လေးစားပါသည်။ လူအချင်းချင်း မေတ္တာပွားနိုင်ကြပါစေ။
မြန်မာပြည်ကတရားသူကြီးများကသူတို့ကိုထိခိုက်မှာကြောက်တယ်ဆိုရင်ဒီအမှုဘယ်ရုံးမှာစစ်ဆေးမလဲဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံမှာငါတို့လူလာဖြစ်ရတယ်
အမှန်တရားကို မြတ်နိုးသူတိုင်း ပါဝင်ဆောင်ရွက်ပေးစေချင်ပါတယ် သားသမီးချင်းကိုယ်ချင်းမစာလုပ်တဲ့ဒီအမျိုးသမီးကို ထိုက်တန်တဲ့အပြစ်ပေးသင့်ပါတယ်
မတရားသူကြီးကတော်ရယ်.. ကိုယ်ချင်းစာတတ်ပါ။
ခင်ဗျားအဲဒီလို မီးပူအကပ်ခံကြည့်ပါ။ ဘယ်လောက်ခံစားရတယ်ဆိုတာ။
(၁)တချို့က တွေးကြည့်ယုံနဲ့သိတယ်။
(၂)တချို့က ပြောပြမှသိတယ်။
(၃)တချို့က ကိုယ်တိုင်ထိမှသိတယ်။
အဲဒီတော့ ခင်ဗျားဘယ်အဆင့်အတန်းဆိုတာ ကိုယ့်ဖါသာ ကိုယ်ဆုံးဖြတ်ပါ။
လဒ်စားငွေတောင်၊ နိုင်ဖိထောင်း၊
လူမဆန်စွာ၊ စီးပွားရှာ။
တရားခုံထက်၊ စီးပွားတွက်။
တောင်းရမ်းယူစိ၊ လည်ချောင်းထိ
မရှိသူရှုံး၊ တို့တရားရုံး။
ရှင်းရှင်းလေးပါ။ ဖြူဝင်းသက်နဲ့ အောင်ဖုန်းဝင်းတို့ကို လူကုန်ကူးမှုနဲ့ တရားစွဲလိုက်ရင်ပြီးတာပဲ...ဒီလိုမတရားလုပ်လို့မှမရတာ။ ပြောတော့ဥပဒေအထက်မှာဘယ်သူမှမရှိဆိုပြီး....အခုဘာလုပ်နေကြတာလဲ..သက်ဆိုင်ရာအာဏာပိုင်တို့ရေ။
တရားသူကြီးလဲ ကိုယ့်မိန်းမ မို့ ကာကွယ်ပေးနေမယ်ဆိုရင်တော့ ပင်စင်တောင် စားရတော့မယ် မထင်ဘူး . . ဥပဒေတွေ ပြင်ပြီးရင် ပြီးခဲ့တဲ့ အမှု တွေက လွန်ခဲ့တဲ့နှစ် တော်တော် များများထိ ပြန်အစဖေါ်လို့ ရတာကို တရားသူကြီးက ကျွန်မ တို့ ထက် ပိုသိမှာပါ . .
တရားဥပဒေစိုးမိုးရေး အတွက် မတရားသူကြိး ကတော်အား
သေ ဒဏ် တရားသူကြိးကို ပူးပေါင်းကြံစည်မှု့ဖြင့် တသက်
တကျွန်း အမိန့်ချမှတ်ပေးပါ ဥိးရျွှေမန်းခင်ဗျာ။
တရားသူကြီးရဲ့အပြစ်လို့တော့မထင်ပါဘူး...
ဒါပေမယ့်ဒီလိုစက်ဆုပ်ရွံရှာဖွယ်ကောင်းပြီးအောက်တန်းကျတဲ့
မိန်းမကိုကွာရှင်းပြီးကိုယ်တိုင်အရေးယူသင့်ပါတယ်...
ဒီလိုမလူပ်ခဲ့ရင်တရားသူကြီးဘ၀တလျှောက်လုံးနောင်တတွေနဲ့
ရင်ဆိုင်နေရပါလိမ့်မယ်
တရားစီရင်ရေးမဏ္ဍိုင်ကိုပြုပြင်ရပါတော့မယ်...အာရုံစိုက်ရပါတော့မယ်..။ အခုကိစ္စဟာ...မြန်မာနိုင်ငံမှာ နှိပ်စက်ညှင်းပန်းမှုတွေရှိနေတယ်ဆိုတာကို ပြသနေပါတယ်..။ အဲဒီနှိပ်စက်ညှင်းပန်းတဲ့အမှုတွေအတွက်...လုံလောက်ပြီး ပြည်သူလူထုရဲ့ဘ၀ကို ကာကွယ်ပေးနိုင်တဲ့...ဥပဒေတွေ မရှိသေးပါဘူး...။ အခုလိုမီးပူကပ်မှု အတွက်..ငွေပေးလိုက်တာနဲ့...တဖက်ကလည်း(မရှိဆင်းရဲသားဘ၀ဖြစ်တဲ့အတွက်)ကျေနပ်သွားပါတယ်..။ အဲဒီတော့...ငွေရှိတဲ့လူတွေ... လုပ်ချင်တိုင်းလုပ်လို့ရတဲ့နိုင်ငံဖြစ်နေပါတယ်...။ ယခုလက်ရှိလောလောဆယ် တရားဥပဒေတွေကလည်း...ငွေများတရားနိုင်ဘက်ကိုကူးနေပါတယ်...။ မီဒီယာသမားများနှင့်ပြည်သူလူထုများခင်ဗျာ..ခေါင်းငုံမခံဘဲ..တရားဥပဒေ ခိုင်မာရေး နှင့် ပြည်သူ့ဘ၀လုံခြုံရေးအတွက်..လွတ်လပ်စွာစုဝေးခွင့်နဲ့ တောင်းဆိုသင့်ပါတယ်လို့တောင်တင်ပြလိုက်ပါတယ်..။
လုံးဝ လူမဆန်သော လုပ်ရပ်ဖြစ်ပါသော ကြောင့် တရားသူကြီးကတော်ကို တရားစွဲ ထောင်ချ သင့်ပါတယ်..အဲလိုမလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ တကယ်ကို တရားဥပဒေ စိုးမိုးမှု မရှိသေးဘူး၊ ငွေများ တရားနိုင်ဖြစ်နေတာသေချာနေပြီ၊
အခုမှ...ဂုဏ်တွေသိက္ခာတွေလုပ်မနေကြပါနဲ့ 
တစ်ကယ်ဂုဏ်သိက္ခာရှိရင်...တခြားတရားသူကြီးများကြားမ၀င်သင့်ပါ...ခြေမမကောင်းခြေမပေါ့.....
သမာဓိရှိတဲ့တရားသူကြီးတွေဆိုရင်...ဥပဒေကိုဥာဏ်နဲ့ ဆုံးဖြတ်ကြပါ...
ခံစားမှု (လာဘ်လာဘ၊ဆွေမျိုး၊ရာထူးဂုဏ်သိန်၊ဆင်းရဲချမ်းသာ)တို့ နဲ့ ပတ်သက်ပြီးမဆုံးဖြတ်...မပါဝင်သင့်ကြပါဘူး (စိတ်ညစ်ပါ့)
ဒီလိုအဖြစ်အပျက်တွေမကြာခဏကြားနေရပါတယ် လုပ်တဲ့သူတွေလည်းနောက်မလုပ်ရဲအောင် ခံရတဲ့သူတွေလည်းနောက် ပြောရဲဆိုရဲရှိလာအောင် ထိထိရောက်ရောက်အရေးယူသင့်ပါတယ်
ကြားရတာ စိတ်မကောင်းပါ။
ဒါဟာ ညှင်းပမ်း နှိပ်စက်မှု ပါ။
တရားဥပဒေ အထက် မှာ ဘယ်သူမှ မရှိရပါ။
ဥပဒေ ကြောင်း အရ သွားသင့်တယ်လို. မြင်ပါတယ်။
ဂုဏ်သိက္ခာ အော် ပြောတက်ကြ လိုက်တာ
ဂုဏ်သိက္ခာ အတွက် အမှန် တရား ကိုဖုံးပေး ရ မယ်
အော် လုပ် ကြ ပေါ့
တရားရစရာကောင်းတဲ့ တရားသူကြီးတွေပါလားကွယ်ရို့
Post a Comment