မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများအမည် အသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်

မင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားများ၏ အမည်များကိုအသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်မှုတစ်ခု
တောင်ငူတွင်ဖြစ်ပွားခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ထံမှ သိရသည်။

အဆိုပါ နည်းလမ်းဖြင့် တောင်ငူမြို့ "စည်ပင်ဂိုဏ်းအုပ်ကျောင်း" ဆရာတော် ဦးဥာဏိဿလင်္ကာရထံမှ ကျပ်လေးသိန်းတစ်ကြိမ်၊ ငါးသိန်းတစ်ကြိမ် လိမ်လည်ခဲ့ကြောင်းသိရသည်။

ဆရာတော်၏ တိုင်တန်းချက်ကြောင့် လိမ်လည်သူငါးဦးကို တောင်ငူရဲစခန်းတွင် ဖမ်းဆီးရမိပြီဖြစ်ပြီး၊ လိမ်လည်ရာတွင် အသုံးပြုခဲ့ကားကိုလည်း ယင်းရဲစခန်းတွင်ပင် သိမ်းဆည်းထားကြောင်းသိရသည်။ ယင်းလိမ်လည်သူတို့ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများအမည် အသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည် မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများအမည်    အသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည် Reviewed by သစ်ထူးလွင် on 17:19 Rating: 5

5 comments:

Anonymous said...

တရားသူကြီး ဘယ်လိုဆုံးဖြတ်မလဲ ကြည့်မယ်ဟေ့ ၊ ပါးရိုက်တာတော့ တစ်ထောင် ဒဏ်ရိုက်ထားပြီးပြီ၊ ၈၈ ကျောင်းသားတွေက စေတနာအရင်းခံနဲ့ ခွင့်လွှတ်သင့်တယ် ။ ဒီတစ်ခါ တရားသူကြီး မဟုတ်တာလုပ်ရင် နံပါတ်( ၄ )မန်တိုင်ပါလို့ တကျယ်ကျယ်အော်နေတဲ့သူတွေက ၊ မဟုတ်ရင် မဟုတ်ဘူး တရားဝင် ထုတ်ပြန်သင့်တယ် ရှုတ်ချသင့်တယ်...ကြည့်မယ်ဟေ့ ကြည့်မယ်

win said...

ကိုမင်းကိုနိုင် အဲလိုအစားထဲကမဟုတ်ဘူး
အဖြေမှန်ပေါ်ပါစေ

thureinphoto said...

သတင်းကလည်း မတိကျဘူး...ဘယ်လို ကနေ ဘာကြောင့် လိမ်တယ်ဆိုတာလည်း မပါဘူး...ဘာမှ မသိရသေးဘူးဆိုရင်လည်း ဒီလောက် သတင်းရသေးကြောင်း...နောက် ဆက်လက်ဖော်ပြမယ်ဆိုတဲ့အကြောင်း ရေးသင့်တာပေါ့..

thuha said...

ဒီဟာက ပေါ်လစီတစ်ခုဖြစ်နိုင်ပါသည်။တစ်ပါးသူတစ်ယောက်ကပြည်သူနှင့်NLDအဖွဲ့ချုပ်ကြားကခိုင်မာသောယုံကြည်မှုကြီးကိုကြားထိုးဝင်ကာကမှောက်ကမှလုပ်တာဖြစ်ပါလေ့မည်။

shwe man thar said...

အင်း။...ကိုမင်းကိုနိင်တို.အုပ်စုကလဲဟိုသွားဒီသွားနဲ.အ၇မ်းအေ၇းမပါတာတွေလိုက်ဖြေ၇ှင်းနေ၇တာနေ၇ာမကျသေးပါဘူး။

အခုဟာကဘာလုပ်နေကျလဲသိပ်နားမလည်ဘူး။လူမှုကူညီေ၇းလား။ပါတီနိုင်ငံေ၇းလုပ်ဖို.ကောအစီအစင်၇ှိလား။အမေစုကိုနဲနဲကူလုပ်၇င်ကောင်းမှာဘဲ။
ဟိုမှာတယောက်ထဲနဲ.အားလုံးကို၇င်ဆိုင်ဖြေ၇ှင်းနေ၇တယ်။တကယ်ဆိုNLD
နဲ.သိသိသာသာပူးတွဲေ၇ှ.ထွက်ပြကြပေါ.ဗျာ။

တကယ်ဆိုသူတို.လက်၇ှိအနေအထားကအခုလုပ်နေတာတွေထက်
အများကြီးမြင်.မြင်.မားမားလုပ်နိုင်ပါတယ်။

Powered by Blogger.