ပြည်ပရောက်မြန်မာများ နေရာပြန်ချထားရေး ကွင်းဆင်းလေ့လာ
နော်နိုရင်း DVB ၁၈ ဧပြီ ၂၀၁၂
အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို
ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြ၀တီမြို့နယ်
တာဝန်ရှိသူတွေဟာ ကွင်းဆင်းလေ့လာမှုတွေ ဒီနေ့မနက်က ပြုလုပ်နေတယ်လို့
သိရပါတယ်။
မြ၀တီခရိုင်
အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နဲ့ အစိုးရဌာနပေါင်း ၁၄ ခုက တာဝန်ရှိသူတွေဟာ
မြ၀တီမြို့နယ်အတွင်းမှာရှိတဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့
ထိန်းချုပ်ဒေသဖြစ်တဲ့ ဝေါ်လေနဲ့ ချူးကလိ ဒေသဘက်မှာ ကွင်းဆင်းလေ့လာတာ
ဖြစ်ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက်အရ ခုလို
ကွင်းဆင်း လေ့တာတာဖြစ်ပြီး ဒီမနက်ပိုင်းမှာ ကေကေအို အခြေစိုက်
ဆုံစည်းမြိုင်မှာ သွားရောက်ပြီး ကေကေအို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြ၀တီခရိုင် တာဝန်ရှိသူတွေ လာရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး
ကေကေအိုအတွင်းရေးမှူး စောဂုဏ်အောင်က အခုလို ရှင်းပြပါတယ်။
“သူတို့ပြောတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းက လူတွေကို
ပြန်ပြီးတော့ လက်ခံဖို့အတွက်ဆိုတဲ့ အစီအစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ အဲဒါကို
သူတို့က ဝေါလေနဲ့ ချူးကလိဘက်မှာ ပြန်ပြီး နေရာချထားပေးပေမယ့်ဟာကို
ကျနော်တို့ဆီလာပြီး ဘယ်နေရာချထားပေးရင် အဆင်ပြေမလဲဆိုတာကို ဆွေးနွေးတာပေါ့။
ကျနော်တို့ကတော့ ဒီဥစ္စာက ကျနော်တို့ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူးဆိုတဲ့
အကြောင်းနဲ့ ကေအန်ယူတို့၊ ကေအာရ်စီတို့၊ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့
အန်ဂျီအို အဖွဲ့အစည်းတွေရယ်၊ ထိုင်းအာဏာပိုင်တွေ၊ ယူအန်အိပ်ခ်ျစီအာက
အရာရှိတွေ အစရှိသူတွေ အားလုံးနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးပြီးမှ ဒါက
လုပ်လို့ရမယ့် ကိစ္စ ဖြစ်တယ်။ အဓိကတော့ ဒုက္ခသည်တွေက သူတို့ကိုယ်တိုင်
လိုလိုလားလားနဲ့ စိတ်အပူအပင်ကင်းစွာ ပြန်နိုင်ဖို့ အရေးကြီးဆုံး
ဖြစ်တယ်လို့ ကျနော်တို့က ရှင်းပြလိုက်ပါတယ်။”
တွေ့ဆုံဆွေးနွေးအပြီး ညနေပိုင်းမှာတော့ ဦးမြင့်တင်နဲ့အဖွဲ့ဟာ ဝေါ်လေကို
သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ညအိပ်ပြီး မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး
ဖွံ့ဖြိုးရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် သွားရောက်မှာဖြစ်တယ်လို့
စောဂုဏ်အောင်က ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံကို
ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ဖို့
ဘယ်အဖွဲ့အစည်းကမှ တိုက်တွန်းတာ မရှိသလို ပြန်ဖို့လည်း အစီအစဉ်
မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့
အနေအထားရှိတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။
“နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ တစုံတရာထိ ငြိမ်းချမ်းမှုတွေ
ရယူနိုင်မယ်ဆိုရင်တော့ ပြန်ဖို့ အနေအထားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒုက္ခသည်
ပြန်ဖို့ စတင် ဆွေးနွေးနိုင်မယ့် အခြေအနေတွေ၊ နေရပ်ကို ပြန်ပို့နိုင်ဖို့
အစီအစဉ်တွေ ဆွဲနိုင်ဖို့ အခြေအနေကတော့ မြန်မာနိုင်ငံမှာ တကယ့် စစ်မှန်တဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင်မယ့် အချိန်၊ ရရှိနိုင်မယ့် လမ်းစတွေ
မြင်လာမယ်။ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာမယ့် အချိန်လောက်မှပဲ
ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေ စတင်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုင်း-မြန်မာနယ်စပ်နေ ဒုက္ခသည်တွေကို ပူးပေါင်းကူညီပေးနေတဲ့
(တီဘီဘီစီ)အဖွဲ့ရဲ့ စာရင်းအရ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံက
ဒုက္ခသည် ၁သိန်းခွဲခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြည်ပရောက်မြန်မာများ နေရာပြန်ချထားရေး ကွင်းဆင်းလေ့လာ
Reviewed by သစ်ထူးလွင်
on
17:17
Rating: 5
8 comments:
နိုင်ငံတကာအမြင်ကောင်းအောင်ဇွတ်လုပ်ပြန်ပြီ၊ကြားကဖြတ်စား၊ရိုက်စားဖို့အတွက်အစိုးရဌာန၁၄ခုကသူတွေရင်ခုန်နေကြမှာပေါ့။တကယ်လိုတဲ့လူတွေလက်ထဲတ၀က်လောက်ရောက်ရင်တောင်(အထူး)ကျေးဇူးတင်ပါတယ်။
မပြောချင်ပဲ ပြောရပြန်ပြီး....
တစ်ချို့က ဒုက္ခသည်နာမည်နဲ့ကို နေချင်ကြတယ်ဆိုတာ.. အပေါ်က စာတွေ ဖတ်လိုက်ရင် သိသာပါတယ်.. ဟဲ..ဟဲ..
ဒုက္ခသည်ဆိုတဲ့ နေရာမှာ တကယ်ဒုက္ခရောက်နေတဲ့သူတွေရှိသလို ဒုက္ခသည်ကို ဘန်းပြပြီး လုပ်စားနေကြတဲ့သူတွေရှိတယ်ဆိုတာ.. အဲဒီကနေ ပြန်လာတဲ့ ကျွန်တော့်သူငယ်ချင်းကိုယ်တိုင်ပြောပြလို့ သိရပြီးပါပြီး.. ဒုက္ခသည်ကြီးများရေ... မှတ်ချက်။ တကယ်ဒုက္ခသည်များကိုမဆိုလိုပါဘူးဗျာနော်.. တကယ်ဒုက္ခရောက်နေတဲ့ သူတွေကိုတော့ သနားပါတယ်.. ဥပမာ အခုဆိုရင် ကချင်ဒေသမှာလိုမျိုးပေါ့ ဘယ်လောက်ဒုက္ခရောက်ကြမှာလဲ တွေးရင်း စိတ်မကောင်းဖြစ်မိပါတယ်.. ကိုယ့်တိုင်းရင်းသားတွေပဲလေ.. စစ်ကို မက်မောခုံမင်ကြတဲ့..စစ်ဖြစ်မှ ဗိုလ်ကျလို့ရမယ်ဆိုတဲ့ လက်တစ်ဆုပ်စာ စစ်ဘီလူးတွေကြောင့် ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ ဒုက္ခရောက်နေကြပါပြီး.. အမြန်ငြိမ်းချမ်းစေချင်ပါတယ်.. ဒုက္ခဆိုတာ ကိုယ်တိုင်လည်း မခံစားချင်ပါဘူး.. ဘယ်သူ့ကိုမှလည်း မခံစားစေချင်ပါဘူး... ဒါပေမယ့် ဒုက္ခသည်အမည်နဲ့ ကြီးပွါးနေကြတဲ့ နိုင်ငံတွေနဲ့ လူတွေက ရှိနေကြတာတော့ အမှန်ပါပဲ.
တိှု့ဗမာ တွေဘေးဘရာအပေါင်းက အမြန်ကင်းဝေးကြပါစေ.....
သူများတွေလို ဘ၀မှာလှပတင့်တယ်နေနိုင်ကြပါစေ.....
ဒုက္ခသည်တွေကို တဖက်လှည့်နဲ့ မြန်မာပြည်ပိုင်နက်ထဲပြန်ခေါ်ပြီး စစ်အစို့းရကအစုလိုက်အပြုံလိုက်သတ်လိုက်တယ်ဆိုတဲ့ သတင်းမျိုးတော့ မကြားချင်တော့ဘူှးဗျာ။ ခေါင်းဆောင်တွေစဉ်းစားကြပါ။ အစဉ်အလာတွေကို ပြန်လေ့လာသုံးသပ်ကြပါ။
ဘယ်သူကမှ ကိုယ့်ဒေသကို ခွာပြီး ဒုက္ခသည်ဖြစ်ချင်ကြတာမဟုတ်ပါဘူး ဗျာ ... ကိုယ်ကိုယ်တိုင်လည်းခံစားစေချင်တယ်ဗျာ .. မြန်မာပြည်သားလောက် ကိုယ့်ဒေသကို စွဲတာ မရှိပါဘူးဗျာ .. အားလုံး ကိုယ့်ဒေသမှာ အမြန်ခြေချနိုင်ပါစေ
ဒုက္ခသည် အစစ်တွေအတွက်တော့ အစစ အဆင်ပြေအောင်လုပ်ပေးစေချင်ပါတယ်။ အမည်ခံ ဒုက္ခသည်တွေကတော့ ပြန်လာချင်မယ်မထင်ဘူး။ စကတည်းက အကျိုးလိုလို့ ဒုက္ခသည်နာမည်ခံလိုက်တာကိုး ... သူတို့က ပြန်လာဖို့ အစီအစဉ်ရှိရင်တောင် ကဖျက် ယဖျက်လုပ်ချင် လုပ်ဦးမှာ ....
ဟုတ်ကဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ(လူမျိုးစုံအဖွဲ့)ရှိရင် ဆက်သွယ်ဖို့လိပ်စာ ပေးကြပါခင်ဗျား။ကျွန်တော်ကတော့ ၁၁-၁၁-၂၀၁၁ လပိုင်းထဲမှာ အဆောင်မှာလုက်ပြီး လွတ်လပ်စွာပြောရော အကူညီတောင်းခ်ံအလွယ်တကူ ချိပ်ဆက်ဖို့ လူလိုက်စုပါတယ် ပြီးတော့ လစဉ် စလုံး ၃ ကျပ်ကောက်ခံပါတယ်။ဒါကတော့ ကျွန်တော်တို့အချင်းချင်းပြန်ကြည့်ဖို့ပါ။ မွတ်စလင်ဘာသာကတစ်ယောက် ၊ ခရစ်ယန်ဘာသာဝင်က ၅ ယောက်လောက်ပါပါတယ်။နောက်ပြီးတော့ လူမှုရေးကူညီငွေကတော့ အလှုခံဗူးလေးတွေချပေးလိုက်ပါတယ်။ပြီးခဲ့ မင်္ဂလာတောင်ညွန့်အတွက် ၂ သိန်းကျော်ကူညီနှိုင်ခဲ့ပါတယ်။ ခုလည်း ဝင်းကုန်းကျေးရွာအတွက် ဗူးလေးတွေချပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ မေးကတော့ laboursggp@gmail.com ပါ။အခု အဖွဲ့ဝင်ငွေက ၄၀၀ ရှိပါတယ်။စာအုပ်သက်တမ်းတို့ဘို့ တပတ်လောက်ငွေလိုရင် လာယူလို့ရပါတယ်။ဒါပေမဲ့ လစဉ်စုငွေထည့်ဖူးသူပေါ့။အခုလို တိုင်းရင်းသားဒေသတွေအတွက် ကျွန်တော်တို့မှာ တိုင်းရင်းသားမျိုးစုံ လိုအပ်ပါတယ်။လက်ရှိမှာတော့ ဗမာ ဗမာ တိုင်းရင်းသား တိုင်းရင်းသားက အများစုဖြစ်နေပါတယ်။ ကချင်ပြည်နယ်အတွက် လှူဖို့ အကူညီပေးဖို့ ကချင်လူမျိုးတွေရော တခြားလူမျိုးတွေ ဘာသာတွေကို ဖိတ်ခေါ်ပါတယ်။
လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ ကအရေးကြီးပါတယ် မိမိလက်ကြောင့် ပျက်သွားရင် မိမိကိုယ်တိုင်ဘဲ ပြန်လည်ပေးဆပ် လျော်ပေးရမှာပါ
Post a Comment