ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (Photo-Google Images) |
ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်
ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
"နှစ်ရှည်ချေးငွေအတွက် သဘောတူချက်ကို ဒီနှစ်အကုန် အပြီးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ယင်းက ဆိုသည်။
ကုမ္ပဏီ အနေနှင့် ယင်း၏ ရေရှည် ဘဏ္ဍာရေး အစီအစဉ်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
"ဂျပန် ၀င်လာမယ်ဆိုတော့ ၀မ်းသာနေကြတယ်။ ထိုင်းလုပ်တာထက်စာရင်တော့ သာမယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂျပန်တွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"ဟု စီမံကိန်း တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသမှ အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပါဝင်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ကို တည်ထောင်ထားသည်။
The Voice
Weekly
ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည်
Reviewed by သစ်ထူးလွင်
on
15:26
Rating:
3 comments:
ကောင်းတာပေါ့။မြေတူးတစ်စီး မြေကော်တစ်စီး မြေသယ်တစ်စီးနဲ့လုပ်ပြနေတြာ
ကြာလှပေါ့။အလုပ်သမာပါခေါ်လာတော့ဒို့ဘာလုပ်၇မလဲ။အနူလက်သီးထိုးမခံနိုင်ပါ။
အဲဒီအီတာလျံထိုင်းကုမဏီက မြန်မာနဲ့ လုပ်ပိုင်ခွင့်ရအောင်ကြိုးစား၊ ပြီးမှ ကမ္ဘာပတ်ပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေရှာနေတာ.. အဲဒီရှာဆဲ ကြားကာလမှာ ဘက်ဟိုးတစ်စီး၊ ဒမ့်ထရပ်တစ်စီးလောက်နဲ့ လုပ်ငန်းအလုပ်ပြထား..
အခုတော့ ဂျပန်ဝင်လာပြီဆိုတော့ သူတို့လည်း အသက်ရှုချောင်သွားတာပေါ့.. တိုင်းပြည်အတွက်တော့ ရှင်ကြီးကျားထက်ဆိုးတဲ့ အဖြစ်မျိုးတွေ မကြုံတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ပိုကောင်းမယ်လို့လည်း မျှော်လင့်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုမှာ အပြိုင်အဆိုင်တွေပေါ်လာမှ တိုင်းပြည်က ရသင့်တဲ့အခွင့်အရေး ရမှာပါ။ လူကြီးတွေက သူတို့ရမယ့်ကော်မရှင်မျက်နှာကိုပဲ ကြည့်ပြီး လက်သိပ်ထိုးလုပ်ခဲ့သမျှ တိုင်းပြည်မှာ အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်းတစ်သောင်းတစ်ထောင် တင်ကျန်ရစ်ခဲ့ရတယ်။ ဒီအကြွေးတွေကို ဆပ်ရမှာ နိုင်ငံတော်အစိုးရဆိုပေမယ့် တကယ်တမ်းက တိုင်းရင်းသားပြည်သူတွေ ရမယ့် အခွင့်အရေးရပိုင်ခွင့်တွေထဲက ဖဲ့ပေးလိုက်ရတာပါ။
ဂျပန်ဝင်လာမယ်ဆိုတော့ အရမ်းကောင်းပါတယ်။နည်းပညာတွေပိုခေတ်မီတယ်။ပတ်ဝန်းကျင်ကိုပိုကောင်းအောင်လုပ်နိုင်မယ်ထင်ပါတယ်။ဂျပန်နည်းပညာတွေကိုကြိုဆိုပါတယ်။
Post a Comment