အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက်
NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သော်လည်း
ကျန်မြို့လေးမြို့တွင် ကျားဖြူနှင့်
သို့ဖြစ်၍ လက်ရှိအခြေအနေရ အန်အယ်လ်ဒီပါတီမှာ ကျားဖြူပါတီထက် မဲအသာ
ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထားပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) အတွက် ရလဒ်များပေါ်ထွက်လာခြင်းမ
ရှိသေးသ ဖြင့်
မည်သူနိုင်မည်ကို အတိအကျမသိရှိရသေးပေ။
အဆိုပါမဲဆန္ဒနယ်တွင်
ဝင်ရောက်ယှဉ်ပြိုင်သူများမှာ ပြည်ခိုင်ဖြိုးမှ
ဒေါ်နန်းကိန်ဖောင်းတစ်၊
အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ
ဦးစိုင်းစံမင်း၊
ကိုးကန့်ပါတီမှ ဦးလော်ဆင်ကွမ်း၊ လားဟူပါတီမှ ဦးယောသပ်
တို့ဖြစ်ကြသည်။
ယမန်နေ့ညနေပိုင်းအထိ ပြည်ခိုင်ဖြိုးပါတီက လားရှိုး၊ သိန်းနီ၊
မိုင်းရယ်
သုံးမြို့နယ်ပေါင်းတွင်
မဲအသာရရှိနေသော်လည်း စစ်တပ်အတွင်းမှ စည်းကမ်းနှင့်
မကိုက်ညီသော ကြိုတင်မဲ
ကိုးရာကျော်ကို ခရိုင်ကော်မရှင်မှ ပယ်ချခဲ့ပြီးနောက်ပိုင်း
တွင်
ကျားဖြူနှင့် အန်အယ်လ်ဒီပါတီတို့နှစ်ခုသာ ရှေ့တန်းတက်လာခဲ့ကြသည်။
ယမန်နေ့ ည
၁၀ နာရီအထိ လားရှိုးမြို့တွင် အန်အယ်လ်ဒီမှ ကျားဖြူပါတီအား
မဲတစ်သောင်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိထားခဲ့သည်။ တဆက်တည်းပင်
ကျားဖြူပါတီသည် လားရှိုးမြို့နယ်တွင် ၁၄၃၈၆ မဲရရှိခဲ့ပြီး
သိန်းနီမြို့နယ်တွင်
၅၆၃၄ မဲရရှိထားကာ မိုင်းရယ်မြို့နယ်တွင် ၉၀၅၀
ဖြင့်အသာစီးရရှိထားသဖြင့်
သုံးမြို့နယ်စုစုပေါင်း ၂၉၀၇၀
မဲရရှိနေပြီဖြစ်သည်။
သို့သော် ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ
ရောက်ရှိလာသော စာရင်းများအရ
တန့်ယန်းတွင် ကျားဖြူပါတီက ၁၁၂၂၃
မဲရရှိသွားပြီး ကွမ်းလုံမြို့နယ်တွင် ၁၄၃၃
မဲရရှိခဲ့သဖြင့် စုစုပေါင်း
၄၁၇၂၆ မဲရရှိသွားခဲ့ပြီဖြစ်သည်။
NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သေ
ပြည်ခိုင်ဖြိုးပါတီတို့ထက်
မဲရရှိမှုနည်းပါးနေသည်။ သိန်းနီမြို့တွင် ၂၃၆၃ မဲရရှိခဲ့ပြီး
မိုင်းရယ်မြို့တွင် ၁၉၇၁ မဲသာရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်းမှာ
ယမန့်နေ့ည
၁၀ နာရီအထိ ၃၉၀၇၁ မဲရရှိနေပြီဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင်
တန့်ယန်းမြို့နယ်မှ ရရှိသည့် မဲစာရင်းများအရ အန်အယ်လ်ဒီပါတီက
၃၉၆၆
မဲသာရရှိပြီး ကွမ်းလုံမြို့နယ်တွင် ၅၁၆၃ မဲရရှိခဲ့သည်။ ထို့ကြောင့်
အန်အယ်လ်ဒီပါတီ၏ ယနေ့နောက်ဆုံး မဲရရှိစာရင်းမှာ ၄၈၂၀၀ ဖြစ်သည်။
သို့ဖြစ်၍ လက်ရှိအခြေအနေရ အန်အယ်လ်ဒီပါတီမှာ ကျားဖြူပါတီထက် မဲအသာ
ရရှိနေခဲ့သည်။ သို့သော် လားရှိုးမြို့နယ်အတွင်း ရောက်ရှိမလာသေးသော
မဲများမှာ
လားရှိုးမြို့နှင့် မိုင်သုံးဆယ်ခန့်ကွာဝေးသော ကျေးရွာ ၂၀
ခန့်ရှိနေသေးပြီး တန့်ယန်းမြို့နယ်တွင်လည်း ကျေးရွာ ၉
ခုခန့်ကျန်ရှိနေသောကြောင့် ယင်းကျေးရွာများမှ
ရောက်ရှိလာမည့်
မဲစာရင်းများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီမှာလည်း
ကျားဖြူ၊ အန်အယ်လ်ဒီတို့နှင့် မဲရရှိမှု ကွာဟချက်ကြီးမား
စွာမရှိသည့်အတွက်
ယင်းပါတီ၏ အေုခအနေကိုလည်း ခန့်မှန်းမရဘဲဖြစ်နေသည်။
အဆိုပါကျေးရွာများမှ
မဲစာရင်းများကိုထပ်ပေါင်း၍ ကျားဖြူမှ ဦးစိုင်းစံမင်းနှင့်
အန်အယ်လ်ဒီမှ
ဦးစိုင်းမြင့်မောင်၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ဒေါ်နန်းကိန်ဖောင်းတစ်တို့
မည်သူအနိုင်ရရှိမည်ကို ယနေ့ညနေ ၅ နာရီကျော်တွင်
အကြမ်းဖျင်းခန့်မှန်းနိုင်ကောင်းလိမ့်မည်ဖြစ်သော်လည်း အတိအကျအဖြေရလဒ်ကိုမူ လေးရက်ခန့်စောင့်စား
ကြရဦးမည်ဖြ စ်သည်ဟု သိရသည်။
ယနေ့ည ၁၀နာရီခွဲတွင် လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချ ဓာတ်ပုံ- ဥက္ကာကိုကို |
7Day News Journal
ခန့်မှန်းရခက်ခက်နဲ့ အဖြေမထွက်သေးတဲ့ ရှမ်း/မြောက်ကပြိုင်ပွဲ
Reviewed by သစ်ထူးလွင်
on
15:16
Rating:
5 comments:
စည်းကမ်းနှင့်မညီသော ကြိုတင်မဲ ၉၀၀ ကျော်ကို ခရိုင်ကော်မရှင်က ပယ်ချနိုင်ခဲ့ခြင်းကို ဂုဏ်ယူ၊ကြိုဆိုအပ်ပါသည်။ ယခုလို အမှန်တရားဘက်က သတ္တိရှိရှိဆောင်ရွက်နိုင်ခြင်းကို စံပြအဖြစ် မှတ်တမ်းတင်ဖေါ်ပြပေးသင့်ပါသည်။
မြန်မာနိုင်ငံသားတိုင်း မြန်မာနိုင်ငံအကျိုးကိုေ၇ှ့တန်းတင်၇င် နတ်လူသာဓုခေါ်ကြမှာပါဗျာ။ ။
ခရိုင်ကော်မရှင်ကို ကျေးဇူး အထူး(အထူး)တင်ရှိသလို.. စနစ်တကျ ဖြစ်စေဖို့အတွက် စောင့်ကြည့်ပေးကြတဲ့ ရပ်မိရပ်ဖများ၊ ၈၈ကျောင်းသားများအဖွဲ့နဲ့ နိုင်ငံတကာ၊ ပြည်တွင်း မီဒီယာများအားလုံးကို မမေ့မလျော့ အမှန်အကန် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီမဲစာရင်းကို စောင့်ကြည့်ရတာ ရင်မောတယ်ဗျာ..
မူဆယ်က သူငယ်ချင်းတွေက ပြောတယ် ..သူတို့မဲမပေးရဘူးတဲ့လေ...နေရာတော်တော်များများက သူငယ်ချင်းတွေလဲ မဲမပေးရတဲ့သူတွေအများကြီးပဲတဲ့...အဲလိုပြောနေကြတယ်....အဲဒီကိစ္စတွေကကော ဘယ်လိုရှင်းကြမလဲမသိဘူးနော်...
စည်းကမ်းရှိရှိနိုင်ရင်..........ဘယ်သူနိုင်နိုင်ပါ ကြိုဆိုပါတယ်................
အမတ်မင်းတို့ရယ်..............................
Post a Comment