ကျပ်ငါးထောင်တန် ဖုန်းကဒ် သုံးခွင့်ရရေး နီးစပ်နေပြီ ဦးလွင်နိုင်ဦး နှင့် ဆက်သွယ်မေးမြန်းချက် (အသံဖိုင်)


ကျပ်ငါးထောင်တန်ဖုန်း သုံးရရေး ဆက်သွယ်ရေးဥပဒေကို စောင့်ဆိုင်းနေ
တယ်လီဖုန်း ဆင်းမ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့ အများပြည်သူ အသုံးပြုနိုင်ဖို့ကိစ္စဟာ တဖြည်းဖြည်းနီးကပ်လာနေပါပြီလို့ ဒီဈေးနှုန်းကို မြန်မာပြည်မှာ စတင်မိတ်ဆက်တင်ပြသူ ရွှေပြည် တံခွန် ကုမ္ပဏီက မန်းနေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောပါတယ်။ ကိုအေးနိုင်က မေးထားပါတယ်။
ဒီဗွီဘီ
ကျပ်ငါးထောင်တန် ဖုန်းကဒ် သုံးခွင့်ရရေး နီးစပ်နေပြီ ဦးလွင်နိုင်ဦး နှင့် ဆက်သွယ်မေးမြန်းချက် (အသံဖိုင်) ကျပ်ငါးထောင်တန် ဖုန်းကဒ် သုံးခွင့်ရရေး နီးစပ်နေပြီ ဦးလွင်နိုင်ဦး နှင့် ဆက်သွယ်မေးမြန်းချက် (အသံဖိုင်) Reviewed by သစ်ထူးလွင် on 17:00 Rating: 5

36 comments:

Ar Ga said...

မြန်မြန်လုပ်ပါဗျိုး ။ ၂ သိန်းတန် ဖုန်း မ၀ယ်ဘဲ စောင့်နေမယ် ။

Unknown said...

ကောင်းတယ်။ ဖုန်းဆိုတာ ဆက်သွယ်ရေး အတွက်ပဲ။ အလှ ပြဖို့ မပာုတ်

kgmalay said...

ပြည်သူအားလုံးအတွက်ကောင်းပါတယ်..အချိန်ကိုခန့် မှန်းသိရင်လျှင်ပိုအဆင်ပြေပါသည်..
ကျေးဇူးတင်လျှက်

ကိုစော said...

ဘယ်လိုဘဲဖြစ်ဖြစ် ရွှေပြည်တံခွန် ကို ကျေးဇူး တင်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ ခါးမှာ သဌေးကြီး တွေ ရဲ့ ခါးမှာ ချိတ်ချိတ် ထားတဲ့ ဟင်းဖုန်း ဆိုတာ ဗမာပြည် အတွက် Status Symbol တခု ဖြစ်နေပေမဲ့ အိမ်နီးချင်း နိုင်ငံတွေ မှာ သန့်ရှင်းရေး လုပ်သား က အစ ( မ၀ယ်ချင် လို့သာ မရှိမယ်) လူတိုင်း သုံးနေတာ ဆိုတာ အစိုးရ လုပ်စားနေကြတဲ့ ပုတ်စော်နံ နေတဲ့ ပုတ်ကိုယ်တွေ ကို ပြောပြလိုက်ကြပါဦးဗျာ။ ရွှေပြည်တံခွန်ကြောင့်သာ မဟုတ်ရင် နောက်လိုက်နောက်ပါ ခရိုနီ တသိုက် နဲ့ ဘိုချုပ် / သား သမီးတွေ ရိုတ်စားနေကြဦးမှာ ။ နိုင်ငံတော် ကို ချစ်တယ် ချစ်တယ် အော် နေကြတယ် ။ တကယ်ကတော့ ခြစ်တာပါ။ နိုင်ငံတော် ကြီးလည်း သူတို့အခြစ်ခံ ရလွန်းလို့ ပါးပြီး ပေါက်တောင် ထွက်သွားပြီ

han moe said...

၅၀၀၀ တန်ဖုန်းလည်းရမယ် အင်တာနက်ပါသုံးလို့ရမယ်ဆိုရင်တော့ အင်တာနက်ပေါ်မှာ သတင်းတွေပလူပျံနေတော့မှာပဲ ဖုန်းဝယ်ပြီးအင်တာနက်မသုံးတတ်တဲ့လူရှိရင် ကိုနဲ့နီးစပ်ရာကို သင်ပေးကြပါ အဲဒါမှ လိမ်ချင်တိုင်းလိမ်လို့မရတော့မှာ

aungaung said...

ခုတော့ အစိုးရရဲ့ ခွင့် ပြုချက်နဲ့ နှစ်သိန်းတန်ဖုန်းတွေရောင်းနေပြီ
၅၀၀၀နဲ့ သာဝယ်သုံးရရင်၁၉၅၀၀၀ကျပ်တိတိကိုပြည်သူတွေသက်သာမှာပါ
ရွှေပြည်တံခွန်ပြောသလို ခွင်ပြုချက်မ၇သေလို့  ဥပဒေမပြုရသေလို့ 
ဆို တော့  ဖုန်းတစ်လုံးကို ၁၉၅၀၀၀ဆိုတော့ တနိုင်ငံလုံးအတိုင်းတာနဲ့ 
ဖုန်းအလုံးရေ၁၀၀၀၀ဆိုပြည်သူငွေတွေ၁၉၅၀၀၀၀၀၀၀ကျပ်စုဆောင်းထားတာလေး ၊လိုအပ်လို့ ချေးငွေနဲ့ ဝယ်လိုက်ရတာမျိုး ရှိနေပါတယ် တကယ်တော့ ၁၉၅၀၀၀ဆိုတာမလိုအပ်ဘဲ ၊အစိုးရဘတ်ဂျက်ထဲရောက်မသွာပဲ။အစိုးရ၀န်ကြီးများနဲ့ အကျိုးတူသူများရဲ့ အိပ်ကပ်ထည်းရောက်ရှိသွာပါတော့ တယ် ဖုန်းအလုံးရေတစ်သန်းသာဆိုပြည်သူတွေအလဟသပေးရတဲ့  ငွေကအရမ်းများသွားပါပြီ ဒါဟာလက်အုပ်ချုပ်သူတွေရဲ့ အာနည်းချက်ပါ ပြည်သူတွေသက်သာမယ်၊အဆင်ပြေမယ်ဆို ဥပဒေဟာချက်ချင်းကိုပြင်နိုင်ရမှာပါ၊ ဆင်းရဲနွမ်းပါမှု့ ပပျောက်ရေးဆိုတာ နှုတ်ရေးကြွယ်နေလို့ မရပါဘူး ပြည်သူတွေသက်သာမယ်ဆိုတကယ့် ကိုမြန်မြန်ဆန်ဆန်နဲ့  အချိန်မှီပြင်ဆင်ရမှာပါ၊ ခုတော့ ကြားကစီးပွာေ၇းသမားတွေစားသွားပြီ ပြည်သူတွေကခံရတယ်။သက်ဆိုင်ရာဝန်ကြီးကရှယ်ယာဘယ်လောက်များရလိုက်သလည်း
ခက်တာက၀န်ကြီးတော်တော်များများကမရှက်တတ်တာခက်နေပါတယ် နိုင်ငံတကာမှာဆိုသက်ဆိုင်ရာဝန်ကြီးတိုင်းကကိုယ့် အမှား ဆိုဝန်ခံတတ်ကြပါတယ် နောက်ဆုံးတော့ ဘောင်းဘီချွတ်ဝန်ကြီးတွေ အရှက်ကြောက်နည်းလေ ပြည်သူတွေဆင်းရဲလေပါပဲဗျာ

sean said...

ဒီသတင်း ကတော့ လက်တွေ့ ပြည်သူတွေဝမ်းမြောက်တဲ့ သတင်းပါဘဲ..
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်.. ဥပဒေ မြန်မြန်လုပ်ပေးကြပါ ခင်ဗျား

♥အချစ်ပါတီ...♥ said...

အိမ်မက်တွေတော့ မပေးပါနဲဗျာ..........

kaungkinn said...

၂ သိန်းတန်ဖုန်းကို မ၀ယ်ဘဲနဲ့ စောင့်နေတာပါ... ပြည်သူလူထု အားလုံး အသုံးပြုနိုင်အောင် မြန်မြန်လေး လှုပ်ရှားပါဗျို့... အားလုံး စောင့်နေကြပါတယ်...

yoyolay said...

၅၀၀၀ တန်ဆင်းကဒ်ရတော့မှဘဲကျနော်တို့အောက်ခြေကပြည်သူတွေ
သုံးနိုင်တော့မှာပါ စောင့်မျှော်နေပါတယ်ရွှေပြည်တံခွန်က ဦးလွင်နိုင်ဦးရေ့.....

Anonymous said...

လောလောဆယ်မဖြစ်နိုင်သေးဘူး

zawzaw said...

ဟုတ်တယ် မြန်မြန်လုပ်ပါဗျို့ ဒီတသက် ဖုန်းမကိုင်နိုင်တော့လောက်ဘူးလို့ထင်နေတာ ငါးထောင်တန်ပေါ်ရင်တော့ ကိုင်ရသေးတာပေါ့ ငါးထောင်တန်ပေါ်ရင်တော့ မကိုင်ရတာကိုအတိုးချပြီးတော့ ၁၀ လုံးလောက်ဝယ်ပြီး လည်ပင်းကိုချိတ်ထားမယ်

Speedcomputer said...

ဖြစ်သင့်တာကြာပြီး

ပုသိမ်သားလေး lionsun said...

စောင့်နေပါ့မယ်။ မြန်မြန်လုပ်ပါခင်ဗျာ။

နေစိုး said...

ဒီနေ့ညနေ taxi ငှားစီးတော့ လှည်းတန်း နဲ့ဆူးလေ ကို သိန်း တစ်ရာတဲ့ "ဟာ"လို့ကျနော်အသံထွက်သွားတော့ Taxi သမားကပြောတယ် ကား ဝယ်ထားတဲ့ တန်ဖိုးကျေယုံပါတဲ့။ဆက်သွယ်ရေးရဲ နည်း အတိုင်း တစ်ခါတည်းတန်ဖိုးအကျေးပါတဲ့ဗျာ။

နေစိုး said...

ရေသန့်စက်ရုံ များမှ စက်ရုံကုန်ကျစရိတ်ပါပေါင်းထဲ့ပြီး ရေသန့်တစ်ဗူး၁၀၀၀၀ကျပ်နဲရောင်း ရင်မျှတတယ်လို့ ထင်ပါသလား။ITခေတ်မှာ ရေ လို လိုအပ်ပြီး အသုံး ဝင်တဲ့ဖုန်း ကိုပြည်သူကို ပိတ်ဆို့ပြီး(အငတ်ထားပြီး)အားလုံးကုန်ကျစရိတ်ပေါင်းထဲ့ ၂သိန်းနဲရောင်းတာမျှတတယ်လို့မထင်ပါ။နိုင်ငံတကာပိတ်ဆို့မှူ့ကတော့စတင်ရုတ်သိမ်နေပါပြီ။သမ္မတကြီးကလဲပြည်သူတွေပေါ်အဘက်ဘက်ကပိတ်ဆို့မှုတွေကိုရှုတ်သိမ်းသင့်ပါပြီ။

koko said...

အမြန်ဆုံးလုပ်ပါ ဆုတောင်းပေးပါတယ် လူတိုင်းအားလုံးပျော်ဖို့တွက်ဆုတောင်းပေးပါတယ်

koko said...

ကောင်းတာပေါ့

အညတရ said...

တကယ်သာစေတနာရှိလျှင် ၅၀၀၀ တန်းဖုန်းကိစ္စထက် အင်တာနက်ဖုန်းခေါ်ဆိုမှုကို တောင် ဖွင့်မပေးတဲ့ သမ္မတနဲ့ ဆက်သွယ်ရေးဝန်ကြီးကို ပြည်သူတွေအပေါ်စေတနာရှိပါတယ်လို့ပြောရင် ခင်ဗျားတို့ယုံကြမလား..၅၀၀၀ တန်းကို နည်ပညာ ရင်နှီးငွေ ကိစ္စရှိသေးတယ် အခု အင်တာနက်ဖုန်းခေါ်တဲ့ pfingo skype mebtalk စတာတွေ ဘာကြောင့် တရားဝင် သုံးခွင့်မပေးတာလည်း ဆက်သွယ်ရေး ဥပဒေမရှိသေးလို့ပါတော့မလုပ်နဲ့နော် စေတနာသာလျှင်အဓီကပါ ပြည်သူထမင်းစားပြီးပြည်သူအပေါ်မှာ စေတနာထားနိုင်ပါစေ..

အညတရ said...

တကယ်စေတနာရှိရင် ၅၀၀၀ တန်ဖုန်းထက် အင်တာနက် ဖုန်းခေါ်ဆိုမှုကိုတောင်မဖွင့်ပေးတာ ၅၀၀၀ တန်ဘယ်လိုမှမဖြစ်နိုင်ဘူး ဆက်သွယ်ရေး ဥပဒေကလည်း ထွက်လာအုံးမှာမဟုတ်ဘူး စေတနာမပါသောအလုပ်သည် ဘယ်လိုမှ ကောင်းလာလိမ့်မည်မဟုတ်ပါ ဆက်သွယ်ရေး ဥပဒေသည် ၂ သိန်းတန်ဖုန်းများအရင်းကျေမှ ထွက်လာလိမ့်မည် သည်ကြားထဲ တင်လိုက်ပြင်လိုက်နဲ့ဖြစ်နေလိမ့်အုံးမည် စေတနာရှိရင် အခု skype pfingo mebtalk တွေအရင်ဖွင့်ပေးလိုက်ပါလား ဘာလို့ ytalk ကိုဈေးကြိးပေးပြိ ပြောခိုင်းသလဲ စေတနာမရှိတာ သေချာနေပါပြိအစိုးရ

pyaponthu said...

ဖြစ်သင့်တာကြာပြီး သူများနိုင်ငံမှာsimကဒ်ကအလကားနီးနီးရနေတာ။

julyborn said...

ကိုနေစိုး ပြောတာတွေကိုအရမ်းသဘောကျတယ်ဗျ ။ သိပ်ထိတယ် ။ taxi ငှါးရင် ကားဖိုးကျေအောင်အရင်တောင်းပြီး ကျန်တာကိုအမြတ်ယူ ။ အဲဒီနည်းနဲ့ဆန္ဒြုပရင် အကောင်းဆုံးပဲ ။ဒါမှ ကွက်ကွက်ကွင်းကွင်းမြင်မှာ ။

ဖိုးတောက် said...

ဟေးဟေး....
ဒီလူတွေ လာနောက်နေကြပြန်ပြီ..
April fool day က ပြီးခဲ့ပါပြီ..
ဘာမှမဟုတ်တာတွေ မျှော်လင့်ချက်တွေ မပေးကြပါနဲ့တော့ဗျာ..
၂ သိန်းတန် မ၀ယ်နိုင်တဲ့ကျနော်တို့ စိတ်ဓါတ်ကျနေတာ နောက်စရာမဟုတ်ဘူး..

a said...

ပြည်သူတွေအစဉ်ပြေမဲ့ဥပဒေမျိုးကိုပြင်ဖို့ကြာနိုင်သလောက်ကြာအောင်အချိန်ဆွဲအုံးမှာပါ၊ရိုက်စားတဲ့အကြောင်းအရာတွေရှိနေသမျှတိုင်းပြည်ကဆင်းရဲနေအုံးမှာပါ။သူယုတ်တွေရဲ့မပြင်နိုင်သေးတဲ့အကျင့်တွေပေါ့။

Unknown said...

တကယ်လုပ်ပေးရင်ဖြစ်တယ်ဗျ....ဘာမှခက်တာမရှိဘူး...
ဒီက နိုင်ငံတွေဆို ဆင်းကဒ်က အေးရာအေးကြောင်းဝယ်နိုင်တယ်...ဘာတိုင်မှကို မရှိဘူး...ထောင်ထားတာများပြာပါတယ်...သူတို့ပြောတဲ့ တာဝါတိုင်တွေ မရှိသေးဆိုလို့ပါ....

Anonymous said...

သမ္မတကြီးလည်း ငွေမက်တတ်ပါလားဆိုတာကို ၅၀၀၀/ တန် ဆင်းကဒ် စီမံကိန်း ကိုအလျင်စလိုခွင်.မပြုတာကသက်သေထူနေပါတယ် ၊ မိမိသိက္ခာကျမှာကိုလည်းသမ္မတကြီး ခမျာ မှုမနေနိုင်တော. ---- ၊ သန်းချီတဲ.ပြည်သူတွေမျက်နှာလည်း ကြည်.မနေနိုင်တော. ----၊ အရပ်ပြောပြောရရင် .... ပေါ်တင်ကြီး ....၊ သမ္မတကြီး အနေနဲ.အာဏာ အလွဲမလုပ်သင်.ပါ ၊ ၁၅ သိန်း ၊ ၅ သိန်း ၊ ၂ သိန်း ရောင်းတဲ.သူ (ဦးတေဇ အပါအ၀င်) ခွင်.ပြုတယ် ၊ ၅၀၀၀ ကျပ် ရောင်းမယ်.သူကျတော. NO တဲ. ၊ ပြော၇၇င် ဦးသိန်းစိန် ................ ပေါ်တင်ကြီး .. ဗျာ ....

aungaung said...

ငါးထောင်တန်ကိုမျှော်နေတယ်ဗျာနှစ်သိန်းတန်တွေကိုမကိုင်ဘူး

Yeyint said...

ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ အမြန်ဆုံးဖြစ်ပါစေ

Sate Phwar said...

သမ္မတကြီးနှင့် ၀န်ကြီးများခင်ဗျား
သမ္မတကြီးနှင့် ၀န်ကြီးများက ပြည်သူပြည်သားများအပေါ်
ချမှတ်ထားသော အဖက်ဖက်က Sanction များကို
မည်သည့်အချိန်တွင် ရုတ်သိမ်းပေးမည်ကို သိလိုပါသည်။
ပြည်သူများအတွက် ဥပဒေဟူသော စကားလုံးအား အချိန်ပြည့်
ပြောဆိုနေသော်လည်း ယခုချိန်ထိ နိုင်ငံတော်တွင် ဥပဒေစိုးမိုးမှု
မရှိသေးသည်မှာ ဥပဒေသည် အစိုးရအတွက်မဟုတ် ဆိုသော
အချက်ကြောင့်ပါလားခင်ဗျာ

Nay Nwaye said...

ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် ကျွန်တော်တို့ပြည်သူတွေဘက်ကလည်း များများတွန်းအားပေးဖို့လိုပါလိမ့်မယ်။ (၅၀၀၀ တန် Sim card ရဖို့အရေး ဒို့အရေး)

Anonymous said...

သမ္မတကြီးလည်း ငွေမက်တတ်ပါလားဆိုတာကို ၅၀၀၀/ တန် ဆင်းကဒ် စီမံကိန်း ကိုအလျင်စလိုခွင်.မပြုတာကသက်သေထူနေပါတယ် ၊ မိမိသိက္ခာကျမှာကိုလည်းသမ္မတကြီး ခမျာ မှုမနေနိုင်တော. ---- ၊ သန်းချီတဲ.ပြည်သူတွေမျက်နှာလည်း ကြည်.မနေနိုင်တော. ----၊ အရပ်ပြောပြောရရင် .... ပေါ်တင်ကြီး ....၊ သမ္မတကြီး အနေနဲ.အာဏာ အလွဲမလုပ်သင်.ပါ ၊ ၁၅ သိန်း ၊ ၅ သိန်း ၊ ၂ သိန်း ရောင်းတဲ.သူ (ဦးတေဇ အပါအ၀င်) ခွင်.ပြုတယ် ၊ ၅၀၀၀ ကျပ် ရောင်းမယ်.သူကျတော. NO တဲ. ၊ ပြော၇၇င် ဦးသိန်းစိန် ................ ပေါ်တင်ကြီး .. ဗျာ ....

kaungkin said...

ကျေးဇူးပြုပြီးမပြောကျပါနဲ့မခံနိုင်လွန်းလို့ပါ အလိန်ခံရပေါင်းလဲများလှပါပြီ
ဆံတွေဖြူသွားတွေကျိုးကုန်ပါပြီ ကျပ်၅၀၀၀တန်စီမံကိန်းကဘယ်တော့မှအကောင်အထည်ဖော်မှာလဲ

Anonymous said...

သမ္မတကြီးက မျိုးမျိုးမြက်မြက်ကလေး ရမှာတွေ.ရင် ပြည်သူတွေ ကဲ.ရဲ.မှာကိုလည်း ဂရုမစိုက်တော.တာ ......၅၀၀၀/ တန် ဆင်းကဒ် က သက်သေပြ သွားတယ်၊ ငွေကို ကိုးကွယ်သူဟာနိုင်ငံ. ခေါင်းဆောင်နဲ.မထိုက်တန်ဘူးလို.ဘဲမြင်ပါတယ်၊ ဖြစ်သင့်တာက သမ္မတကြီးသာရိုးသားရင် ”ဟေ့----မောင်လွင်နိုင်ဦး ....မင်း ဆင်းမ်ကတ်တစ်ခု ..ငါးထောင်နဲ့ တစ်ကယ်ရောင်းနိုင်မှာလား.....ဘယ်နှစ်လအတွင်း စီမံကိန်းပြီးအောင် လုပ်မှာလဲ ၊ ငါ့ဘက်က တာဝါတိုင်တွေ လိုအပ်သလို ငှား သုံးကွာ ၊ မအောင်မြင်ဘဲပြဿနာဖြစ်လို့ကတော့ မင်းလည်းမလွယ်ဘူး ၊ ပြင်းပြင်းထန်ထန်အရေးယူခံရမယ် ၊ အမြန်ဆုံးအကောင်အထည်ဖော်ပါ ” စသည်ဖြင့် ပြောဆိုရမှာပါ ။ ရွှေပြည်တံခွန်မှ မဟုတ် ဆင်းမ်ကတ်တန်ဖိုးလည်းသက်သာ ၊ ဖုန်းပြောခလည်း ဈေးချို ၊ ခိုင်မာမှုလည်း ရှိသော အခြားမည့်သည့်ကုမ္ပဏီကိုမဆို လမ်းဖွင့်ပေးရမှာပါ။....... အာဏာကိုအလွဲ သုံးပြီး ငွေရှာတဲ.အလုပ်ကို ဘယ်မှာမှ ဒီလောက်အားလုံးထောက်ပြတဲ.ထဲက ....ပြောင်မလုပ်ကြပါ။

naung Ye Sat said...

ပြည်သူအားလုံးသုံးနိုင်ဖို့ ... အတွက် အမြန်ဆုံး ကြိုးစားပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ... ဆုတောင်းပါတယ် ...:):):)

Anonymous said...

မြန်မြန်အကောင်အထည်ဖော်နိုင်ပါစေလို့ဆုတောင်းနေပါတယ်။

Anonymous said...

မြန်မြန်အကောင်အထည်ဖော်နိုင်ပါစေလို့ဆုတောင်းနေပါတယ်။

Powered by Blogger.