ရွေးကောက်ပွဲပြီးတော့ ချေးငွေပြန်တောင်း

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၅ ရပ်ကွက်မှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ထုတ်ချေးပေးထားတဲ့ ချေးငွေတွေကို ကြားဖြတ် ရွေးကောက်ပွဲပြီးသွား တဲ့နောက်ပိုင်းမှာ ပြန်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ထောင်စု ၂၆၀ ကို တအိမ်ထောင် ကျပ် သုံးသောင်းနှူန်း ထုတ်ချေး ထားပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရသွားပြီးတဲ့နောက် အရစ်ကျ ချေးငွေလည်း ထပ်မပေးတော့ဘဲ ပထမချေးထားတဲ့ငွေကိုလည်း ဒီ လ ၂၂ ရက်နေရက စပြီး ပြန်တောင်းနေတာလို့ တောင်ဒဂုံမြို့နယ်က ဦးမျိုးမင်းထွန်း က ပြောပါတယ်။

ငွေတသောင်းကို ငွေ နှစ်ရာတိုးနဲ့ ထုတ်ချေးတာဖြစ်ပြီး ရရှိတဲ့ အတိုးတွေ ကို နောက် အရစ်တွေမှာ ချေးငွေထပ်ထုတ်ပေး မယ်လို့ ပြော ထားပေမဲ့ NLD နဲ့ ပတ်သက်တဲ့လူတွေကို ချေးငွေ ထပ်မပေးတော့ဘဲ သူတို့နဲ့ နီးစပ်သူတွေကိုပဲ ထပ်ချေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA Burmese
ရွေးကောက်ပွဲပြီးတော့ ချေးငွေပြန်တောင်း ရွေးကောက်ပွဲပြီးတော့ ချေးငွေပြန်တောင်း Reviewed by သစ်ထူးလွင် on 03:22 Rating: 5

3 comments:

Ar Ga said...

ဒါလား တိုင်းပြည် ကောင်းစားေ၇း လုပ်မယ့်ပါတီ ။ ပါတီကောင်းစားေ၇း၊ အစုအဖွဲ့ တစ်စု ကောင်းစားေ၇း အတွက် လုပ်နေတာ ။ တိုင်းပြည်အတွက် ၇င်လေးတယ်။ 2015 အတွက် ကြံ့ဖွတ်ကို ဘယ်လို ယုံ၇မလဲ မသိတော့ဘူး ။ ချေးငွေနဲ့ မဲဝယ်တာ ဥပဒေအ၇ပါ ညိစွန်းနေတယ်ထင်တယ်။

purewhite said...

အဲဒါမျိုးတွေပြောတာ။ ခွဲခြားမှုမရှိသော မှန်ကန်သော စိတ်နဲ့ လုပ်ကြပါလား။ အမေစု ကော့မှူးမှာ သက်ကြီးပူဇော်ပွဲလုပ်တာ NLD ကို မဲပးသူ ဟုတ်ဟုတ် မဟုတ်ဟုတ်ဆိုပြီး လုပ်ခဲ့တာလေမသိကြဘူးလား။ ပါတီတွေဘယ်လိုကွဲကွဲ ကောင်းတာလေးတွေတော့ နမူနာယူကြပါလားဟယ်။ တရားလေးဘာလေးတွေလည်း နာကြပါအုန်း၊ ဆိုဆုံးမစကားလေးတွေလည်းနားထောင်ကြပါအုန်း။

နေကြာရိုး said...

ရူးလို့ မဲထည့်ကြတာ မှတ်ပလားဝေ့ အခုတော့။ ပျော်တာ။

Powered by Blogger.