ယမန်နှစ် နှောင်းပိုင်းက ဖယ်ရှားပစ်လိုက်တဲ့  ဗန္ဓုလ ပန်းခြံရှိ ဆိုင်တန်းများ (ဓါတ်ပုံ-Google Images) |
ရန်ကုန်မြို့ ဧရိယာတွင်း မြို့နယ် များရှိ ပန်းခြံနှင့် အားကစား ကွင်းများတွင် တည်ဆောက်ထားသော လူနေဆိုင်ခန်း များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖယ်ရှားရန် အသိပေးစာ ထုတ်ပြန် ထားကြောင်း စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနမှ တာဝန်ရှိ သူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ရန်ကုန်မြို့ ဧရိယာ အတွင်း၌ ပန်းခြံနှင့် အားကစားကွင်းပေါင်း ၈၅ ကွင်းရှိ ယင်းအားကစားကွင်း နှင့် ပန်းခြံများတွင် ယခင် ကတည်းက တည်ဆောက် ထားခဲ့သော ဆိုင်ခန်းများ အားလုံးကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ ဖယ်ရှားရန် စာထုတ် ပြန်ထားကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ ဧရိယာ အတွင်းရှိ ဆိုင်ခန်းများ အားလုံးမှာ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ငှားရမ်း စာချုပ် သက်တမ်းများ ကုန်ဆုံးပြီ ဖြစ်သောကြောင့် ဧပြီလ ၁ ရက်နေ့ နောက်ဆုံး ထား၍ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနသို့ စာချုပ်ပါ စည်းကမ်း အတိုင်း လွှဲပြောင်း ပေးအပ်ရမည် ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖေါ်ပြ ပါရှိသော်လည်း ဆိုင်ခန်းရှင် အများစုပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့တော်ဝန်တို့ ထံသို့ ဆိုင်ခန်းများ ဆက်လက် ငှားရမ်း လုပ်ပိုင်ခွင့် ပြုရန် စာတင်ထားပြီး ဆက်လက် ဖွင့်လှစ် နေကြောင်း ဆိုင်ခန်းရှင် အချို့က ပြောကြားသည်။
“ကျွန်တော်တို့ ဒီဆိုင်တွေ ဖွင့်လာတာ ၂၅နှစ် နီးပါး ရှိပါပြီ။ ဆိုင်ခန်းခ ၅၀၀ ကတည်းက ဖွင့်လာတာ အခုဆို ဆိုင်ခန်းခ သုံးသောင်းတောင် ဖြစ်နေပြီ” ဟု တာမွေမြို့နယ် ရာမ အားကစားကွင်းရှိ ယမကာ ဆိုင်ရှင် တစ်ဦးက ဆိုသည်။
ရန်ကုန် မြို့လယ် ဧရိယာရှိ ဗန္ဓုလ ပန်းခြံရှိ ဘီယာဆိုင်များ၊ စာအုပ်ဆိုင်များကို ယမန်နှစ် နှောင်းပိုင်းမှ စတင်၍ မြို့တော်စည်ပင်မှ ဖယ်ရှားခဲ့သည်။
The Voice Weekly
ရန်ကုန် ဧရိယာ ပန်းခြံ၊ အားကစား ကွင်းများရှိ ဆိုင်ခန်းများ ဖယ်ရှား ရမည်
Reviewed by သစ်ထူးလွင်
on
05:16
Rating:
6 comments:
ဥပဒေ၊စည်ကမ်းတွေထုတ်ပြန်ထားတာပဲ၊သူတို့အကျိုးစီးပွားအတွက်တစ်ဦးချင်း စီရဲ့ကန့်ကွက်ချက်တွေကိုလိုက်လုပ်နေလို့ကတော့ဘာလို့ဥပဒေ၊စည်းကမ်းတွေ ထုတ်ပြန်နေမလဲ။ မြီု့တော်အင်္ဂါရပ်နဲ့ညီအောင် လုပ်ဆေင်စရာရှီတာကိုတော့ လုပ်ရမှာပါပဲ။
တောင်ဥက္ကလာ CNG ဆိုင်နားက သံသုမာအားကစားကွင်းကျတော့ အဆောက်အဦးတွေ ဆောက်နေတယ်ဆိုတော့ ဘယ်လို ကြီလဲ
မြန်မာပြည်ကြီးတရုတ်ဝါးမြိုနေတာကိုလည်းဖယ်ရှားနိုင်ပါစေ
ရန်ကုန်မြို့မှာ ပန်းခြံများ ကြီး/သေး အများကြီးရှိပါတယ်။
အကုန်လုံးကိုတော့ လူအများမခံစားရပါဘူး။
လမ်းဒေါင့်တွေမှာရှိတဲ့ ပန်းခြံငယ်လေးတွေ ... တော်တော်များများ ပိတ်ထားတယ်၊ မ၀င်ရဘူး ၊ အလှလဲ မပြင်ထားဘူး။
နမူနာအနေနဲ့ လှည်းတန်းထိပ်၊ ပြည်လမ်းနဲ့ အင်းစိန်လမ်းကြား ကပန်းခြံငယ်လေး ဆို သစ်ပင်တွေ စိမ်းစိုနေမယ် သပ်ယပ်နေမယ်ဆို ဘယ်လောက်လှလိမ့်မလဲ၊ ဖြတ်သွားခွင့် ၀င်ခွင့်သာပေးရင် အလွန်ကောင်းမှာဘဲ ။
မနက်ပိုင်း ကျန်းမာရေး လမ်းလျှောက်တဲ့သူတွေ နေရာအတော်များများမှာ လမ်းပေါ်လျှောက်နေကြတယ်၊ ဥပမာ ပြည်လမ်းတစ်လျှောက် ဆိုပါတော့ ... လမ်းမပေါ်မှာ ကားအသွားအလာများတော့ လမ်းကြားတွေထဲ ၀င်လျှောက်ကြရတယ်။ ကျောင်းဝင်းထိပ်က ပန်းခြံ၊ မြိုင်ဟေ၀န်ပန်းခြံတွေ ကောင်းမွန်လှပနေရင် အလွန်ကောင်းမှာဘဲ။
လောလောဆယ် ရန်ကုန် .. ပဲခူး ကားလမ်းအလယ်က သက်တမ်း ၆နှစ်အထက်လောက်ရှိနေတဲ့ ရေတမာပင်တွေ ရေငတ်လို့သေတော့မှာ တွေ့ခဲ့ရပါတယ်။ တစ်လမ်းလုံးနီးပါးဘဲ ။ မြန်မြန်လေး ရေပေးဖို့လိုနေပါကြောင်း ။
ရန်ကုန်မြို့တော်ကြီး သာယာလှပအောင် လုပ်ဖို့ရည်ရွယ်ချက်နဲ့ ဖယ်ခိုင်းတာဆိုရင်တော့ ကောင်းပါတယ်။
အသေးစားတွေပြည်သူတွေကို ချကြွေးဘန်းပြတယ်..အကြီးစားတွေကို ပြည်သူတွေကမေ့တယ်....တို.မြန်မာပြည်သူတွေကတော့ လက်လန်တယ်..ကောက်ရိုးမီးစိတ်ဓါတ်နဲ.ဒီမိုဒီမိုအော်နေကြတယ်..အစိုးရက နည်းနည်းလေးချပြလိုက်..ငြိမ်လိုက်..ပြီးတော့လည်း ခွေးမြီးကောက်..ကျည်တောက်ကောက်...
Post a Comment